Wednesday 1 October 2014

လုံခြုံစိတ်ချစွာ Facebook အသုံးပြုခြင်း (မြန်မာလို)

လုံခြုံစိတ်ချစွာ Facebook အသုံးပြုခြင်း (မြန်မာလို)

လုံခြုံစိတ်ချစွာ Facebook အသုံးပြုခြင်း (မြန်မာလို):
ဒီစာအုပ်ကတော့ Facebook အကြောင်းချည်းပဲ သီးသန့် ရေးထား တာ ဖြစ်ပါတယ်။ အားလုံးပဲ စိတ်ဝင်စားကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီစာအုပ်ကို တောင်းထားတဲ့သူတွေလည်း အရမ်းများပါတယ်။ ကိုကီးကီး တင်ထားပေးတဲ့ စာအုပ်ကို share ပေးလိုက်ပါတယ်။ လိုချင်တဲ့ သူများ အောက်က အဆင်ပြေတဲ့ link ကနေသာ Download လုပ်ကြပါ။
 
 
                            လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

ကျော်ခွ သွားရန် Alwaysvpn

ကျော်ခွ သွားရန် Alwaysvpn

အတားအဆီးတွေ ကျော်ဖြတ်ပေးတဲ့ ဆော့ဖ်ဝဲလ် အတော်များများရှိပါတယ်။ Alwaysvpn ကတော့ windows,mac,linux စတဲ့ ပလက်ဖေါင်း အားလုံးမှာ သုံးနိုင်ပါတယ်။ Beta version မှာတောင် အတော်လေး အဆင်ပြေပြေ သုံးနိုင်ပါတယ်။
မိမိ ကွန်ပြူတာမှာ VPN( virtual private network ) တည်ဆောက်ပြီး သူ့ရဲ့ ဆာဗာပေါ်ကနေ ဖြတ်သန်းစေပါတယ်။ သုံးထားတာက Opendns server ပါ။

Alwaysvpn သုံးရင် U.S only တွေဖြစ်တဲ့ ABC,Pandora,Veoh,Hulu,CWTV စတဲ့ အင်တာနက် တီဗီ တွေ ကြည့်နိုင်တဲ့ US ip ကို ရရှိသွားပါတယ်။ ကွန်နက်ရှင် သိပ်ကျဆင်းရင် ပြုတ်ထွက် သွားတတ်ပေမယ့် auto reconnect လုပ်ပေးပါတယ်။

ဒီလင့်မှာ Alwaysvpn ရယူနိုင်ပါတယ်။ Torrent download လုပ်နိုင်အောင် Openvpn ရယူပြီး ဖြစ်နေရင် install လုပ်ရာမှာ openvpn ကိုဖြုတ်ထားခဲ့နိုင်ပါတယ်။ အသုံးပြုပုံက Openvpn GUI ကိုဖွင့်ပြီး system tray icon မှာ ညာကလစ်နဲ့ alwaysvpn-tcp-compatible ကို connect ရွေးပေးထားရုံပါ။ ချိတ်ဆက်သွားရင် အိုင်ကွန်ဟာ အစိမ်းရောင် ဖြစ်သွားပါမယ်။ Alwaysvpn-udp-faster က error correction လုပ်ပေးပါတယ်။

Proxy address နဲ့သုံးနေလည်း browser မှာ ဖြည့်ပေးဖို့ မလိုဘဲ blank ထားပြီး သုံးရပါတယ်။ Adult site တွေကို ဒီနည်းနဲ့ ကျော်ရင်တော့ ခွင့်ပြုမှာ မဟုတ်ဘူး :P Opendns က တားပါလိမ့်မယ်။
Links to this post

                             လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

Gtalk Off Line Login

Gtalk Off Line Login




ကိုကျော်သူလင်းကလဲရှာဖွေတင်ပြပါတယ် အများကြီးပဲ .... ကျွန်တော့်ဟော်တယ် က ချက်ပုန်း လေးတွေ အတွက် တော့ special ပေါ့ ... ဒီတစ်ခါ ကျွန်တော် ကူး ပြချင်တဲ့ အကြောင်းလေးကတော့ Gtalk က ကိုယ့်ရဲ့ သူငယ်ချင်း တွေကို ကိုယ်ကတော့ မြင်ရမယ် သူတို့ ။ offline ဖြစ်နေမယ်… အဲဒါကို တစ်ချို့ကတော့ Mail ထဲကနေ invisible လုပ်ထားကြတယ်။ အခု ကျွန်တော် ဖော်ပြချင် တာကတော့ Mail ထဲကမဟူတ်ဘူး။ Gtalk Gadget လို့ ခေါ်တယ်… ဒီနေရာလေးကိုသွားလိုက်ပါ။

 http://talkgadget.google.com/talkgadget/popout

အဲဒီမှာ အရင်ဆုံး Signin ကို နှိပ်လိုက်ပါ။ ပြီးရင် ပုံမှန်အတိုင်း Gtalk က Username နဲ့ Password ကိုရိုက်လိုက်ပါ။ ဒါဆိုရင် စလို့ ရပါပြီ… သူငယ်ချင်းတို့ရဲ့ မိတ်ဆွေတွေကို Gtalk မှာလိုပဲ တွေ့ရမယ်။ ဒါပေမယ့် ပုံမှန် Gtalk နဲ့ တော့ အကုန်မတူဘူးနော်။ သူက တစ်မျိုးလေး… အဲဒီအထဲကို ရောက်ရောက် ချင်း Gtalk အတိုင်းပဲ Online မှာရှိနေတဲ့ ကိုယ့်သူငယ်ချင်းတွေကို အပေါ်ဆုံးမှာ တွေ့ရမယ်။ အခု အတိုင်း ဆို သူတို့ကလည်း ကိုယ့်ကို Gtalk မှာ Online အနေနဲ့ ပုံမှန်အတိုင်း မြင်ရမယ်…. ပြောချင်တဲ့ သူကို ကလစ်နှိပ်ပြီး ပြောကြည့်ပါ။ပုံမှန် Gtalk အတိုင်းပဲ…. သူကတော့ သူငယ်ချင်းတစ်ယောက်ကို စကားပြောဖို့ ကလစ်နှိပ်လိုက်ရင်
 ပုံမှန် Gtalk ကလို Window တစ်ခု အနေနဲ့တော့ ထွက်မလာဘူး။ Tab တစ်ခုအနေနဲ့ Contacts ရဲ့ဘေးမှာ ကိုယ်ပြောမယ့် သူငယ်ချင်းရဲ့ နာမည်နဲ့ ထွက်လာမယ်…ကဲ အခုစပြောတော့မှာက သူငယ် ချင်း တို့ သိချင်နေတဲ့ ကိုယ့်ကို သူများမမြင်အောင်
offline လုပ်ကြမယ်ဆိုတဲ့ အကြောင်းလေ… အရင်ဆုံး Gtalk မှာ Singout လုပ်ဖို့သွားတဲ့ မြှားလေးကို မှတ်မိတယ်နော်။ အဲဒါက Contacts ရဲ့ အောက်မှာရှိတယ်… အဲဒီံ မြှားကလေး ကို ကလစ်နှိပ်လိုက်ပါ။ ပြီးရင် အောက်ဆုံးနားက invisible ကိုရွေးပေးပါ… ဒါဆိုရင် ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို မမြင် ရတော့ဘူး။ ကိုယ်က သူတို့ဆီမှာ offline ဖြစ်သွားပြီ… ကိုယ်ကသာ သူတို့ကို မြင်နေရမယ်… ကိုယ်က offline ပုံစံဖြစ်နေပေမယ့် သူတို့ကို စကားသွားပြောလို့ ရတယ်နော်… သူတို့ဆီမှာတော့ ကိုယ်က offline ကြီးနဲ့ စကားတွေပြောနေတာပေါ့…
ကဲ စမ်းသပ် ကြည့်လိုက်ကြပါ…
 ခိုးကြောင်ခိုး ၀ှက် ချက်ရဘူးနော်... 


                   လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

Administratoer password မေ့သွားခဲ့ရင်...

Administratoer password မေ့သွားခဲ့ရင်...

Windows XP တင်လိုက်တာနဲ့ Built-In Account ၂ ခု ပါလာတာ တော်တော်များများလည်း သိကြ မှာပါ။
၁။ Administrator နဲ့
၂။
Guest ဆိုပြီး ပါလာပါတယ်။
Administrator က Windows တစ်ခုလုံးကို ကြိုက်သလို လုပ်ပိုင်ခွင့်ရှိပါတယ်။ Full Access Permission ပေါ့။ ကြိုက်တဲ့ Software တင် လို့ရတယ်။ ဖြုတ်လို့ရတယ်။ Group Policy တွေ Registry တွေ ပြင်လို့ရတယ်။ Account တွေ ထပ်ဖွင့်လို့ရတယ်။ ဖျက်ချင်တဲ့ Account တွေ ဖျက်လို့ ရတယ်။ Account တွေရဲ့Password တွေ ကို Change လို့ရတယ်။ Guess ကတော့ Windows ကိုဝင်သုံးရုံသက်သက်ပါ။ ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး။ Administrator က ထပ်ဖွင့်တဲ့ Account တွေမှာ လည်း Account Type 2 မျိုး ရှိပါတယ်။
၁။ Administrator Type နဲ့
၂။
Limited Type ပါ။


Account ထပ် ဖွင့်တဲ့အခါ Account name ပေးပြီးရင် Account Type ကို ရွေးပေးရပါမယ်။ Administrator type နဲ့ ဖွင့်လိုက်ရင် Built-In Administrator အတိုင်း လုပ်ပိုင်ခွင့်ရှိပါတယ်။ Limited type နဲ့ ဖွင့်လိုက်ရင် တော့ ဘာမှ လုပ်ပိုင်ခွင့် မရှိပါဘူး။ ဖွင့်လိုက်တဲ့ account ရဲ့ Password ကို ဘဲ change ခွင့်ရှိပါတယ်။ အဲဒီတော့ Administrator ဆိုတာ အရေးကြီးပါတယ်။ Administrator Account ကို Password မပေးထားဘူးဆိုရင် ကိုယ့် Computer ရဲ့ Windows ထဲ ကို တခြားသူက အလွယ်တကူ ၀င်ရောက်ပြီး ကြိုက်သလို မွှေသွားလို့ရပါတယ်။ Registry တွေ ကလိ သွားမယ်။ ပြီးရင် password လည်း change သွားမယ် ဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ ၀င်လို့ရတော့ မှာ မဟုတ်ပါ။ အဲဒီတော့ Administrator Account ကို Password ပေးထားရပါတယ်။ ကိုယ်ပေးထားတဲ့ Password ကို ကိုယ် ကိုယ်တိုင် မေ့သွားခဲ့ရင် ရော၊ Windows ထဲကို ၀င်လို့ရတော့မှာ မဟုတ်သလို၊ Limited Account နဲ့ ၀င်လို့ရခဲ့ရင်လည်း ကိုယ်သုံးချင်တဲ့ Program တွေ Install လုပ်ခွင့်ရမှာမဟုတ် ပါဘူး။ အဲဒီလို Case တွေကို ဖြေရှင်းဖို့အတွက် နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ Password Recovery CD တွေရှိတော့ရှိပါတယ်၊ ဒါပေမယ့် ၀ယ်ရတာ၊ သုံးရတာ အခက်အခဲရှိပါ လိမ့်မယ်။ အလွယ်ကူဆုံး နည်းလမ်းကတော့ Windows XP CD နဲ့ Password ပြန် change တဲ့နည်းပါ။ ဒီနည်းကို သိတဲ့သူတွေ သိပ်မရှိပါဘူး။
အရင်ဆုံး XP CD နဲ့ Boot တက်လိုက်ပါ။ Boot တက် ပြီးလို့ Windows Install လုပ်မှာလား၊ Repair လုပ်မှာလားမေးတဲ့ အဆင့်ရောက်ရင် Enter ခေါက်ပြီး ဆက်သွားလိုက်ပါ။ License Agreement ကို F8 နှိပ်ပြီး Agree လုပ်လိုက်ပါ။ နောက်တစ်ခေါက် Windows တင်ပြီးသားရှိတယ်၊ အသစ်တင်မှာလား Repair လုပ်မှာလား ထပ်မေးရင် R ကို နှိပ်လိုက်ပါ။ လိုအပ်တဲ့ File တွေ Copy ကူးပြီး Restart ကျသွား ပါမယ်။ ပြန်တက်လာရင် ဆက် Install လုပ်နေပါလိမ့်မယ်။ ဘယ်ဘက်အောက်ခြေ က Loading ဘား တန်းအောက်မှာ Hardware Installation ဆိုတဲ့စာကိုတွေ့ရင် Shift + F10 ကိုနှိပ်လိုက်ပါ။ command prompt ပေါ်လာပါလိမ့်မယ်။ nusrmgr.cpl ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။ User Account Box ပေါ်လာရင် Administrator ကိုနှိပ်လိုက်ပါ။ ပြီးရင် Change Password ကို ထပ်နှိပ်လိုက်ပါ။ ပြီးရင်တော့ ကိုယ်ပေးချင်တဲ့ Password ကို ပြန်ပေးလိုက်ပါ။ အားလုံးပြီးရင် Exit နဲ့ထွက်လိုက်ပါ။ Windows Repair ကိုပြီးတဲ့အထိ ဆက်သွားလိုက်ရင် ရပါပြီ။ Windows, Program နဲ့ Data တွေ ပုံမပျက် ရှိနေပါလိမ့်မယ်။ အဲ တစ်ခုတော့ရှိတယ်ဗျ။ ကိုယ်တင်ထားတဲ့ Windows ရဲ့ Service Pack နဲ့ ကိုယ် တင်မယ့် ကတော့ XP CD ရဲ့ Service PackSame ဖြစ်မှရမှာနော်။

ကိုကျော်သူလင်း ဆီမှ တဆင်ကူးယူ ပြီး ပြန်လည် ဖော်ပြပေးခြင်း ဖြစ်ပါသည် ။

                    လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

ကျော်ရန်ခွရန် အတွက် proxy-web ဆိုဒ်များ

This summary is not available. Please click here to view the post.