Monday 23 June 2014

HTML ရေးသားသော Tool များ

HTML ရေးသားသော Tool များ



Note pad သို့မဟုတ် Text Editor ကိုသုံးပြီး ရေးသားခြင်း
HTML ကို professional HTML editor တွေသုံးပြီး ဖန်တီးနိုင်ပါတယ်။
  • Adobe Dreamweaver
  • မိုက်ခရိုဆော့ဖ် Expression Web
  • CoffeeCup HTML Editor
Windows ကွန်ပြူတာတွေမှာပါတဲ့ Word, Excel တွေသုံးပြီးလည်း ရေးလို့ရပါတယ်။
ဒါပေမယ့် HTML အခြေခံကိုကိုလေ့လာဖို့အတွက် PC မှာပါတဲ့ Note Pad ဒါမှမဟုတ် Mac မှာပါတဲ့ Text Editor ကိုသုံးပြီးလေ့လာ ရေးသားကြဖို့တိုက်တွန်းချင်ပါတယ်။ ရိုးစင်းတဲ့ editor — Note Pad ကိုသုံးပြီးလေ့လာခြင်းက နည်းလမ်းကောင်းတစ်ခုလို့ယုံကြည်ပါတယ်။
ကိုယ်တိုင် ဝဘ်စာမျက်နှာ တစ်ခုကို Note Pad အသုံးပြုပြီး စတင်ဖန်တီးဖို့အတွက် အောက်ကအချက် (၄) ချက်ကို အခုပဲစတင်လိုက်ပါ။

အဆင့် ၁ — Note pad နဲ့စမယ်။

Note pad ကိုဖွင့်ဖို့အတွက် —
Start Menu ကိုနှိပ်ပါ။
    All Programme ကိုနှိပ်ပါ။
        Accessorie ကိုသွားပါ။
           Note Pad ဆိုတာကိုတွေ့ပါလိမ့်မယ်။ နှိပ်ပြီး ဖွင့်လိုက်ပါ။
search box ကနေလည်း notepad ဆိုပြီးခေါ်နိုင်ပါတယ်

အဆင့် ၂ — Note pad အသုံးပြုပြီး HTML ရေးသားခြင်း

Note Pad 

 အောက်က HTML code တွေကို Note pad ထဲမှာရိုက်ထည့်ပါ။ မှန်အောင်ကြိုးစားပြီးရိုက်ပါ။ မှားခါမှ ချွေးပြန်အောင် အမှားရှာရတာထက်စာရင် တစ်ခါတည်း သေချာရိုက်တာက ပိုကောင်းပါတယ်။
ဒီလိုမျိုးရိုက်ရမှာဖြစ်ပါတယ်။
Note Pad

အဆင့် ၃ — သင်ရေးထားတဲ့ HTML ကိုသိမ်းပါ။

Note pad ရဲ့ ဖိုင် menu က Save as...ကိုရွေးပါ။
HTML ဖိုင် တစ်ခုကို သိမ်းတဲ့နေရာမှာ .htm ဒါမှ မဟုတ်   .html ဖိုင် extension တွေသုံးပြီး သိမ်းနိုင်ပါတယ်။ အဲဒီ့နှစ်ခုက ဘာမှမကွာပါဘူး။ သင့်အကြိုက်အပေါ်မှာပဲမှုတည်ပါတယ်။
သင်မှတ်မိလွယ်တဲ့ နာမည်တစ်ခုပေးပါ။ ဖိုင် Name နောက်မှာတော့ .html ဒါမှ မဟုတ် .hml ပါရပါမယ်။

အဆင့် ၄ — သုံးနေကျ Browser (ဘရောက်ဆာ) မှာ ဖွင့်ကြည့်ပါ။

သင်သုံးနေကျ Web browser (ဘရောက်ဆာ) တစ်ခုကိုဖွင့်လိုက်ပါ။ ပြီးရင် သူ့မှာပါတဲ့ ဖိုင် Menu ကတဆင့် Open menu ကိုဖွင့်ပြီး သင်ရေးထားတဲ့ HTML ဖိုင် ကို Double Click နှိပ်ပြီးဖွင့်ပါ။
အောက်မှာပြထားတဲ့အတိုင်းပေါ်ပါလိမ့်မယ်။
Result
ဒီစမ်းသပ်လေ့ကျင့်မှုက HTML မှာ လေ့ကျင့်သင့်တဲ့ သင်ခန်းစာပေါင်းများစွာရဲ့ အစဖြစ်ပါတယ်။ အပေါ်မှာ ရှင်းပြထားတဲ့အတိုင်း လိုက်လုပ်ရင် အဆင်ပြေမယ်ထင်ပါတယ်။



  http://www.soemoeaung.com
လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

No comments:

Post a Comment