Friday 4 September 2015
ပျောက်ဆုံးသွားသည့် Android ဖုန်းကို ခြေရာခံခြင်း
  ပျောက်ဆုံးသွားသည့် Android ဖုန်းကို ခြေရာခံခြင်း
ပျောက်ဆုံးသွားသည့် Android ဖုန်းကို ခြေရာခံခြင်း
Android ဖုန်းများ ပျောက်ဆုံးသွားတဲ့အခါမှာ မိမိရဲ့ ဖုန်းက ဘယ်နေရာမှာ ရောက်ရှိနေတယ်ဆိုတာကို ခြေရာခံ ရှာဖွေနိုင်ပါတယ်။ Android ဖုန်း ပျောက်ဆုံးသွားရင် ခြေရာခံနိုင်ရန်အတွက် ကိုယ်အသုံးပြုတဲ့ဖုန်းမှာ Google Account ထည့်သွင်းထားဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။
Google Account ကိုထည့်သွင်းပြီးပြီဆိုရင် Google Settings App မှာ အနည်းငယ် ပြင်ဆင်စရာ ရှိပါသေးတယ်။ Google Settings မှာ ပြင်ဆင်ဖို့အတွက် Google Settings App ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် Security ဆိုတာကို နှိပ်ပါ။ ပြီးရင် Remotely locate this device ကို အမှန်ခြစ်ထည့်ခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ အကယ်၍ အမှန်ခြစ် မလုပ်ထားရသေးဘူးဆိုရင် အမှန်ခြစ်ထည့်ပေးလိုက်ပါ။ Allow remote lock and erase ဆိုတဲ့ နေရာမှာလည်း အမှန်ခြစ် ထည့်ပေးထားရမှာဖြစ်ပါတယ်။ ဒီနေရာမှာ အမှန်ခြစ်ထည့်ပေးထားမှ ဖုန်းမတော်တဆ ပျောက်ဆုံးသွားတာမျိုးပဲဖြစ်ဖြစ် အခိုးခံရတာမျိုးပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဖုန်းကို အဝေးကနေလှမ်းပြီး Lock ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။
အထက်မှာ ဖော်ပြထားတာတွေကတော့ ဖုန်းက မတော်တဆ ပျောက်ဆုံးသွားတာမျိုးပဲဖြစ်ဖြစ် ခိုးယူခြင်းခံရတာမျိုးပဲဖြစ်ဖြစ် ဖြစ်ပေါ်လာခဲ့ရင် ကိုယ့်ရဲ့ဖုန်းက ဘယ်နေရာကိုရောက်နေတယ် ဆိုတာကို ခြေရာခံနိုင်မှာဖြစ်သလို၊ အရေးကြီးအချက်အလက်များ ပါဝင်ပါကလည်း ပျောက်ဆုံးသွားတဲ့ဖုန်းကို အခြားသူတစ်ယောက်ယောက်က အလွယ်တကူနဲ့ အသုံးမပြုနိုင်စေရန်အတွက် ကာကွယ်ထားနိုင်ပါတယ်။
Android ဖုန်း ပျောက်ဆုံးသွားတာပဲဖြစ်ဖြစ် ခိုးယူခံရတာပဲဖြစ်ဖြစ် ခြေရာခံရှာဖွေဖို့အတွက် https://www.android.com/devicemanager ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို သွားရပါမယ်။ အဆိုပါ ဝက်ဘ်ဆိုက်လိပ်စာကို ရောက်ပြီဆိုရင် Google Account User Name နဲ့ Password ကို ထည့်သွင်းပါ။
User Name နဲ့ Password ထည့်သွင်းပြီးပြီဆိုရင် မြေပုံနဲ့ ကိုယ်ပျောက်ဆုံးသွားတဲ့ ဖုန်းမော်ဒယ်အမျိုးအစားကို ဖော်ပြထားတာကို တွေ့ရပါလိမ့်မယ်။ ဖုန်းမော်ဒယ်ဘေးမှာ Locate device ဆိုတာကို ဖော်ပြပေးထားပြီး ၎င်းခလုတ်လေးကို နှိပ်လိုက်ပါက ပျောက်ဆုံးသွားတဲ့ဖုန်းဟာ ဘယ်နေရာမှာ နောက်ဆုံး အသုံးပြုခဲ့တယ်ဆိုတာကို အင်တာနက်ဖွင့်ထားတဲ့အခါတိုင်းမှာ ဖော်ပြပေးနေမှာပါ။ အဆိုပါ ဖုန်းမော်ဒယ်အောက်မှာ Ring, Lock, Erase ဆိုတာကို တွေ့ရမှာဖြစ်ပြီး၊ Ring ကို နှိပ်လိုက်ပါက ဖုန်းမြည်သံထွက်လာအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ Ring ဟာ ကိုယ့်ရဲ့ဖုန်းက မြေပုံထဲမှာကြည့်လို့ ရောက်ရှိတဲ့နေရာနဲ့ နီးနေတယ်ဆိုရင် အလွယ်တကူသိရှိနိုင်ရန်အတွက် Ring ကို နှိပ်လိုက်တာနဲ့ ဖုန်းမှာထည့်သွင်းထားတဲ့ Ringtone အသံကိုဖော်ပြပေးနေမှာပါ။ Lock ကို နှိပ်လိုက်ရင် Lock ပြုလုပ်ဖို့အတွက် Password box ကျလာမှာဖြစ်ပြီး၊ ၎င်း Password box မှာ ထည့်သွင်းချင်တဲ့ Password အသစ်ကိုထည့်သွင်းပြီး Lock Screen မှာတော့ ကိုယ်ပေါ်စေချင်တဲ့ message ကို ဖုန်းရရှိထားသူ မြင်နိုင်ရန်အတွက် Recovery Message ဆိုတဲ့နေရာမှာ Message ကို ထည့်သွင်းပေးနိုင်ပါတယ်။ ပြီးသွားရင် Lock ကို နှိပ်လိုက်တာနဲ့ ပျောက်ဆုံးသွားတဲ့ဖုန်းဟာ Lock ကျသွားမှာ ဖြစ်ပါတယ်။
Erase ကတော့ ကိုယ့်ရဲ့ဖုန်းကို ပြန်ရဖို့ အခြေအနေမရှိတဲ့အခါမျိုးမှာ ကိုယ့်ရဲ့အရေးကြီး အချက်အလက်တွေ အခြားသူ မမြင်နိုင်စေဖို့အတွက် တစ်ခါတည်း ဖျက်လိုက်တာမျိုးဖြစ်လို့ ဖုန်းပြန်လည်ရရှိနိုင်မယ့် အခွင့်အရေးရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် Erase ကို ဖုန်း လုံးဝပြန်လည်ရရှိနိုင်တော့တဲ့ အခြေအနေမျိုး မဟုတ်တဲ့အခါမှာသာ အသုံးပြုသင့်ပါတယ်။
                        လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ
facebook တွင်ရက်ပေါင်း၆၀ မစောင့်ဘဲ Name ပြောင်းလဲနိုင်မည့် လွယ်ကူသောနည်း
facebook တွင်ရက်ပေါင်း၆၀ မစောင့်ဘဲ Name ပြောင်းလဲနိုင်မည့် လွယ်ကူသောနည်း
လူမူကွန်ယက် Facebook အသုံးပြုသူတွေတွက် facebook တွင်မိမိအမည့် တစ်ချိန်ပြောင်းလဲပြီးတိုင်း နောက်ထပ်တစ်ချိန်ပြောင်းလဲရန် ရက်၆၀ ခန့် စောင့်ဆိုင်းပြီးမှ ပြောင်းလဲခွင့်ရှိပါသည်။
ယခုနည်းတွင် facebook Name ကို ရက်၆၀ စောင့်ဆိုင်းစရာမလိုဘဲ ပြောင်းလဲနိုင်မည်ဖြစ်သည်။
Facebook ၏ App Setting အားနှိပ်ပြီး Device Language တွင် Bahasa Indonesia ဘာသာအားရွေးချယ်ပြီး ပြောင်းလဲရမည်ဖြစ်သည်။
အမည်ပြောင်းလဲရန် Language ပြောင်းသွားပြီးဖြစ်သောကြောင့် facebook ရဲ့ Pengaturan Akun အားနှိပ်ပါ။
နောက်တစ်ဆင့်တွင် Setting Icon ပုံနဲ Umum အားနှိပ်ပါ။
နောက်တစ်ဆင့် တွင် မိမိ အမည် နှင့် Email များပေါ်လာပါမည် အပေါ်ဆုံးရှိ Nama အားနှိပ်ပါ။
နောက်တစ်ဆင့်တွင် အမည်ပြောင်းလဲရန် Ganti Nama ဆိုပြီးပေါ်လာပါက မိမိလိုရာ Name အားရေးထည့်ပြီး အောက်တွင်အပြောစာတန်းဖြင့်ပြထားသော Perubahan အားနှိပ်ပြီး Fcaebook Name အားပြောင်းလဲနိုင်ပါသည်။
                        လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ
facebook အကောင့်ပျက်နိုင်မည့်နည်း
 facebook အကောင့်ပျက်နိုင်မည့်နည်း
လူမူကွန်ယက် facebook တွင် မိမိ ၏ Fcaebook Account အားအကြောင်းအမျိုးမျိုးတို့ ကြောင့် ပျက်ပစ်ချင်တယ်ဆိုပါက အရင်ဦးဆုံး  www.facebook.com တွင် မိမိFacebook အကောင်န့်  Login ၀င်ထားပြီး အောက်တွင်ပေးထားသည့်
 https://www.facebook.com/help/contact.php?show_form=delete_account အားနှိပ်ဝင်ပြီး Delete My Account အားနှိပ်ပြီး Fcaebook Account အားပျက်ပစ်နိုင်ပါသည်။
Fcaebook Acc အဟောင်းဆိုလျှင် ၄၅ရက်ခန့်  ကြာမှသာအပြီးပျက်သွားမှာဖြစ်ပြီး ၄၅ ရက်အတွင်းမှာ Fcaebook Account အားပြန်လိုချင်ရင်တော့ Cencle ကိုနှိပ်ပြီး ပြန်လည်ရယူနိုင်ပါတယ်။
Fcaebook Account အသစ်ဆိုလျှင်တော့ ချက်ချင်းပင်ပျက်သွားမည်ဖြစ်သည်.။
                        လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ
Coolpad စမတ်ဖုန်းများစွာနဲ Android ဖုန်းတွေကို Root လုပ်နိုင်တဲ့ Root Genius PC Tool
 Coolpad စမတ်ဖုန်းများစွာနဲ Android ဖုန်းတွေကို Root လုပ်နိုင်တဲ့ Root Genius PC Tool
အထူးသဖြင့် Coolpad စမတ်ဖုန်းများကို Root လုပ်ချင်သူတွေတွက် ကွန်ပျူတာရှိလျှင် ဒေါင်းယူစမ်းသမ်ထားသင့်ပါတယ်။
Root Genius PC Tool အားတွင်ရယူနိုင်ပါတယ်။
                           လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ
Root ဆိုတာဘာလဲ
 Root ဆိုတာဘာလဲ
Root ဆိုတာဘာလဲသိချင်ကြတဲ့ Android မိုဘိုင်းဖုန်းအသုံးပြုသူတွေတွက်
Root ဆိုတာဘာလဲ ရှင်းပြပေးလိုက်ပါတယ်။
Android စမတ်ဖုန်းတွေမှာ Root လုပ်တယ်ဆိုတာ ကောင်းတာရှိသလို အကောင်းတာတွေလည်းရှိပါတယ်။ Root လုပ်သင့်တယ်ဆိုမှသာ ဖုန်းအား Rootလုပ်ပါ။
ဖုန်းကို Root ထားတယ်ဆိုရင် Warrenty (အာမခံ) ချက်တွေဆုံးရှုံမှာဖြစ်ပါတယ်။
Samsung ဖုန်းတွေ ၀ယ်မည်ဆိုလျှင် Samsung ကုမ္မဏီ တရာဝင် 1 နှစ်အာမခံချက်ပေးပါတယ် ဖုန်းတစ်ခုခုဖြစ်ရင် သူတို့ က လက်ခမဲ့သော်လည်းကောင်း ပစည်းနှင့် လက်ခမဲ့သော်လည်းကောင်း ဖုန်းတလုံးအသစ်လဲပေးသည်သော်ကောင်း ပြုလုပ်ပေးပါတယ်။
ယခုလို ဖုန်းမှာ Root ထားရင်တော့ (User Effect) Error ရှိနေဆိုပြီး အထက်ပါအကြိုးခံစားခွင့်ကို ရကောင်းမှ ရပါလိမ့်မယ်။
Root ထားရင်လည်း ဖုန်းဟာ Root မရှိစဉ်ထက် အနည်းငယ်လေးလံသွားမှာဖြစ်ပါတယ်။
ဖုန်းမှာ Root မလုက်ထားရင်လည်း မြန်မာဖောက်တွေထည့်သွင်းတဲ့ အခါ မြန်မာစာ မမှန်ကန်တာတို့ မြန်မာဖောက်မရတာတို့ ဖြစ်စေပါတယ်။ ထို့ အတူ စာရေးသူတို့ အသုံးပြုချင်တဲ့ App တွေဖြစ်တဲ့ Myanmar Font Change တို့ Wifi Password, Hacker Apk နှင့် ScreenShot Apk စတဲ့ Root ရှိမှ သုံးလို့ ရစေမည့် App တွေကို အသုံးပြုခွင့် ရလိမ့်မည်မဟုတ်ပါ။
ဒါကြောင့် Root လုပ်တော့မယ်ဆိုရင်တော့ စဉ်စားဖို့ တော့ လိုပါမယ်။
ဒါဆိုရင် Root ဆိုတာဘာလဲသိလောက်ပီပေါ့။
                       လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ
Google Email အကောင့်န့်  Password မေ့နေရင် Password အသစ်ပြန်လည်ရယူနည်း
 Google Email အကောင့်န့်  Password မေ့နေရင် Password အသစ်ပြန်လည်ရယူနည်း
မိမိတို့ အသုံးပြုနေတဲ့ Google Account ဟုဆိုရသည့် Email ရဲ့ Password ဟာ အကြောင်းအမျိုးမျိုးကြောင့် မေ့သွားပီဆိုလျှင် မိမိပြုလုပ်ထားသည့် အခြားသော အကောင့်န့် များကိုပါ ဆုံးရှုံးနိုင်မှာအမှန်ဘဲဖြစ်ပါတယ်။
ယခု နည်းလမ်းဟာ မိမိ Gmail Account ၏ Password မေ့သွားခဲ့ရင် Pass အသစ်ပြန်လည်ရယူနည်းဖြစ်ပါတယ်။
အဆင့် (၁)
အရင်ဦးဆုံ http://bit.ly/1RTZdOB သို့ သွားပြီး Forgot You Password?  တွင် Password မေ့နေသည့် မိမိ၏ Gmail အားလေးထောင့်ကွက်တွင်ထည့်ပြီး Submit အားနှိပ်ပါ။
အဆင့် (၂) 
နောက်တစ်ဆင့်တွင် Enter the last password you remember ဆိုပြီး  Password ကိုမေးပါမယ် မိမိမှ Password မသိသောကြောင့် အောက်တွင်ရှိသော I dont Know အားနှိပ်ပေးရမည်ဖြစ်သည်။
အဆင့် (၃)
ဒီအဆင့်တွင် မိမိ Email လုပ်ခဲ့စဉ်က ထည့်ခဲ့သော သူငယ်ချင်း၏ Email (သို့ ) Phone Namber ကိုလျို့ ဝှက်ပြီးပေါ်လာမှာဖြစ်ပြီး Continue အားနှိပ်လိုက်ပါက အဲ့ဒီ Email (သို့) Phone Namber အားPassword အသစ်ချိန်းရန် စာအိပ်ကို Google မှပေးပို့ လာမှာဖြစ်ပါတယ်။
Phone Namber ဆိုလျှင် Code ပေးပို့  လာမှာဖြစ်ပြီး အဲ့ဒီ Code အားထည့်ပြီး Password အသစ်ပြောင်းလဲခွင့်ရမှာဖြစ်ပါတယ်။
Email ဆိုလျှင် အဲ့ဒီ Email သို့ Google မှ စာအိပ်ပို့ လာမှာဖြစ်ပြီး ယင်စာအိပ်တွင် Password အသစ်ချိန်းရန် link အားနှိပ်ပြီး Password အသစ်အားပြန်လည်ရယူနိုင်မှာဖြစ်ပါတယ်။
အားနည်းချက်အနေနဲ မိမိ Email လုပ်ခဲ့စဉ်က ထည့်ခဲ့တဲ့ Recovery Email Or Phone Namber ကို မသိတော့ မရှိတော့ရင်တော့ New Password ချိန်ရန်ရနိုင်တော့မှာမဟုတ်ပါဘူး။
ဒါကြောင့် Email အသစ်လုပ်သည့် အခါတိုင်း မိမိထည့်ခဲ့တဲ့ သူငယ်ချင်းရဲ့ Email နှင့် Phone Namber ကို မှတ်ထားဖို့ အရေးကြီးတာအမှန်ဘဲဖြစ်ပါတယ်။
                       လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ
Android မိုဘိုင်းဖုန်းတွေကို ကွန်ပျူတာတွင် Vroot ဖြင့် Root ဖောက်နည်း
Android မိုဘိုင်းဖုန်းတွေကို ကွန်ပျူတာတွင် Vroot ဖြင့် Root ဖောက်နည်း
မိုဘိုင်းဖုန်း Android တွေကို Root ဖောက်ရန် ကွန်ပျူတာ ဆော့ဝဲတစ်ခုဖြစ်တဲ့ Vroot ဖြင့် Root ဖောက်ပုံအဆင့်ဆင့် ကို ပုံနဲတကွဖော်ပြရှင်းလင်းပေးထားပါတယ်။
မိမိ မိုဘိုင်းဖုန်းကို အမှန်တကယ် Root ပြုလုပ်ရန်လိုအပ်နေတယ်ဆိုရင်တော့ ကွန်ပျူတာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လေ့လာထားပါက ပညာတစ်ခုတိုးပွားလာစေမှာအမှန်ဘဲဖြစ်ပါသည်။
Root လုပ်ရန်အဆင့်ဆင့်ကို အောက်တွင်ပုံဖြင့်ရှင်ပြထားတာလေ့လာလိုက်ရအောင်..။
အဆင့် (၁) မိမိ Root ဖောက်မည့် ဖုန်း၏ Setting>Developers Option အားနှိပ်ပြီး USB Debugging အမှန်ခြစ်ဖြစ်အောင် တစ်ချက်နှိပ်ပေးရမည်ဖြစ်သည်။
 Android 4.2.2 ဖုန်းတွေနဲ အခြားသောဖုန်းတွေမှာ  Developers Option ကိုမတွေ့ ပါက Setting ထဲမှ About Phone နေရာ၏ Built Number အားလက်ဖြင့် ၅ ချက် မှ  ၈ ချက်ထိ ခေါက်ပေးလိုက်ရင် Developers Option အားတွေ့ မြင်နိုင်မှာဖြစ်ပါတယ်။
 အဆင့် (၂) Vroot Application ကို Download ရယူပြီး မိမိကွန်ပျူတာတွင် Install လုပ်ပါ။
အဆင့် (၃)မိမိကွန်ပျူတာ တွင် Vroot Application အား Install လုပ်ပြီး ဖွင့်လိုက်ပါ။
အဆင့် (၄) မိမိဖုန်းအား ကွန်ပျူတာသိအောင် USB ကြိုးဖြင့် ဖုန်းကို ကွန်ပျူတာဖြင့် ချိတ်ဆက်ပြီး Connect Device အားနှိပ်ပေးလိုက်ပါ။
အဆင့် (၅) အဆင့် ၅ တွင် ကွန်ပျူတာမှ ဖုန်းကိုသိသွားပြီးဆိုတဲ့အကြောင်း မိမိဖုန်း Model နံပါတ်နဲဖော်ပြပေးပါလိမ့်မည်။
အဆင့် (၆) ဖုန်းအား Root ဖောက်ရန်ပြထားသည့် Root ဆိုတဲ့ ခလုတ်အား နှိပ်းပေးပါ။
အဆင့် (၇) ဖုန်းအား ကွန်ပျူတာတွင် Root ဖောက်တာအောင်မြင်သွားကြောင်း Complete အမှန်ဖြင့်ပြသပြီးမိမိဖုန်းဟာ ပါဝါ  Reboot ကျပြီးပြန်ပွင့်လာမည်ဖြစ်သည်။
အဆင့် (၈) မိမိဖုန်းဟာ ပါဝါပြန်ပွင့်လာရင်တော့ ဖုန်းအတွင်းမှာ SuperUS App လေးပေါ်လာမှာဖြစ်ပါတယ်။ SuperUS လေးပေါ်လာရင်တော့ မိမိတို့ ရဲ့ Android မိုဘိုင်းဖုန်းဟာ Root ဖောက်လို့ အောင်မြင်သွားပြီးဘဲ ဖြစ်ပါတယ်။
                          လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ
မိုဘိုင်းဖုန်းနဲ ကွန်ပျူတာကို ကြိုးမဲ့ချိတ်ဆက်အသုံးပြုနိုင်
မိုဘိုင်းဖုန်းနဲ ကွန်ပျူတာကို ကြိုးမဲ့ချိတ်ဆက်အသုံးပြုနိုင်
မိုဘိုင်းဖုန်းတွေနဲ ကွန်ပျူတာကို USB ကြိုးတွေအသုံးပြုစရာမလိုဘဲ လေထဲကနေ ချိတ်ဆက်အသုံးပြုနည်းဖြစ်ပါတယ်။
ယခုနည်းဟာ Android ဖုန်းမှ လုပ်ဆောင်နေသမျှကို ကွန်ပျူပေါ်မှာ ဖော်ပြပေးနေမှာဖြစ်ပြီး ကွန်ပျူတာထဲကနေ ဖုန်းကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဖုန်းအတွင်းရှိ Messenger , Music ,Contacts,Find Phone, App တွေနှင့် Ringtone , My File , Video နှင့် Photo , Screenshot ,Call Logos , Carmera , စတဲ့ ဖုန်းအတွင်းမှာရှိတဲ့အရာတွေကို ဖုန်းမှလုပ်ဆောင်နေတိုင်း ကွန်ပျူတာတွင်ဖော်ပြနေမှာဖြစ်ပါတယ်။
အသုံးပြုရန် အကောင့်န့် တစ်ခုဖွင့်ပြီး ယင်အကောင့်န့် တစ်ခုထဲကို ကွန်ပျူတာရော ဖုန်းမှာပါထည့်သွင်းပြီး Scan QR Code ရိုတ်ထည့်ကာ ချိတ်ဆက်အသုံးပြုရမှာဖြစ်ပါတယ်။
ယင်အကောင့်န့် ကို https://www.airdroid.com/en/signup/
တွင် မိမိ Email နှင့် password တို့အားထည့်သွင်းပြီး ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ကွန်ပျူတာတွက် AirDroid App ကို http://bit.ly/1I1qdnF  တွင်ဒေါင်းယူပြီး Sing in ၀င်နိုင်ပါတယ်။
Android ဖုန်းတွက် AirDroid App အား http://bit.ly/1I937sW တွင်ဒေါင်းပြီး အကောင့်န့်  Sing in ၀င်နိုင်ပါတယ်။
iOS တွေတွက် AirDroid App ကို http://bit.ly/1LXO4J3 တွင်ဒေါင်းယူပြီး Sing in ၀င်နိုင်ပါတယ်။
အထက်ပါကဲ့သို့ အကောင့်န့် တစ်ခုထဲကို ကွန်ပျူတာ နဲ မိုဘိုင်းဖုန်းတွေထဲ တူတူထည့်သွင်းပြီး Scan QR Code ထည့်ပေးလိုက်တာနဲ ဖုန်းနဲ ကွန်ပျူတာ ချိတ်ဆက်သွားပါမည်။ Scan QR Code ကတော့ အကောင့်န့် ထဲမှာပေးထားပါတယ်။
ချတ်ဆက်ပြီးရင်တော့ မိမိတို့ဖုန်းမှ လုပ်ဆောင်ချက်များနှင့် SMS ပို့ လာသည့် စားများစတာတွေကို ကွန်ပျူတာတွင် ပေါ်လာမှာဖြစ်ပြီး ကွန်ပျူတာထဲကနေ ဖုန်းကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ချိတ်ဆက်ထားစဉ် Wifi (သို့ ) Mobile Internet ရှိထားရမှာလည်းဖြစ်ပါတယ်။
ပုံလေးတွေကြည့်ပြီးတော့ အသုံးပြုတတ်လိမ့်မည်လို့ တင်ပါတယ်။
                                    လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ
ဖုန်းခေါ်ဆိုသူရဲ့ သတင်းအချက်အလက်များကို Facebook မှ ရယူ ပြသပေးမယ့် Hello – Caller ID & Blocking
ဖုန်းခေါ်ဆိုသူရဲ့ သတင်းအချက်အလက်များကို Facebook မှ ရယူ ပြသပေးမယ့် Hello – Caller ID & Blocking
သင့်ဖုန်းရဲ့ Contact ထဲမှာ မရှိတဲ့ လူတစ်ယောက်က သင့်ထံ ဖုန်းခေါ်ရင် သူ့ရဲ့ နာမည်နဲ့ အခြားသတင်းအချက်တွေကို သင်မသိနိုင်ပါဘူး။ 
သင့်ဖုန်းရဲ့ Contact ထဲမှာ မရှိရင်တောင် ဖုန်းခေါ်သူရဲ့ နာမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာနဲ့ မွေးနေ့ စတဲ့ သတင်းအချက်အလက်တွေကို ပြသပေးနိုင်တာက Hello ဖြစ်ပါတယ်။ 
Hello ကို Facebook က တီထွင်ထားတာဖြစ်ပြီး App က Facebook မှ သတင်းအချက်အလက်များကို ရယူပြီး ပြသပေးတာ ဖြစ်ပါတယ်။ 
Hello က တစ်နည်းအားဖြင့် Dialer App ဖြစ်ပြီး သင့်ဖုန်းရဲ့ မူလ Dialer နေရာမှာ အစားထိုးနိုင်ပါတယ်။ 
Hello မှာ ဖုန်းသရဲတွေကို အလိုအလျှောက် Block လုပ်ပေးနိုင်တဲ့ စွမ်းဆောင်ချက် ပါရှိသလို သင် အလိုမရှိတဲ့ ဖုန်းနံပါတ်များကိုလည်း Block နိုင်ပါတယ်။
သင့်ဖုန်းမှာ Facebook ကို ထည့်သွင်းထားသူများအတွက် Hello ကို အင်စတောလုပ်ပြီးရင် သင့်အကောင့် နာမည်ကို ပြသပေးမှာပါcontinueနိပ်ပါ
နောက်အဆင့်မှာ Caller ID ကို ပြသမယ့် စကရင်အတွက် Draggable Card or Full Screen ကို ရွေးချယ်ခိုင်းပါတယ်။ 
ထင်ထင်ရှားရှားမြင်ရအောင် Full Screen ကို ရွေးချယ်နိုင်ပါတယ်။ ပြီးရင် Continue ကို နှိပ်ပါ
ဖုန်းသရဲတွေကို Block ဖို့ နောက်အဆင့်မှာ Commonly blocked numbers မှာ On ပေးပြီး Continue ကို နှိပ်ပါ။
 နောက်အဆင့်တွေမှာ Hello ရဲ့ စွမ်းဆောင်ချက်တွေကို ပြသပေးမှာ ဖြစ်ပြီး Continue ကို နှိပ်ပါ။
ပြီးရင်တော့ Hello ရဲ့ Main Screen ကို ရောက်ရှိပါပြီ။ History ကဏ္ဍထဲမှာ Incoming နဲ့ Outgoing Calls 
များကိုပြသပေးထားပါတယ်
Contact တစ်ခုကို နှိပ်ရင် သူ့ရဲ့ Facebook မှာ Public အနေနဲ့ ထည့်သွင်းထားတဲ့ သတင်းအချက်အလက်များကို တွေ့ရမှာ ဖြစ်ပါတယ်။ 
Mutual Friends အရေအတွက်၊ နေရပ်လိပ်စာ၊ တက္ကသိုလ် စတာတွေ ဖြစ်ပါတယ်။ 
Call for free မှ Call နဲ့ Messenger ခလုတ်ကို နှိပ်ရင် Messenger ကနေ အခမဲ့ ဖုန်းပြောနိုင်၊ စာပို့နိုင်မှာပါ။ ( သင့်ဖုန်းမှာ Messenger ထည့်သွင်းထားဖို့ လိုပါတယ်။ ) 
အောက်မှ ဖုန်းနံပါတ်များကို နှိပ်ပြီး အခကြေးငွေနဲ့ ဖုန်းပြောနိုင်ပါတယ်။ ညာဘက်မှ Message ခလုတ်ကို နှိပ်ပီးအခမဲ့ပေးပို့နိုင်ပါတယ်။
History မှ အဆက်အသွယ်တစ်ဦးကို ဖိထားရင် Edit , Block , Delete လုပ်နိုင်ပြီး လျှင်မြန်စွာ ဖုန်းခေါ်နိုင်ဖို့ home screen မယ်shotcutလုပ်ထားနိုင်ပါတယ်
History ရဲ့ ညာဘက်မှာ Dialer ကို အသုံးပြုနိုင်ပါတယ်။ Dialer ရဲ့ ညာဘက်မှာ သင့်ဖုန်းမှ အဆက်အသွယ်များအပြင် Facebook မှ သူငယ်ချင်းများကို ပြသပေးထားပါတယ်။ 
အပေါ်ဆုံးမှာ Favorite များကို ပြသပေးထားပြီး Edit ကို နှိပ်ပြီး ရွေးချယ်နိုင်ပါတယ်။
Settings ထဲမှ Use Hello to Call ထဲသွားရင် သင့်ဖုန်းရဲ့ မူလ Dialer နေရာမှာ Hello ကို အစားထိုးဖို့ နည်းလမ်းကို ပြသပေးထားပါတယ်။ 
မူလ Dialer App ကို ဖိပြီး Home Screen ကို ရွှေ့ပေးပါ။ Hello ကို ဖိပြီး ယခင် Dialer App နေရာမယ်ထားပေးနိုင်ပါတယ်
Hello ရဲ့ အဓိက စွမ်းဆောင်ချက်တစ်ခုက Facebook မှ သူငယ်ချင်းများနဲ့ စားသောက်ဆိုင်များ၊ ကုန်ပစ္စည်းအရောင်းဆိုင်များလို Facebook Page များကို ရှာဖွေနိုင်တာ ဖြစ်ပါတယ်။ 
ဥပမာအားဖြင့် စားသောက်ဆိုင်တစ်ခုကို ရှာကြည့်ရင် တည်နေရာ၊ ဖုန်းနံပါတ်၊ Like အရေအတွက်တို့လို စားသောက်ဆိုင်က Page မှာ ပံ့ပိုးပေးထားတဲ့ သတင်းအချက်အလက်များကို တွေ့နိုင်ပါတယ်။ 
Add Contact ကို နှိပ်ပြီး အဲဒီစားသောက်ဆိုင်ကို သင့်ဖုန်းရဲ့ Contact ထဲထည့်နိုင်ပါတယ်။ Go to Page ကို နှိပ်ပြီး အဲဒီ Page ကိုသွားနိုင်ပါတယ်။
Hello ဟာ Facebook မှ သတင်းအချက်အလက်များကို ရယူပြီး သင့်ကို ဖုန်းခေါ်သူများရဲ့ သတင်းအချက်အလက်များကို ပြသပေးနိုင်တဲ့အတွက် ထူးခြားဆန်းသစ်ပြီး အသုံးဝင်တဲ့ App တစ်ခု ဖြစ်ပါတယ်။ 
Hello က Missed Calls , Blocked Calls များအတွက် Notifications များကိုလည်း ပြသပေးနိုင်ပြီး အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။
Google Play Store
                     လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ
Facebook Password မေ့သွားလျှင် ပြန်လည်ရယူနည်း
Facebook Password မေ့သွားလျှင် ပြန်လည်ရယူနည်း
လူမူကွန်ယက် တစ်ခုအဖြစ် အောင်မြင်နေသည့်
facebook ကို အသုံးပြုနေသူ များတွက် မိမိ တို့ရဲ့ Facebook account ရဲ့ Password မေ့သွားလျှင် မိမိ account ကို ပြန်ရဖို့ ဘယ်လိုပြန်ဝင်ကြမလဲ
ပြန်လည် ရယူနည်းလေးအား ဖော်ပြထားပါတယ်။
ဒါက မိုဘိုင်းအသုံးပြုသူများရော ကွန်ပျူတာ မှာပါ လုပ်ဆောင်နိုင်ပါတယ်။
နည်းလမ်းကတော့
လွယ်ပေမဲ့ မလုပ်တတ်သေးလျှင် ခက်ကောင်းခက်ပါလိမ့်မည်။
အသုံးပြုနည်းအား ဖုန်းဖြင့် စမ်းသပ်ဖော်ပြထားပါတယ်။
 www.facebook.com  ကိုသွားပြီး  log in နေရာ ရောက်ပါက အောက်၌ ရှင်းပြထားသည့် Screenshot များတိုင်း လွယ်ကူစွာ လုပ်ဆောင်နိုင်ပါတယ်။
    အာကာ
လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ
Sansung Galaxy Note 2 မြန်မာဖောင့်သွင်းနိုင်သည့် ZawgyiOne 2015
Sansung Galaxy Note 2 မြန်မာဖောင့်သွင်းနိုင်သည့် ZawgyiOne 2015
Samsung Galaxy Note 2 ကို Root ဖောက်ရန် မလိုအပ်ဘဲ မြန်မာဖောင့် မှန်ကန်အောင် ထည့်သွင်းနိုင်သည့် ZawgyiOne 2015 Apk ဖြစ်ပါသည်။
Note 2 ဖုန်းတွေမှာ Root မလုပ်ထားရန် မြန်မာစာ ဟာ မပေါ်ဘဲ လက်ကွက်တွင်လည်း မြန်မာ စာဟာ လေးထောင့်အကွက်တွေ ဖြစ်နေတာ တွေ့ရပါတယ်။
ယခု ZawgyiOne 2015 ဟာ Galaxy Note 2 အား Root မရှိဘဲနဲ့ မြန်မာစာ ပေါ်စေမည့် Apk ဖြစ်ပါတယ်"
ZawgyiOne2015 ကို Install လုပ်ပြီး Note 2 ၏ ဖုန်း Setting အား နှိပ်ပါ။
ပြီးလျှင် Display အားနှိပ်ပါ။
Display ၌ Font Style အားနှိပ်၍ ယခု ZawgyiOne 2015 Apk ကို ရွေးချယ် ပေးလိုက်ရင်တော့ Samsung Galaxy Note 2 ဖုန်းဟာ Root မလုပ်ဘဲ မြန်မာဖောင့် ရရှိသွားမည်ဖြစ်သည်။
မိမိ ကြိုက်နှစ်သက်သည့် မြန်မာကီးဘုတ်ကို ထည့်သွင်း အသုံးပြုနိုင်သည်။
ZawgyiOne2015 အား http://bit.ly/1HqluYF တွင်ဒေါင်းယူနိုင်ပါတယ်။
                          လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ
Gif Edit Maker video2.1.7Apk
Gif Edit Maker video2.1.7Apk
ယခု App သည် ဓာတ်ပုံတစ်ပုံထဲမှာ ပုံပေါင်းများစွာကိုစုစည်းပြီး လှုပ်ရှားနေတဲ့နေတဲ့ပုံအဖြစ်ဖန်တီးနိုင်မည့် App တစ်ခုလည်းဖြစ်သည်။ ဥပမာ ဆိုကြပါစို့ ဓာတ်ပုံတစ်ပုံဟာ သာမန်အားဖြစ်ငြိမ်နေတာကို တွေ့ ရမှာဖြစ်ဖြစ်ပြီး ယခု App မှာ ဓာတ်ပုံတွေအများကြီးကို ဓာတ်ပုံတစ်ပုံထဲမှာ လှုပ်ရှာနေအောင်ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံနှင့် တစ်ပုံ လှုပ်ရှားချိန် အနှေးအမြန်လိုသလိုချိန်စနိုင်ပြီး ဓာတ်ပုံတစ်ပုံချင်းစီမှာလည်း စာသားတွေထိုးနိုင်အုံးမှာဖြစ်ပါတယ်။ အဲ့လိုလွယ်ကူစွာဖန်တီးပြီးသွားရင်တော့ Facebook လိုမျိုးလူမူကွန်ယက်တွေကိုရှယ်နိုင်သလို Save လုပ်ပြီးသိမ်းနိုင်မှာဖြစ်ပါတယ်။  ဖုန်း၏ Gallery ထဲမှာ Save ထားတဲ့ Photo ကိုကြည့်လျှင်လှုပ်ရှားနေတာကိုတွေ့ ရမှာပါ Google Play မှာအကောင်းဆုံး Gif Edit Maker အဖြစ်အသုံးပြုသူများပြာလျက်ရှိပါတယ်။
Gif Edit Maker video အား http://bit.ly/1ISXSgr တွင်ဒေါင်းယူနိုင်ပါတယ်။
လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ
Android မိုဘိုင်းဖုန်းတွေမှာ Mobile Data နှင့် Wifi အလိုလျှေက်ပွင့်လာတာကိုဖြေရှင်းနည်း
Android မိုဘိုင်းဖုန်းတွေမှာ Mobile Data နှင့် Wifi အလိုလျှေက်ပွင့်လာတာကိုဖြေရှင်းနည်း
Android ဖုန်းတွေမှာ တစ်ခါတစ်ရံ ဖုန်း၏ System ကြောင့် Mobile Data နှင့် Wifi ဟာ ဖုန်းအသုံးပြုသူတွေမဖွင့်ဘဲ အော်တိုပွင့်ပွင့်လာတာတွေ ကြုံတွေကောင်းကြုံတွေကြလိမ့်မယ်လို့ ထင်ပါတယ်။
အဲ့လိုဖြစ်လာတဲ့ခါမှာ Android ဖုန်း၏ Setting ထဲမှ Application Manager ၏ All နေရာတွင် "com.nb.superuser " ကိုရှာပြီး Clear Data အားနှိပ်ပေးပြီး "com.nb.superuser " ကိုဘဲ "Disable" တစ်ချက်နှိပ်ပေးပါ။
အော်တို့မပွင်ဘူးဆိုရင်တော့"com.nb.superuser " ကိုတွေ့ ရလိမ့်မည်မဟုတ်ပါ။ 
Wifi နှင့် Mobile Data ဟာ အော်တို ပွင့်ပွင့်လာမှသာ Setting>App>All နေရာမှာ "com.nb.superuser "ကိုတွေ့ ရမှာဖြစ်ပါတယ်။
အထက်ပါ (၂) ချက်ကိုလုပ်ဆောင်ခြင်းဖြင့် Wifi နှင့် Mobile Data အော်တို On လာကိုဖြေရှင်နိုင်ပါလိမ့်မည်။
       အာကာ
                                လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ
Internet Browser App တစ်ခုဖန်တီးနည်း
Internet Browser App တစ်ခုဖန်တီးနည်း
မိမိ စိတ်ကြိုက် Name နှင့် Icon ပုံတို့ ဖြင့် Internet Borwser App တစ်ခုကိုလွယ်ကူစွာပြုလုပ်ရန် Android ဖုန်းနှင့် ကွန်ပျူတာတို့ ကနေပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ယခု Browser ကိုတော့ Maxthon Browser မှဖန်းတီးခွင့်ပေးထထားတာဖြစ်ပါတယ်။
အခုပြုလုပ်မည့် Browser ဟာဆိုရင် မိမိဖုန်းတွင်ပါရှိသော Google Browser တို့ ထက် မြန်ဆန်ုပြီး Error ကာ ယခုBrowser ဖြင့် ဖုန်းထဲကနေ Download" ဆွဲတွင်လလည်းမြန်ဆန်တာကိုတွေ့ ရမှာဖြစ်ပါတယ်။
Browser App ပြုလုပ်ရန် http://custom.maxthon.com/custom/index.php ကိုဝင်ရောက်ပြီး
အဆင့်(၁)။ ။ Pick a name for your browser တွင် Browser ၏ မိမိကြိုက်သည့် Name ကိုရိုတ်ထည့်ပါ။
အဆင့်(၂)။ ။ Upload a browser icon တွင် "Customize" ကိုနိပ်ပြီး Browser တွက် မိမိကြိုက်သည့် Icon ဓာတ်ပုံကိုထည့်ပေးပါ။
အဆင့်(၃)။ ။Set your browser’s homepage တွင် "Costomize" ကိုနှိပ်ပြီး Browser ကိုဖွင့်ဖွင့်မှာပေါ်လာစေမယ့် Home Page ကိုထည့်ရမှာဖြစ်လို့ မိမိ Facebook လိပ်စာသော်လည်းကောင်း Website သော်လည်းကောင်းရိုတ်ထည့်နိုင်ပါတယ်။
အဆင့်(၄)။ ။Upload your splash screen တွင် "Upload your own" ရွေးပြီး 480x800,ှဆိုဒ်ရှိတဲ့ ဓာတ်ပုံတစ်ပုံကိုထည့်ပေးပါ။ ဒီဓာတ်ပုံကလည်း Browser ကိုဖွင့်ဖွင့်ချင်းမှာပေါ်လာစေမယ့် ဓာတ်ပုံဖြစ်ပါတယ်။
အဆင့်(၅)။ ။Please enter your email address တွင် မိမိ၏ Gmail တစ်ခုခုကိုထည့်ပေးလိုက်ပါ။
အဆင့် (၅) ဆင့်ပြီးသွားပါက "Create Android Browser" အားနှိပ်ပြီး"100% ထိကား မိမိလုပ်လိုက်သည့် Browser အား Download ဆွဲဖို့  Link ကိုရရှိမှာဖြစ်ပါတယ်။ Download ဆွဲပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။
                                  လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ
Tuesday 1 September 2015
မြန်မာလို ဘော်လုံးပွဲစဉ်ဇယား
မြန်မာလို ဘော်လုံးပွဲစဉ်ဇယား
✔Myanmar Soccer Odds v1.5✔
-ဘောလုံးပွဲစဉ်တွေ၊ကန်မယ့်အချိန်တွေ၊အသင်းတွေ၊
ပေါက်ကြေး(ဘော်ဒီ/ဂိုးပေါင်း)၊ချိန်ညှိတန်ဖိုး၊စတာ
တွေကိုမိမိတို့ဖုန်းထဲကနေပြီးကြည့်ရှုသိရှိစေနိုင်မယ့်
"Myanmar Soccer Odds"ဆိုတဲ့ဆော့ဖ်ဝဲလေး
တစ်ခုတင်ပေးလိုက်ပါတယ်။အသုံးပြုချိန်မှာအင်တာ
နက်ခေတ္တဖွင့်ပေးထားရပါမယ်။
ApkရေးသားထားသူကKyaw Thura Lin
ဖြစ်ပါတယ်-
-Apk file size 626KB လေးပဲရှိပြီးandroid
version2.2 နှင့်အထက်ဖုန်းတွေအထိအသုံးပြုနိုင်
မှာလည်းဖြစ်ပါတယ်-
-အောက်ကလင့်ခ်မှာဒေါင်းလုပ်ရယူနိုင်ပါပြီ-
http://www.zawthwin.com/…/myanmar-soccer-odds-v15for-androi…
                             လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ
ဖေ့စ်ဘုတ် ဗိုင်းရပ်စ်ကိုက်ခံထိရင် ပြုပြင်နည်း
ဖေ့စ်ဘုတ် ဗိုင်းရပ်စ်ကိုက်ခံထိရင် ပြုပြင်နည်း
✔ကိုယ်သုံးနေတဲ့facebookအကောင့်န်မှာ
sexy virus လင့်ခ်ဝင်ရောက်ကူးစက်ခံရပါက✔
-facebookအသုံးပြုတဲ့တချို့user account
တွေမှာဆိုရင် Porn virus ကူးစက်ခံရပြီးတော့
sexy postတွေအဖြစ်နဲ့အဲ့ဒိအကောင့်န်ဟာမိမိရဲ့
friendsတွေ၊မိမိဝင်ထားတဲ့groupတွေထဲကို
pornographic video ဖိုင်တွေအဖြစ်၊
အဲ့ဒိvirusအဖြစ်နဲ့ဖန်တီးထားတဲ့videoဖိုင်တွေဟာ
virus automatically attache ဖြစ်ကာ၊မိမိ
မတင်ပဲနဲ့အလိုအလျောက်sharedမိခြင်း၊status
ပို့စ်တင်မိခြင်း၊မိမိဝင်ထားတဲ့groupတွေpageတွေ
ရဲ့commentတွေထဲမှာလည်းဝင်၍shareမိခြင်း၊
များစတာတွေဖြစ်ပေါ်စေပြီး circulating ပုံစံနဲ့
အဲ့ဒိ pornographic videoဖိုင်တွေဟာ
အဆင့်ဆင့်ပျံ့နှံ့သွားစေနိုင်ပါတယ်-
-အဲ့ဒိလိုမျိုးvirusအကူးစက်မခံရစေဖို့အတွက်
facebookအသုံးပြုသူဟာfbပေါ်မှာတွေ့တဲ့
sexy videoများ၊မသင်္ကာဖွယ်ရာလို့ယူဆရတဲ့
လင့်ခ်နဲ့ပုံများ၊applicationများ၊ဥပမာ-
" 'watch this video if you're curious'
မင်းထူးဆန်းတာတွေ့ချင်ရင်ဒီဗွီဒီယိုကိုကြည့်ပါ
ဒီလင့်ခ်ကိုနှိပ်ပြီးsingupလုပ်ရင်likeအများကြီး
ရမယ်၊အထူးအဆန်းတွေ့မယ်၊ဘာရမယ်ညာရမယ်
စသဖြင့်၊မက်လုံးပေးတဲ့စာနဲ့အတူvideo၊photo၊
apk၊files၊fake websiteများ၊စတဲ့ကိုယ်နဲ့
ရင်းနှီးအကျွမ်းတဝင်မရှိတဲ့လင့်ခ်များကိုနှိပ်မဝင်မိ
စေဖို့နဲ့လင့်ခ်ရဲ့URL infoတွေကိုလည်း
သတိထားဂရုပြုရမှာဖြစ်ပါတယ်-
-တကယ်လို့virusမိထားလို့မိမိအကောင့်န်ကို
infected ဖြစ်နေခဲ့ရင်အောက်ကအဆင့်အတိုင်း
ပြုလုပ်ဆောင်ရွက်ခြင်းဖြင့်ကာကွယ်နိုင်ပါတယ်-
၁။မိမိfbအကောင့်န်ကိုloginဝင်၍news feeds
ရောက်ရင်အပေါ်ကမျဉ်းသုံးကြောင်းပုံနဲ့menu tab
နေရာကိုနှိပ်ပါ။
၂။Acconut Settingsနေရာကိုနှိပ်ဝင်လိုက်ပါ။
၃။Privacy ထဲကိုထပ်နှိပ်ဝင်ပါ။
၎။ပြီးရင်အောက်ဆုံးကစာကြောင်းဖြစ်တဲ့
Do you want other search engines to
link to your timeline?
ဆိုတဲ့စာကြောင်းပါတဲ့boxအကွက်နေရာလေးကို
နှိပ်ဝင်လိုက်ပါ။
၅။ပြီးရင်နောက်တမျက်နှာမှာအောက်ဆုံးနားက
Let other search engines link to
your timeline စာသားဘေးနားကအမှန်ခြစ်ကို
နှိပ်ပြီး၊ဖြုတ်လိုက်ပါ။
၆။နောက်တမျက်ရောက်ရင်
Are you sure you want to disable
public search စာသားအောက်မှာတွေ့တဲ့
အပြာရောင်buttonနဲ့Confirmစာသားနေရာ
ကိုထပ်နှိပ်ပေးလိုက်ပါ။ပြီးရင်backတချက်ပြန်
ဆုတ်လိုက်ပါ။
၇။Do you want other search engines to
link to your timeline? ဆိုတဲ့နေရာမှာ
No ဆိုပြီးတော့ဖြစ်နေရပါမယ်။backပြန်ထွက်ပါ။
၈။Account Settings နေရာကိုတခါထပ်ဝင်ပါ။
၉။နောက်တမျက်နှာရောက်ရင်ကိုးခုမြောက်နေရာက
Apps နေရာကိုနှိပ်ပြီးဝင်လိုက်ပါ။
၁၀။အပေါ်ဆုံးကLogged in with Facebook
ဆိုတဲ့နေရာကိုနှိပ်ဝင်လိုက်ပါ။
၁၁။အဲ့ဒိမှာကိုယ်အသုံးမပြုတဲ့၊ကိုယ်နဲ့မရင်းနှီးတဲ့၊
မသင်္ကာဖွယ်ရာယူဆရတဲ့apkများကိုဖျက်ထုတ်ပါ။
ကိုယ်ဖျက်ထုတ်မယ့်apkကိုရွေးနှိပ်လိုက်ပါ။
၁၂။အောက်ဆုံးကRemove appနေရာကိုနှိပ်ပါ။
၁၃။Removeနေရာကိုထပ်နှိပ်ပေးလိုက်ပါ။ပြီးရင်
အခြားကိုယ်မသုံးတဲ့၊ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့
appများကိုလည်း၊ထိုနည်းအတိုင်းremoveလုပ်၍
ဖယ်ရှားပစ်ပါ။
၁၄။မိမိအကောင့်န်ကနေတဆင့်အလိုအလျောက်
auto spamပုံစံဖြစ်ပြီးstatusတင်မိတာ၊tag
တွဲမိတာ၊groupတွေpageတွေမှာpostတင်၊
commentရေးမိတာမျိုးတွေ၊
virus automatically attacheဖြစ်နေတာမျိုး
တွေရှိ/မရှိ၊ဖြစ်မဖြစ်၊ပြန်လည်စိစစ်ဖို့အတွက်
-Activity Log စာသားနေရာကိုနှိပ်ဝင်ပါ။
၁၅။အဲ့ဒိactivity logနေရာမှာမိမိပြုလုပ်ခဲ့တဲ့
postတွေ၊tagတွေ၊commentတွေshare၊
like စတာတွေတွေ့မြင်ရပါမယ်။
အပေါ်ကfilter နေရာကိုနှိပ်ပြီးတော့လည်း
ကဏ္ဍတစ်ခုခြင်းစီအလိုက် post၊photo၊tag၊
group၊comment၊စသဖြင့်ကဏ္ဍအလိုက်
သီးသန့်ခွဲထုတ်၍ကဏ္ဍတစ်ခုခြင်းစီမှာတွေ့ရတဲ့
sexy virusနဲ့ပက်သက်တဲ့လင့်ခ်တွေ၊postတွေ၊
commentတွေ၊tagတွေကိုdeleteလုပ်၍
ဖျက်ထုတ်ပေးပါ။ဒါဆိုfacebook virusကူးစက်ခံရ
ခြင်းမှလွတ်မြောက်နိုင်ပြီလို့ယူဆရမှာပဲဖြစ်ပါတယ်။
-တကယ်လို့မိမိဟာvirusလင့်ခ်တစ်ခုခုကိုနှိပ်မိ၍
ဖန်တီးထားတဲ့fake websiteတစ်ခုခုထဲသို့ဝင်
ရောက်မိပြီး၊သူတို့fakeလုပ်ထားတဲ့web page
မှာfbအကောင့်န်ကိုloginဝင်ခဲ့မိလို့မိမိအကောင့်န်
လုံခြုံရေးအတွက်သံသယတစ်စုံတရာရှိခဲ့ပါက..........
-မိမိfacebook passwordကိုချိန်းလိုက်ပါ။
-ပြီးရင်facebookလုပ်ထားတဲ့gmailကိုပြန်ချိန်းပါ။
-facebookလုပ်တဲ့gmailကိုဖုန်းနံပါတ်ထား၍
အနည်းဆုံး2stepခံထားပေးပါ။
-fb infoထဲဝင်၍fbလုပ်ထားတဲ့mailကိုhideလုပ်ပါ။
-facebookကိုဖုန်းနံပါတ်ခံ၍loggin approvals
codesခံထားပေးပြီးonထားလိုက်ပါ။
fbအကောင့်န်ကိုloginဝင်တိုင်းfbကsmsကို
loggin approvals codeကုဒ်ပို့ပေးမယ့်စနစ်
ဖြစ်ပါတယ်။(Account Settingsထဲဝင်၊Security
ထဲဝင်၍၊Logging Approvals Onနေရာအမှတ်
ခြစ်၍လက်ရှိသုံးနေတဲ့ဖုန်းနံပါတ်ခံကာOnပေးထား
ရမှာဖြစ်ပါတယ်။)
-ပြီးတော့ 3 trusted friendsနည်းကိုသုံးပြီး
မိမိရဲ့အရင်းနှီးဆုံး၊onlineပေါ်မှာအရှိနိုင်ဆုံး
သူငယ်ချင်းfriendsသုံးယောက်ကိုinviteလုပ်ထား
သင့်ပါတယ်။(မိမိအကောင့်န်hackedခံရပါက
၎င်းသူငယ်ချင်းသုံးယောက်နာမည်ကိုရွေးပေးခြင်း
ဖြင့်fbမှပို့တဲ့confirm codeကို၊friendsသုံးယောက်ဆီမှပြန်လည်တောင်းယူပြီးမိမိအကောင့်န်
ကိုconfirmလုပ်၍ပြန်လည်logginဝင်ရောက်
အသုံးပြုနိုင်မှာဖြစ်ပါတယ်)
-Google Authenticatorလိုapkမျိုး၊
Authy လိုapkမျိုးကိုအသုံးပြု၍security code
များ၊code generator များပြုလုပ်ထားသင့်ပါ
ကြောင်းရေးသားနိဂုန်းချုပ်၍
အဆုံးသတ်လိုက်ပါတယ်။
 -ဤပို့စ်အားစာအုပ်အဖြစ်ဖတ်ရှုလေ့လာနိုင်စေရန်
pdf fileပြုလုပ်ပေးထားပါသည်။အောက်မှာ
ဒေါင်းလုပ်ရယူနိုင်ပါပြီ-
★DOWNLOAD PDF★
http://www.mediafire.com/…/ကိုယ်သုံးနေတဲ့fbအကောင့်န်မှာsexy…
(OR)
http://www.solidfiles.com/d/ea0013ba20
-အောက်ကဆိုဒ်ထဲသို့ဝင်ရောက်၍လည်းဖတ်ရှုနိုင်ပါတယ်-
Visit>>>
http://www.zawthwin.com/2015/07/facebook-sexy-virus.html?m=0
                       လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ