Sunday 9 February 2014

ဖုန်းများ အားကုန် အောင် သုံးခြင်း ကြောင့် ဖြစ်တက်သော ပြသနာ အမျိုးမျိုး နှင့် ဖြေရှင်း ခြင်း


ဖုန်းများ အားကုန် အောင် သုံးခြင်း ကြောင့် ဖြစ်တက်သော ပြသနာ အမျိုးမျိုး နှင့် ဖြေရှင်း ခြင်း ဖုန်း တစ်လုံး က အနည်း ဆုံး ၃.၇ ဗို့ ရှိမှ ပါဝါ တက်ပါမယ် ။ ၃.၇ ဗို့ ထက်နည်း ပါ က ဖုန်း ပေါ် မူတည်ပြီး ပြသနာ အမျိုးမျိုး ဖြစ်ပါတယ် 
၁။ လိုဂို ရပ်ခြင်း 
၂။ လိုဂို ပဲတက်ပြီး ပြန်ကျခြင်း 
၃။ အားသွင်းပုံ ပြ သော်လည်း အားမ၀င် ခြင်း 
၎။ ကြိုးထိုး ထားမှ ပါဝါ ဖွင့် ရခြင်း 
၅။ အားသွင်းပုံ မပြ ပဲ လုံးဝ ပါဝါ ပျောက် ခြင်း 

ဓာတ်ခဲ တွေက 3.7 ဗို့ မှ 4.2 ဗို့ ကြား ထဲ ရှိရပါမယ် ။ 3.7v ထက် လျော့ ပါ က အထက်ပါ error များကြုံ တွေ့ နိုင်ပါတယ် ။ ဘာကြောင့် 3.7ဗို့ အောက် လျော့ ကျ သလဲ ?? အကြောင်း အမျိုးမျိုး ရှိပါတယ် ။ အဓိက အဖြစ် များတာ က တရုတ် ဓာတ်ခဲ တွေ ကြောင့် ပါ ။ ဓာတ်ခဲ သုံးတာ ကြာ ရင် လဲ ဖြစ်တက်ပါတယ် ။ ဖုန်း ic တစ်လုံးလုံး မကောင်း တော့ ရင် လဲ လိုတာ ထက် ပို ပြီး အန်ပီယာ ဆွဲ တဲ့ အတွက် ဖြစ်ပါတယ် ။ ဘယ်လို ဖြေရှင်း မလဲ ??? ပုံ မှန် ဓာတ်ခဲ ထုတ် လို့ ရတဲ့ ဖုန်း တွေ က တော့ ဓာတ်ခဲ ထုတ်ပြီး ညှပ် ခွက် ( ဖားပါးစပ် ) နဲ့ အားသွင်း ကြည့် ပါ ။ 3.0 မှ 3.6 ဗို့ အတွင်း လက်ကျန် ရှိပါက ပြန်သွင်း လို့ အဆင်ပြေ နိုင်ပါတယ် ။ဒါ ပေမယ့် အားကုန်အောင် သုံး တိုင်း ပြန်ဖြစ်နေပါမယ် ။ 3.0V အောက် ရောက်ပါ က ဆိုင် မှာ ပဲ ပြုပြင် နိုင်ပါတော့ မယ် ။ အကောင်း ဆုံးကတော့ ဓာတ်ခဲ လဲ လိုက်ပါ ။ အထူးသဖြင့် ဓာတ်ခဲ အသေ ဖုန်း တွေ မှာ အတက်နိုင် ဆုံးသတိ ထား သုံး ကြပါ ။ ဥပမာ iphone ၊ Tablet စတာ တွေ ဖြစ်ပါတယ် ။ အဲ့ ဓာတ်ခဲ အသေ ဖြစ်တဲ့ အတွက် ကိုယ် တိုင် လုပ် ဖို့ ခက်ခဲ တဲ့ အတွက် ဆိုင် သွား ရပါမယ် ။စက် ဖြုတ် ရတဲ့ အတွက် ၂၀၀၀ ၊ ၃၀၀၀ လောက် တော့ ပေးရမှာ ပါ ။iphone တွေ ကို တော့ Ipad အားသွင်း ခေါင်း နှင့် ကြိုး ကို အသုံး ပြုပြီး ပြန်လည် သွင်း နိုင်ပါတယ် ။ ကဲ သူငယ် ချင်း တို့ လဲ ဖုန်း ကို Battery Low ပေါ် ရင် ဖုန်းပြော ခြင်း ၊ သီချင်း နားထောင် ခြင်း ၊ Game ဆော့ ခြင်း များ မပြု လုပ် ခြင်း ဖြင့် ရှောင်ရှား နိုင်ပါတယ် ။အကောင်း ဆုံး က ဖုန်း 5% ရောက်ပြီ ဆိုရင် ပိတ်ထား လိုက်ပါ ။ သူငယ်ချင်း တို့ ရဲ့ မိတ်ဆွေ၊သူငယ်ချင်း တွေ သိအောင် ရှယ် ပေး လိုက်ပါ ဦး..။

အဆင်ပြေပါစေ..


Credit to - Mobile House  /refer MM IT Helper 



                                                                        
 မှတ်စုများ

✔ Samsung ဖုန်း S4,S3,Note2 ဖုန်းအတွက်​ IMEI ပြဿနာ ​ဖြေရှင်းနည်း✔ aungkyaw.net ဆိုဒ်ကတွေ့ လို့ မျှလိုက်တာ

image


♕  Samsung Galaxy-S4-S3-Note2❦♕
အစရှိတဲ့ ဖုန်း​တွေကို Rom အတင်​အချ လုပ်​လို့ပဲဖြစ်​ဖြစ်​၊Caustom Rom တင်​တာပဲဖြစ်​ဖြစ်​၊Upgrade/Downgrade လုပ်​တာပဲဖြစ်​ဖြစ်​၊ကလိလိုက်​တာ များလို့ပဲဖြစ်​ဖြစ်​၊ဘယ်​လိုအ​ကြောင်းအမျိုးမျိုးနဲ့ပဲဖြစ်​ဖြစ်​​ ပေါ့ဗျာ၊IMEI Code ​ပျောက်​ထွက်​သွားပြီး ဖုန်းဆက်​လို့မရ net error ဖြစ်​​နေတဲ့အဖြစ်​မျိုးနဲ့ကြုံ​တွေ့​နေရတဲ့ အခါမျိုးမှာဖုန်းပြန်ပြောလိုရအောင်လုပ်တဲ့
နည်း ​ပျောက်​​နေတဲ့ IMEI Code ပြန်​ထည့်​သွင်း​ပေးမယ့်​ နည်း​လေးကို post အဖြစ်​တင်​​ပေးလိုက်​ပါတယ်​။
ကျုပ်​ကိုယ်​တိုင်​လည်း ဖြစ်​ခဲ့ဘူးပါတယ်​။
S3 I9300 ကို offi 4.2.2 တင်​လိုက်​တာ IMEI လွင့်​ထွက်​သွားပြီး ဖုန်းပါဆက်​မရတဲ့ net error မျိုး ကြုံခဲ့ဖူးပါတယ်​။တိုင်​ပွတ်​ရုံတင်​မကဘူး တိုင်​ပါကျိုးတဲ့အဖြစ်​မျိုး​ပေါ့ဗျာ။
အဲ ကျုပ်​လိုအဖြစ်​မျိုးကြုံ​နေတဲ့သူ​တွေ အဆင်​​ပြေပြီး တိုင်​ပွတ်​မ​နေ​အောင်​လို့ ရည်​ရွယ်​ချက်​နဲ့ ဒီ post ​လေးကို တင်​ဖြစ်​သွားတာပါပဲ။
Samsung Galaxy S4/S3/Note2 ဒီဖုန်းသုံးမျိုးအတွက်​ပါပဲ။ပြုလုပ်​ပုံနည်းက
တော့ လွယ်​ပါတယ်​။computer laptop တစ်​လုံး​လောက်​ရှိထားဖို့​တော့ လိုတာ​ပေါ့​နော်​။သူ့ရဲ့
လုပ်ပုံလုပ်နည်းလေးကတော့ Odin ထဲကနေပြီးတော့ သူ့ ဖုန်း Model နဲ့ ဆိုင်တဲ့ Tar ဖိုင်လေးတွေကို PDA နေရာမှာထားပြီး
Start ခလုတ်​ကို click နှိပ်​ပေးလိုက်ယုံ​လေးပါပဲ။
Auto Power ပြန်တက်လာရင် အဆင်ပြေသွားပါပြီ။ပြီးရင် ဖုန်းကို Power ပြန်ပိတ်ပြီး Recovery ထဲဝင်ကာ Restart ပြန်ချပေးလိုက်ပါ။အားလုံးလုပ်ပြီးသွားပြီးဆိုပါက ဖုန်းထဲကို Sim Card ထဲပြီးဖုန်းဆက်​လို့ ​ပြောလို့ ​ငွေစစ်​လို့ရသွားပါပြီ။IMEI Code လည်းပြန်မှန်သွားမှာ ဖြစ်​ပါတယ်​။ကဲ လိုအပ်​တဲ့ ​ဒေါင်းရမယ့်​ file ​တွေကို ​အောက်​မှာ လင့်​ခ်​​တွေချ​ပေးလိုက်​ပါတယ်​။
★ Odin3-v3.04 အား​ဒေါင်းရန်​ လင့်​ခ်​★
                          (   ဒါမှမဟုတ်  )
★ Odin3-v3.07 အား​ဒေါင်းရန်​ လင့်​ခ်​★
★ S4 ဖုန်းအတွက်​ Modem_I9500UBUBMG9.tar.md5 အား ​ဒေါင်းရန်​ လင့်​ခ်​★
★ S3 ဖုန်းအတွက်​ Modem XXEMG4.tar.md5 ဖိုင်​အား ​ဒေါင်းရန်​ လင့်​ခ်​★
★ Note2 ဖုန်းအတွက်​ Modem-N7100XXMG1.tar.md5 ဖိုင်​အား​ဒေါင်းရန်​ လင့်​ခ်​★
★ Samsung USB Driver မရှိရင်​ ဒေါင်းရန်​ လင့်​ခ်​★
★ Latest Samsung Kies အား ​ဒေါင်းရန်​ လင့်​ခ်​★

This tutorial will learn you how to fix "not registered on network", wrong IMEI for :
Samsung galaxy S3 GT-I9300 model ONLY.
Samsung galaxy Note 2 GT-N7100 model ONLY.
Samsung galaxy S4 GT-I9500 model ONLY.
Before starting :
Backup your important data first just in case of this process corrupt your data.
Download and install Samsung mobile driver (Skip this if you already have Samsung Kies)  (Link below)
Download MODEM.tar.md5 file then unzip it only one time (Link below)
Download Odin3 then unzip it (Link below) Disable the antivirus software, Close Samsung Kies and disconnect any device connected to USB ports on your computer.
Flashing instructions :
1- Run "Odin3" as administrator, Click on PDA button and navigate to Modem.tar.md5 file that you extracted.
2 - Shut down your device and make sure your device is completely off
3 - Put your device into download mode by pressing and holding (Volume Down + Home + Power) buttons
4 - Press Volume up to continue
5 - Connect the device to your computer by USB cable and wait until you get a sign in Odin (ID:COM section) and "Added" in message box.
6 - Make sure re-partition is NOT SELECTED [Very important]
7- Click Start and wait a few seconds until you see "PASS!".
Notes :
Do not disconnect the cable or turn off the device while flashing
I am not responsible if something wrong happened to your device (use this AT YOUR OWN RISK)
Install Samsung Mobile Driver or Samsung Kies if you don't see a sign in Odin (Step 5)
This process takes maximum 1 minute
In some cases this won't fix the wrong IMEI or "not registered on network" message
If your device stuck in boot loop after downgrading, factory reset your device from recovery mode (Vol up+Home+Power)
refer link http://www.aungkyaw.net/2013/12/samsung-s4s3note2-imei.html


                          လူကြီးမင်း(ကော့သောင်း)မှတ်စုများ

အဖြစ်များ တဲ့ Image signature verify fail ဖြေရှင်းနည်း


Huawei C8812/ C8813/ U8818 တွေ မှာ အဖြစ်များ တဲ့ Image signature verify fail ဖြစ်ရင် ရှင်းဘို့ ပါ လုပ်နည်းက လွယ်ပါတယ် လုပ်ချင်တဲ့ မော်ဒယ် ကို ဒေါင်းလုပ် ဆွဲ ရလာတဲ့ Zip ကို ဖြည်အထဲက dload ဖိုဒါ ကို Sdcard ထဲ ကူးထည့်ပြီး Volume + & - & Power တွဲနှိပ်ပြီး Firmware တင်သလို တင်လိုက်ရုံ ပါဘဲ ( အလုံးတိုင်းတော့ အဆင်ပြေချင် မှ ပြေမယ်နော် )

Download C8812 Boot Repair
C8813 Boot Repair
U8818 Boot Repair

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Credit to : Ko Nay La ( ForumForMyanmar.com )
refer link http://www.maungpauk.org/2013/11/image-signature-verify-fail.html


                            လူကြီးမင်း(ကော့သောင်း)မှတ်စုများ


မေးနေကျ မေးခွန်းများ [~FAQs~]


ဘာမှ မမေးသေးခင် ကိုယ်မေးမဲ့မေးခွန်း ဒီထဲပါလား အရင်ရှာကြည့်ပါ။ အထောက်အကူဖြစ်ပါတယ်။ သူများဖြေတာစောင့်စရာမလိုဘူးပေါ့ဗျာ...    General ->>  
  • ဘာဖုန်းဝယ်ရင် ကောင်းမလဲ - www.gsmarena.com မှာ အရင် လေ့လာကြည့်ပါ။ စုံတဲ့ဆိုင်သွားကြည့် ဈေးမေး အခြေအနေကြည့် စကားချိုချိုသာသာပြော ကလိကြည့် ဖုန်းလေးကိုင်ကြည့်လို့ ရင်ဘတ်နဲ့ ထိတာ ၀ယ်ပါ။
 
  • ဘယ်ဖုန်းလေးက ဘယ်ဈေးရှိလဲ - ဒါကတော့ တကယ်ဝယ်မှာ သေချာရင် ပို့စ်တင်ပီး မေးပါ။ ဖြေပေးပါလိမ့်မယ်။ ဒါပေမယ့် ဒီထဲက ပြောတဲ့ ဈေးတိုင်းလဲ အမှန်မရနိုင်ပါဘူး။မြို့တမြို့နဲ့ တမြို့က မတူလို့ပါ။ reference ပဲ ရနိုင်ပါတယ်။
 
  • root / jailbreak လုပ်ရင် ၀ရမ်တီ ပျက်နိုင်ပါသလား။ - ပျက်နိုင်မပျက်နိုင်သေချာမသိပေမယ့် ခုလောလောဆယ် popular ဖြစ်နေတဲ့ ဖုန်း အများစုက stock firmware ပြန်တင်ရင် root/jailbreak အစအနတောင် မတွေ့အောင်လုပ်လို့ရပါတယ်။ အဲ့တော့ စဉ်းစားကြည့်ပေါ့ဗျာ..။jailbreak လုပ်ထားရင်တော့ Apple Store က Warranty မပေးပါဘူးဒါပေမယ့် မပူပါနဲ့ Restore ပြန်လုပ်ပြီးသွားပါ Warranty ပေးပါတယ်
 
  • ဟိုဆော့ဝဲလ်လေး လိုချင်လို့ ဒီဆော့ဝဲလ်လေး လိုချင်လို့- For Android -www.apkmania.com / www.apktop.com / www.1mobile.com . For iOS - iTunes store /www.pandaapp.com / www.mobilefarm.ygn.me / www.apptrackr.cd / iphonecake.com/appcake/en/ / www.idwaneo.org/appsnew/#.UOsl_Ylete4/ store.heaveniphone.com/home.html ရှာကြည့်ပါ။ မရှိမှ ဒီမှာလာမေးပါ။ သြော်မေ့လို့ တခုကျန်ခဲ့တာ www.google.com မှာလည်း ရှာကြည့်ပါ။ အဲ့ဆိုက်ဒ်လေး မဆိုးဘူးဗျ။ ကောင်းတယ် :P
 
  • မြန်မာဆော့ဝဲလ်တွေ ထဲ့ချင်တာ ပိုက်ဆံလဲ မပေးချင်လို့ အဲ့တာ cracked ထားတဲ့ apk / ipa လေး ရှယ်ယာပါဦး။ - ဒီထဲမှာ မြန်မာဆော့ဝဲလ် developer တွေ ရှိပါတယ် သူတို့ကို ရင်နာအောင် မလုပ်ပါနဲ့။
 
  • ဖုန်းဝယ်လာတာ made in vietnam/ made in china ပဲ ဖြစ်နေလို့။ ကျနော်က made in singapore ပဲလိုချင်တာ။ - စင်္ကာပူမှာ ဘယ်brand ဖုန်းမှ စက်ရုံဆောက်ပီး မထုတ်ပါဘူး။
 
  • ကျနော့် ဖုန်းလေးေ၇ာင်းချင်လို့...။ - ဖုန်းအခြေအနေ၊ သုံးထားတာ ကြာမကြာ၊ ဖုန်းရဲ့ ဒဏ်ရာဒဏ်ချက် ဖြစ်နိုင်လျင် ဓါတ်ပုံရိုက်ပီး .. အေ၇ာင်းနိုင်ဆုံး ဈေးကိုပြောပါ။ မဖြစ်နိုင်တဲ့ဈေးပြောရင် ဘယ်သူမှ စိတ်မ၀င်စားပါဘူး။
 
  • MyRingTune ဆားဗစ် ဖြုတ်ချင်လို့/ ထဲ့ချင်လို့ - GSM 0973174488, CDMA 0973174455 ဒီနံပါတ်တွေကိုဆက်လိုက်ပါ။
 
  • Prepaid စနစ်ပြောင်းချင်လို့ - 18812 ကို YES ဟု Message ပို့ပါ။
 
  • GSM ငွေဖြည့်ကဒ်ကို တခြားနံပါတ်ကို လွဲပေးချင်လို့ - *123*pincode*phone number# Call 
 
  • ရွှေဈေး ငွေဈေ ဗေဒင် ဘောလုံးပွဲသတင်း တွေကို Message နဲ့ ပို့ပေးတဲ့ ဝန်ဆောင်မှု့ အကြောင်း အသေးစိတ်သိလိုပါက - 1876 ( Operator ) သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ
 Android  ->>>  
  • ကျနော်ပို့တဲ့ မြန်မာ မက်ဆေ့ခ်ျက တခြားမှာ ? တွေပဲပေါ်နေလို့- message/setting/input/automatic or unicode လို့ပြောင်းပါ
 
  • ကျနော့် android ဖုန်းမှာ မက်ဆေ့ မထွက်လို့- အလွယ်ဆုံးနည်းက nokia / sony ဖုန်း အဟောင်းတလုံးမှာ မထွက်တဲ့ sim card ထဲ့ပီး message center no +9595930003 or +9595930014 လို့ပြောင်းလိုက်ပါ
 
  • ဗားရှင်းမြှင့်ချင်လို့ - လုပ်ဖူးတဲ့အတွေ့အကြုံ၊ english စာအခြေခံနဲနဲ ရှိရင် google ပါ။ root မလုပ်ထားရင် OTA (over the air) နဲ့ update လုပ်ပါ။ root လုပ်ထားရင် tips -  samsung ဆို ODIN , Huawei ဆို dload , Sony ဆို Flashtools, HTC ဆို RUU ။ ဒေါင်းရမဲ့နေရာကို ဒီမှာစုပေးထားတယ် https://www.facebook.com/groups/MyanmarMobileUsers/doc/501881649836207/
 
  • အင်တာနက် setting ဘယ်လို ထဲ့ရမလဲ - setting/wireless and network/more/APN/ option key > create new apn> name - mpt, APN - mptnet, Authentication type - PAP or CHAP. Save and Reboot ur phone. 
 
  • ဆိုင်မှာ မြန်မာဖောင့်ထဲ့ထားတာ ခုကြည့်ကြည့်တော့ မမှန်လို့- version ကြည့်ပါ။ 4.0+ (ICS) ဆိုရင် ကျန်တဲ့နေရာမှန်ပေမယ့် Facebook နဲ့ အင်တာနက်ဖတ်ရင်ော x် တွေ လွဲပါမယ် ပုံမှန်ပါ။ (သတင်းကောင်းပါ facebook v.2 မှာ newsfeed မှာ မြန်မာဖောင့်မှန်ပါပီ) ။4.1 + (jelly bean) ဆိုရင် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် မြန်မာဖောင့် (ော x်) လွဲနေပါမယ် ပုံမှန်ပါ။ကိုင်တဲ့ဖုန်းက sony ericsson ဆိုရင်  -ျ တွေ အပေါ်တက်နေပါ လိမ့်မယ်။ ဒါဆိုရင် android 2.3.6 ဆိုရင် zawgyi installer သုံးပီး မြန်မာဖောင့်ထဲ့ရင် မှန်ပါမယ်။ android 4.0.4 တွေ ဆိုလျင့် ဒီလင့်ခ်မှာလေ့လာပါhttps://www.facebook.com/groups/MyanmarMobileUsers/doc/504237706267268/
 
  • ဖုန်းကို root လုပ်ချင်လို့ သူများလဲ ပိုက်ဆံမပေးချင်လို့/ကိုယ့်ဖုန်းကို ကိုယ့်ဟာကိုလုပ်ကြည့်ချင်လို့- ကိုယ့်ဟာကို လုပ်ကြည့်ချင်ရင် ကိုယ့်ဟာကို အရင် google ကြည့်ပါ မရလျှင် ဒီမှာလာမေးပါ။ အားတဲ့သူဝင်ဖြေပေးပါလိမ့်မယ်။
 
  • ကျနော့် Huawei မှာ google applications တွေ ပါမလာလို့- root လုပ်ရပါမယ် ။ ပီးတော့ cwm ထဲ့ပီး gapps ကို flash ရပါမယ်။ cwm ထဲ့မရတဲ့ huawei တွေ ဆို တော့မရပါ။ talk အစား ebuddy messenger, IM+pro သုံးပါ။
 
  • စက်ရုပ်ထဲကနေ google play store ၀င်မရလို့..။ - ခရစ်စမတ်လက်ဆောင်နဲ့ တူပါရဲ့ Dec 25, 2012 မှာ ပလေးစတိုးက မြန်မာကို ၀င်ခွင့်ပေးလိုက်ပါပီတဲ့ မြန်မာကပိတ်ထားတဲ့ port ကို Proxydroid OR DroidVPN နဲ့ ကျော်နိုင်ရင် ရပါပီ....ဒီလင့်ခ်ကို သွားပါ>> https://www.facebook.com/groups/MyanmarMobileUsers/doc/503133706377668/
 
  • စက်ရုပ်မှာ root မရလို့/ မroot ပဲ မြန်မာဖောင့် မြင်ချင်လို့- for browser - 1st myanmar browser. message -  SMS4MM. for contact and dialer - mmhubdialer, myandialer, mcontact (paid), chat - CHAT4MM
 
  • HD Gameတွေကို စက်ရုပ်ပေါ်ကနေဆော့ချင်တယ်ဗျာ။ဘယ်လိုထည့်ဆော့ရမှန်း မတိလို့ ကူညီဂျပါဗျို့။ - စက်ရုပ်မှာ hd game တွေ ထဲ့တာ ရချင်ရမယ် မရချင် မရဘူး။ ဆိုတော့ ကိုယ့်ဖုန်း gpu ဘာလဲ ဆိုတာ အရင်လေ့လာပါ။ ဒေါင်းလုပ်ဆွဲရမဲ့ ဆိုက်ဒ်တွေမှာ apk+data file တွေနဲ့ တင်ပေးလေ့ရှိပါတယ်။ ဥပမာ note 2 ဆိုရင် Mali GPU ပါ။ for mali ဆိုတဲ့ data ဖိုင်လ်ကို ဆွဲရမှာပါ ရချင်ရမယ် မရချင်မရဘူး။ နောက်တခု ဒီမှာ သွားလေ့လာပါhttps://www.facebook.com/groups/MyanmarMobileUsers/doc/516875015003537/ 
 
  • ဖုန်း ဘက်ထရီ ကြာကြာမခံလို့..။ - သုံးတာ ကြာမကြာ အရင်ကိုယ့်ဟာကို ဆုံးဖြတ်ပါ။ battery calibration လုပ်သင့်လျှင် လုပ်ပါ။ နောက် လင့်ခ်ကိုသွားပီး နံပါတ်၃ ကိုဖတ်ပါ။https://www.facebook.com/groups/MyanmarMobileUsers/doc/504057192951986/
 
  • ကျနော့်ဖုန်းကို ကွန်ပြူတာက မသိလို့/ ဆော့ဝဲလ်လဲ ဘယ်လိုသွင်းရမှန်းမသိလို့ for android -  for android 2.3.6> Setting/application/developemnt/usb debugging on ပါ။။ for android 4.0+> setting/developers option/usb debugging on ပါ။  >setting ထဲမှာ unknown ဆိုတာ ရှာပီး on ပါ။ http://www.wondershare.com/ ကိုသွားပီး PC Suite for android ကို ဒေါင်းရ်ျ ဆော့ဝဲလ်ထဲ့ပါ။ 
   Apple ->>>
  • ios v6.0 + တွေ jailbreak ရပီလား။ - လောလောဆယ် ဒီစာရေးနေချိန် (၈.၁၂.၂၀၁၂) အထိဆိုရင်တော့ iPhone 3GS, iPhone 4 နဲ့ iPod Touch 4 ၃မျိုးအတွက်သာ Tethered Jailbreak ရပါသေးတယ်။ Tethered jailbreak ဆိုတာကတော့ ပါဝါတခါ ပိတ်သွားတိုင်း ကွန်ပျူတာသုံးပြီး redsn0w (သို့) iBooty နဲ့ ပြန်နှိုးပေးရတာမျိုးကို ခေါ်ပါတယ်။
   
  • အိုင်ဖုန်း အိုင်ပတ်တွေမှာ jailbreak မလုပ်ပဲ မြန်မာဖောင့် မြင်ချင်လို့...။ - ဖုန်းရဲ့ နေရာတကာမှာ မမြင်နိုင်ပါ။ for browser - Mogok Browser , for chat – myanchat, Message - Be Patient
 
  • အိုင်ဖုန်းတွေ ၁၉၉ ဒေါ်လာနဲ့ ရတာကို ဒီမှာ ရသိန်း ဂသိန်း ရောင်းပီး အမြတ်ကြီးစားနေတယ် ဘာလို့လဲ - ၁၉၉ ဒေါ်လာဆိုတာ သူတို့ Carrier နဲ့ တွဲရောင်းတဲ့ဖုန်းတွေပါ။ Official unlock ဆို မရပါဘူး။
 
  • အိုင်ဖုန်းမှာ Lock နဲ့ Unlock ဆိုတာဘာလည်းဗျ - လွယ်လွယ်ဖြေရရင်တော့ Unlock မှသာ ကြိုက်တဲ့ ဆင်းကဒ်နဲ့ (ဥပမာ MPT Sim Card) တွဲသုံးလို့ရပါတယ်။ Lock ဆိုရင် သူတို့ တွဲရောင်းတဲ့ Carrier (eg : AT&T) နဲ့ပဲ သုံးရမှာပါ။ 
 
  • ကျနော့် အိုင်ဖုန်း/အိုင်ပတ် လေး ဆိုင်မှာဆော့ဝဲလ် ထဲ့လာတာ ခုဝင်မရတော့ဘူး - ပထမထဲ့ပေးတဲ့ဆိုင်က Official ၀ယ်ထဲ့ထားတဲ့ဆော့ဝဲလ်တွေ ထဲ့ပေးလိုက်ရင် ..ကိုယ့်အကောင့်ဒါမှမဟုတ် နောက်ထပ်ကွန်ပြူတာတလုံးလုံးက တခြားအကောင့်ကို ထဲ့လိုက်ရင် / sync လိုက်ရင် ပထမ အကောင့်မှာထဲ့ထားတဲ့ဆော့ဝဲလ်တွေ ၀င်လိုက်တာနဲ့ပြန်ပြန်ထွက်ကုန်တာပါ။ (cracked တွေ ထဲ့ပေးလိုက်ရင်တော့ ကိစမရှိပါဘူး) ။ ပြန်ဝင်လို့ရချင်ရင်တော့ ပထမဆိုင်ကိုသာ ပြန်သွားပါ။
 
  • iphone မှာ internet setting ထဲ့ချင်ရင် - Setting/General/Cellular/Cellular Data Network မှာ APN နေရာ သုံးခုလုံးမှာ mptnet လို့ရေးရ်ျ restart ချပါ။
 
  • ကျနော့် အိုင်ဖုန်းလေး မက်ဆေ့ခ်ျ အထွက်မရလို့ - **5005*7672*+9595930003# Call and Reboot Your iphone
 
  • iphone မှာ Call Recorder ထဲ့ချင်လို့ - NO!!!
 
  • iphone မှာ bluetooth ပို့ချင်လို့ - မရပါ..။ zapya ဆိုတဲ့ wifi sharing app ဆော့ဝဲလ်လေး store က ဒေါင်းပီးသုံးပါ။ ပိုတောင် မြန်ပါတယ်..။
 
  • ipadက..ဖုန်းပြောလို့..ရလား..ခင်ဗျ - apple က ထုတ်တုန်းကတော့ ဖုန်းပြောလို.မရပါခင်ဗျ
 
  • ကျနော့် i Devices က ဘယ်ကလာလဲ ဘယ်ကထုတ်လဲ official lockလား unlock လား မသိလို့ - ဒီဆိုက်ဒ်မှာ ရှာပါခင်ဗျာ http://iphonefrom.com/
 Symbian OS (Nokia)>>      
  • ဒီအမေးအဖြေတွေကလည်း ဆိုးရွားလိုက်တာ ဒါပေမယ့် ကျနော့်မှာ မေးစရာတစ်ခု ရှိနေသေးတယ် မေးလို့ရမလား - အောက်မှာ ပို့စ်တင်ပီး မေးဖို့ဝန်မလေးပါနဲ့ ;) 


Created By MMUC members..



ဒီထဲမှာမပါသေးဘူး.. ထပ်လဲသိချင်သေးတယ်ဆိုရင်
https://www.facebook.com/groups/MyanmarMobileUsers/doc/505143199510052/

ဒီထဲကိုလာမေးပါ။
လူကြီးမင်းမေးခွန်းက မေးတဲ့သူများတယ်ဆိုရင် ထပ်ပေါင်းထည့်ပေးပါမည်။
 
 
 
                           လူကြီးမင်း(ကော့သောင်း)မှတ်စုများ


Huawei ဖုန်း 12 လုံးအတွက် firmware တင်ရင် updtae failed ဖြစ်မှာ မပူတော့နဲ့။

Huawei ဖုန်း 12 လုံးအတွက် firmware တင်ရင် updtae failed ဖြစ်မှာ မပူတော့နဲ့။ ဒီမှာလာပြီ Huawei Stock Recovery Installer

Credit To MMSD

 ဘာလေး လုပ်ပေးရင်ကောင်းမလဲ စဉ်းစားလိုက်တော့။ Firmware တင်ရင်
Update Failed ဖြစ်နေကြတာ တွေ့တော့ ဘယ်လို ဖြေရှင်းရမလဲ မသိတဲ့သူတွေအတွက်ကျွန်တော်
တတ်နိုင်သလောက်လေး လုပ်ပေးထားတာလေးပါ။ လိုချင်ရင်တော့ ယူကြဗျာ။
 Huawei Stock Recovery Installer
လို့တော့ နာမည်ပေးထားတယ်။သူက ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတော့။ Official Firmware မှာ ပါတဲ့ boot.img နဲ့recovery.img ကို သွင်းပေးမှာပါ။ ကျွန်တော် နားလည်ထားသလောက်ကတော့
 Update Failed ဖြစ်ရတဲ့ ပြသနာက 
တင်ထားတဲ့ Recovery ( CWM ပေါ့နော်) က firmware တင်တဲ့အခါမှာ Support မပေးနိုင်လို့
 Update Failed
ဖြစ်တယ်လို့ သိထားပါတယ်။အဲဒါကြောင့် ဒါလေးကို ဖန်တီးဖြစ်သွားတာပါ။ နောက်တစ်ချက် ဆိုင်သမားတွေ
အကြိုက်တွေ့မယ်လို့ ထင်ပါတယ်။ Root ဖောက်ဖို့အတွက် CWM တင်ပေးလိုက်တဲ့အခါမှာ ပါဝါပိတ်ပြီး အားသွင်းတဲ့အခါ
Recovery Mode ထဲကို ရောက်သွားတဲ့ ပြသနာကလည်း ကင်းဝေးပါလိမ့်မယ်။ နောက်တစ်ချက် ဘုမသိ၊ဘမသိကလိတတ်တဲ့ Customer တွေ Recovery mode ထဲရောက်ပြီး ဟိုဟာ လုပ်မိ၊ ဒီဟာ လုပ်မိလို့ကိုယ်လုပ်ပေးထားတာလေးတွေ ပျက်ပြီး နောက်တစ်ခေါက် ပြန်လုပ်မပေးရတော့ဘူးပေါ့ဗျာ။ကဲ..ကဲ… ဟုတ်ရဲ့လားတော့
စမ်းကြည့်လိုက်ကြပါအုံး။ ဘာတွေအတွက် ပါမလဲတော့ သိချင်မှာပေါ့နော်။ ဒါတွေ ပါပါတယ်။
1.U8650
2.C8650
3.U8661 Sonic+
4.C8800
5.C8810
6.C8812
7.U8818
8.U8950D
9.U8825D
10.C8825D
11.U8860
12.C8860E
အောက်မှာ ယူဗျာ။ လိုင်းမကောင်းတော့ တင်လို့ ရတဲ့ နေရာကနေပဲ တင်ပေးလိုက်နိုင်တာကို ခွင့်လွတ်ကြနော်။
Download Link 1 : https://www.box.com/s/hokw38sewu1p0amqc8yh
Download Link 2 :https://www.sugarsync.com/pf/D0019460_943_25963148
Download Link 3 : https://www.dropbox.com/s/9vd0329dr2njuug/HuaweiStockRecoveryInstaller%203y%20H%40NL%40Y.exe
အားလုံးပဲ အဆင်ပြေကြမယ်လို့ ထင်ပါတယ်နော်။

credit to Ko hanlay (MMSD)Huawei ဖုန်း 12 လုံးအတွက် firmware တင်ရင် updtae failed ဖြစ်မှာ မပူတော့နဲ့။ ဒီမှာလာပြီ Huawei Stock Recovery Installer
Credit To MMSD
ဘာလေး လုပ်ပေးရင်ကောင်းမလဲ စဉ်းစားလိုက်တော့။ Firmware တင်ရင်
Update Failed ဖြစ်နေကြတာ တွေ့တော့ ဘယ်လို ဖြေရှင်းရမလဲ မသိတဲ့သူတွေအတွက်ကျွန်တော်
တတ်နိုင်သလောက်လေး လုပ်ပေးထားတာလေးပါ။ လိုချင်ရင်တော့ ယူကြဗျာ။
Huawei Stock Recovery Installer
လို့တော့ နာမည်ပေးထားတယ်။သူက ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတော့။ Official Firmware မှာ ပါတဲ့ boot.img နဲ့recovery.img ကို သွင်းပေးမှာပါ။ ကျွန်တော် နားလည်ထားသလောက်ကတော့
Update Failed ဖြစ်ရတဲ့ ပြသနာက
တင်ထားတဲ့ Recovery ( CWM ပေါ့နော်) က firmware တင်တဲ့အခါမှာ Support မပေးနိုင်လို့
Update Failed
ဖြစ်တယ်လို့ သိထားပါတယ်။အဲဒါကြောင့် ဒါလေးကို ဖန်တီးဖြစ်သွားတာပါ။ နောက်တစ်ချက် ဆိုင်သမားတွေ
အကြိုက်တွေ့မယ်လို့ ထင်ပါတယ်။ Root ဖောက်ဖို့အတွက် CWM တင်ပေးလိုက်တဲ့အခါမှာ ပါဝါပိတ်ပြီး အားသွင်းတဲ့အခါ
Recovery Mode ထဲကို ရောက်သွားတဲ့ ပြသနာကလည်း ကင်းဝေးပါလိမ့်မယ်။ နောက်တစ်ချက် ဘုမသိ၊ဘမသိကလိတတ်တဲ့ Customer တွေ Recovery mode ထဲရောက်ပြီး ဟိုဟာ လုပ်မိ၊ ဒီဟာ လုပ်မိလို့ကိုယ်လုပ်ပေးထားတာလေးတွေ ပျက်ပြီး နောက်တစ်ခေါက် ပြန်လုပ်မပေးရတော့ဘူးပေါ့ဗျာ။ကဲ..ကဲ… ဟုတ်ရဲ့လားတော့
စမ်းကြည့်လိုက်ကြပါအုံး။ ဘာတွေအတွက် ပါမလဲတော့ သိချင်မှာပေါ့နော်။ ဒါတွေ ပါပါတယ်။

  • 1.U8650
  • 2.C8650
  • 3.U8661 Sonic+
  • 4.C8800
  • 5.C8810
  • 6.C8812
  • 7.U8818
  • 8.U8950D
  • 9.U8825D
  • 10.C8825D
  • 11.U8860
  • 12.C8860E
အောက်မှာ ယူဗျာ။ လိုင်းမကောင်းတော့ တင်လို့ ရတဲ့ နေရာကနေပဲ တင်ပေးလိုက်နိုင်တာကို ခွင့်လွတ်ကြနော်။
Download Link 1 : https://www.box.com/s/hokw38sewu1p0amqc8yh
Download Link 2 :https://www.sugarsync.com/pf/D0019460_943_25963148
Download Link 3 : https://www.dropbox.com/s/9vd0329dr2njuug/HuaweiStockRecoveryInstaller%203y%20H%40NL%40Y.exe
အားလုံးပဲ အဆင်ပြေကြမယ်လို့ ထင်ပါတယ်နော်။

credit to Ko hanlay (MMSD) facebook မှ ကူးယူဖော်ပြသည်
 
                              လူကြီးမင်း(ကော့သောင်း)မှတ်စုများ

Y320-U01 မှာ ဆော့ဝဲတွေ သွင်းလိုမရခြင်း အကြောင်း သိကောင်းစရာ

Huawei Y320-U01 မှာ ဆော့ဝဲတွေကို သွင်းရင် Activated nofound ဘဲ
ပြနေတတ်ပါတယ်။အဲဒါဘာကြောင့်လဲဆိုရင် သူရဲ့ နဂိုပါတဲ့ System software
တစ်ခုကြောင့် ဖြစ်နေတာပါ။သူရဲ့ System ထဲက software ကိုလည်း လွယ်လွယ်
ကူကူ ဖြုတ်လို့မရပါဘူးခင်ဗျာ။ဆော့ဝဲသုံးပေးမှ ရမှာ ဖြစ်ပါတယ်။
Huawei Y320-U01 မှာ Vroot နဲ့ ဖောက်ပေမဲ့လည်း Superuser request မပေး
ပါဘူးခင်ဗျာ အဲဒီအတွက်ကြောင့် ကျွန်တော်ပေးတဲ့ ဆော့ဝဲလေးကို သုံးပေးပါခင်ဗျာ
Proroot APK ကို သုံးပေးပါ။ APK နဲ့ root ဖောက်ချင်း ဖြစ်ပါတယ်။
Proroot APK နဲ့ root ဖောက်ပြီးသွားရင် Superuser request ပေးလာတာကို တွေ့
ရပါလိမ့်မည်။ပြီးပြီဆိုရင် System_app_remover APK ကို သုံပေး ရပါလိမ့်မည်။
System app remover APk ဆိုတာကတော့ သူရဲ့ နဂိုပါတဲ့ system apk တွေကို
ဒီဆော့ဝဲလေး သုံးပြီး ဖျက်ပြစ်မှာ ဖြစ်ပါတယ်။
အဲဒီတော့ အောက်မှာ ပေးထားတဲ့ တရုတ်စာလေးနဲ့ APK လေးကို System app remover
apk သုံးပြီး ဖျက်ပစ်လိုက်ပါ။အဲဒီ တရုတ်ဆော့ဝဲလေး ပျက်သွားပြီဆိုရင် မိမိထည့်ချင်တဲ့
APK တွေ ထည့်သုံးလို့ရပါပြီ။

Huawei-original-Y320-U01-Dual-SIM-3G-smartphone-WCDMA-GSM-mobile-phone-supports-multiple-languages-2013
Untitled
Untitled1

Download Here >>
Pro root apk >> http://www.mediafire.com/download/k9goemnf3o2z9b6/ProRoot.apk <<
System app remover apk >>
http://www.mediafire.com/download/bs2j3yryq8qp1sv/System_app_remover_3_0_1015.apk <<
Credit
(Aung Min Han – MMUG)

                               လူကြီးမင်း(ကော့သောင်း)မှတ်စုများ

သင့်ရဲ့ဖုန်း Original စစ်မစစ် စမ်းသပ်နည်း




by - Guide Magazine


သင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖြော်ပပေးလိုက်ပါတယ။်

ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။

ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5

အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-
(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင်
သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင်
သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။

(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင်
သင့်ရဲ့ ဖုန်းကို ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

(၄) 00 ဖြစ်မယ်ဆိုရင်တော့
သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) 13 ဖြစ်မယ်ဆိုရင်တော့
သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။

အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။

refer link => ffspg.blogspot.com


                           လူကြီးမင်း(ကော့သောင်း)မှတ်စုများ

ဖုန်း Model ပေါင်း ၁၀၀၀၀ ကျော် Android 4.3 ထိ Root နိုင်တယ်ဆိုတဲ့ Perfect Root 1.0.6 Official Version


 
ဖုန်း Model ပေါင်း ၁၀၀၀၀ ကျော် Android 4.3 ထိ Root နိုင်တယ်ဆိုတဲ့ Perfect Root 1.0.6 Official Version အသစ်စက်စက်ကို တင်ပေးလိုက်ပါတယ်.. ဒီနေ့ 25.9.2013 ရက်စွဲနဲ့ထွက်လာတဲ့ ဗားရှင်းပါ.. VRoot လောက်တော့ နာမည်မကြီးပါဘူး.. ဒါပေမယ့် နာမည်အကြီးဆုံး Brand တွေဖြစ်တဲ့ Samsung, HTC, Google , SONY တွေကို Root ဖို့ အဓိက ထုတ်လုပ်ထားတာလို့ဆိုပါတယ်.. နာမည်ကြီး Brand တွေ အပါအဝင် Brand မျိုးစုံရဲ့ Model ပေါင်း ၁၀၀၀၀ ကျော်ကို Root ပေးနိုင်တယ်လို့ဆိုပါတယ်.. ဒီဗားရှင်းမှာ ခု နောက်ဆုံးထွက် Android 4.3 ထိ Support ပေးထားတယ်လို့ဆိုပါတယ်.. ကျွန်တော်ကတော့ 4.3 ဆိုတာ မြင်တောင် မမြင်ဖူးသေးပါဘူး.. မိတ်ဆွေများ ကြုံရင် Root လို့ရအောင် ဆောင်ထားသင့်ပါတယ်..

Perfect ROOT is the perfect brush's a versatile tool for Android phones ROOT, ROOT original twin-engine program. And supports Samsung, HTC, Sony, Google a few big brands more than a thousand models a key root , and remove the ROOT and installed automatically with the drive function.
ROOT perfect self-developed twin-engine technology greatly improves the success rate of Brush, the majority Andrews Friends of the machine tool of choice for ROOT privileges

Perfect for root characteristics
A key to root
without any preparation
massive models
support eight brands more than a thousand models Xpress root
highest success rate of
the most stable root tool

Update log
1 optimized version of Android 4.3 ROOT processes.
2 Corrected a bug, fix Samsung, Sony and other brands of supported models root failures.

Download:

DropBox

Dev-Host 

credit by
မောင်ပေါက်< Knowledge Note > mmithelper
 
လူကြီးမင်း(ကော့သောင်း)မှတ်စုများ