Tuesday 24 June 2014

SAMSUNG ANDROID ဖုန်းတွေမှာအီးမေး PATTEN /LOCK ကျတာကိုပြင်မယ်

SAMSUNG ANDROID ဖုန်းတွေမှာအီးမေး PATTEN /LOCK ကျတာကိုပြင်မယ် 


မင်္ဂလာပါဒီနေ့ ကျွန်တော့် သူငယ်ချင်းများကို samsung galaxy ဖုန်းကို e-mail patten/password ကျရင်ဘယ်လိုလုပ်ရမယ်ဆိုတာလေးကိုပြောပြမှာဖြစ်ပါတယ်ခင်ဗျား။မသိသေးတဲ့ ကျွန်တော့် သူငယ်ချင်းတွေအတွက်ပါ။ပထမဆုံးအနေနဲ့  ဖုန်းကိုပါဝါပိတ်လိုက်ပါခင်ဗျာ။ ပြီးရင်ဖုန်းရဲ့  ဘက်ထရီကိုဖြုတ်လိုက်ပါ။ နေက်ပြီးဘက်ထရီကိုပြန်ထည့် ပြီး ဖုန်းကို ပါဝါခလုတ်ရယ် +အသံတိုးတဲ့ ခလုပ်-ရယ် + home ခလုပ်ရယ်သုံးခုကိုပြိုင်တူတွဲနိပ်ပြီးဖွင့် လိုက်ပါ။ samsung galaxy logo ပေါ်လိုက်ရင်လွတ်လိုက်ပါ။ပြီးရင်အောက်ကပုံကအတိုင်း ၃ ခုမြောက်စာကြောင်းဖြစ်တဲ့ wipe data factory reset ကိုအသံတိုးတဲ့ ခလုပ်နဲ့ အောက်ရောက်အောင်ဆွဲချပါ။ပြီးရင် home button ကိုနိုပ်လိုက်ပါ 
 
ဒီအဆင့် မှာတော့  yes delete all user ဆိုတဲ့ စာကြောင်းရောက်အောင် အသံတိုးတဲ့ ခလုပ်နဲ့ ဆွဲချလိုက်ပါ။ပြီးရင် home button ကိုနိပ်လိုက်ပါ။ 
 
ဒီအဆင့် မှာတော့ အပေါ်ဆုံးကစာကြောင်းဖြစ်တဲ့  reboot system now ဆိုတဲ့ စာ ကို home button နဲ့ ရွေးလိုက်ပါပြီးရင်ခဏစောင့် လိုက်ပါ။ 
 
 အိုကေပြီးရင်စက်ရုပ်ပုံလေးဒီလိုပေါ်လာပါလိမ့် မယ် အဲဒီစက်ရုပ်ကလေးကိုလက်နဲ့ ထောက်လိုက်ပါ ပြီးရင်အောက်ကပုံမှာစာတွေအများကြီးအောက်မှာ လေးထောင့် အကွက်လေးပေါ်လာပါလိမ့် မယ် အဲဒီအလယ်ကလေးထောင့် အကွက်လေးကိုနိပ်လိုက်ပါ။
 
 ပြီးရင်အောက်ကပုံအတိုင်း အမှန်လေးခြစ်ပြီးတစ်ခုတည်းသောလေးထောက်အကွက်လေးကိုဆက်တိုက်နိပ်သွားပါဒါဆိုအိုကေသွားပါ 
 
 
ကဲအားလုံးအဆင်ပြေသွားပါပြီ

မူလစာရေးသူ -->>Android လုလင်(http://androidlulin.blogspot.com/)

                             လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

No comments:

Post a Comment