Friday 4 September 2015

ဖုန်းခေါ်ဆိုသူရဲ့ သတင်းအချက်အလက်များကို Facebook မှ ရယူ ပြသပေးမယ့် Hello – Caller ID & Blocking

ဖုန်းခေါ်ဆိုသူရဲ့ သတင်းအချက်အလက်များကို Facebook မှ ရယူ ပြသပေးမယ့် Hello – Caller ID & Blocking


သင့်ဖုန်းရဲ့ Contact ထဲမှာ မရှိတဲ့ လူတစ်ယောက်က သင့်ထံ ဖုန်းခေါ်ရင် သူ့ရဲ့ နာမည်နဲ့ အခြားသတင်းအချက်တွေကို သင်မသိနိုင်ပါဘူး။ 

သင့်ဖုန်းရဲ့ Contact ထဲမှာ မရှိရင်တောင် ဖုန်းခေါ်သူရဲ့ နာမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာနဲ့ မွေးနေ့ စတဲ့ သတင်းအချက်အလက်တွေကို ပြသပေးနိုင်တာက Hello ဖြစ်ပါတယ်။ 

Hello ကို Facebook က တီထွင်ထားတာဖြစ်ပြီး App က Facebook မှ သတင်းအချက်အလက်များကို ရယူပြီး ပြသပေးတာ ဖြစ်ပါတယ်။ 

Hello က တစ်နည်းအားဖြင့် Dialer App ဖြစ်ပြီး သင့်ဖုန်းရဲ့ မူလ Dialer နေရာမှာ အစားထိုးနိုင်ပါတယ်။ 

Hello မှာ ဖုန်းသရဲတွေကို အလိုအလျှောက် Block လုပ်ပေးနိုင်တဲ့ စွမ်းဆောင်ချက် ပါရှိသလို သင် အလိုမရှိတဲ့ ဖုန်းနံပါတ်များကိုလည်း Block နိုင်ပါတယ်။

သင့်ဖုန်းမှာ Facebook ကို ထည့်သွင်းထားသူများအတွက် Hello ကို အင်စတောလုပ်ပြီးရင် သင့်အကောင့် နာမည်ကို ပြသပေးမှာပါcontinueနိပ်ပါ

နောက်အဆင့်မှာ Caller ID ကို ပြသမယ့် စကရင်အတွက် Draggable Card or Full Screen ကို ရွေးချယ်ခိုင်းပါတယ်။ 

ထင်ထင်ရှားရှားမြင်ရအောင် Full Screen ကို ရွေးချယ်နိုင်ပါတယ်။ ပြီးရင် Continue ကို နှိပ်ပါ

ဖုန်းသရဲတွေကို Block ဖို့ နောက်အဆင့်မှာ Commonly blocked numbers မှာ On ပေးပြီး Continue ကို နှိပ်ပါ။

 နောက်အဆင့်တွေမှာ Hello ရဲ့ စွမ်းဆောင်ချက်တွေကို ပြသပေးမှာ ဖြစ်ပြီး Continue ကို နှိပ်ပါ။

ပြီးရင်တော့ Hello ရဲ့ Main Screen ကို ရောက်ရှိပါပြီ။ History ကဏ္ဍထဲမှာ Incoming နဲ့ Outgoing Calls 
များကိုပြသပေးထားပါတယ်

Contact တစ်ခုကို နှိပ်ရင် သူ့ရဲ့ Facebook မှာ Public အနေနဲ့ ထည့်သွင်းထားတဲ့ သတင်းအချက်အလက်များကို တွေ့ရမှာ ဖြစ်ပါတယ်။ 

Mutual Friends အရေအတွက်၊ နေရပ်လိပ်စာ၊ တက္ကသိုလ် စတာတွေ ဖြစ်ပါတယ်။ 

Call for free မှ Call နဲ့ Messenger ခလုတ်ကို နှိပ်ရင် Messenger ကနေ အခမဲ့ ဖုန်းပြောနိုင်၊ စာပို့နိုင်မှာပါ။ ( သင့်ဖုန်းမှာ Messenger ထည့်သွင်းထားဖို့ လိုပါတယ်။ ) 

အောက်မှ ဖုန်းနံပါတ်များကို နှိပ်ပြီး အခကြေးငွေနဲ့ ဖုန်းပြောနိုင်ပါတယ်။ ညာဘက်မှ Message ခလုတ်ကို နှိပ်ပီးအခမဲ့ပေးပို့နိုင်ပါတယ်။

History မှ အဆက်အသွယ်တစ်ဦးကို ဖိထားရင် Edit , Block , Delete လုပ်နိုင်ပြီး လျှင်မြန်စွာ ဖုန်းခေါ်နိုင်ဖို့ home screen မယ်shotcutလုပ်ထားနိုင်ပါတယ်

History ရဲ့ ညာဘက်မှာ Dialer ကို အသုံးပြုနိုင်ပါတယ်။ Dialer ရဲ့ ညာဘက်မှာ သင့်ဖုန်းမှ အဆက်အသွယ်များအပြင် Facebook မှ သူငယ်ချင်းများကို ပြသပေးထားပါတယ်။ 

အပေါ်ဆုံးမှာ Favorite များကို ပြသပေးထားပြီး Edit ကို နှိပ်ပြီး ရွေးချယ်နိုင်ပါတယ်။

Settings ထဲမှ Use Hello to Call ထဲသွားရင် သင့်ဖုန်းရဲ့ မူလ Dialer နေရာမှာ Hello ကို အစားထိုးဖို့ နည်းလမ်းကို ပြသပေးထားပါတယ်။ 

မူလ Dialer App ကို ဖိပြီး Home Screen ကို ရွှေ့ပေးပါ။ Hello ကို ဖိပြီး ယခင် Dialer App နေရာမယ်ထားပေးနိုင်ပါတယ်

Hello ရဲ့ အဓိက စွမ်းဆောင်ချက်တစ်ခုက Facebook မှ သူငယ်ချင်းများနဲ့ စားသောက်ဆိုင်များ၊ ကုန်ပစ္စည်းအရောင်းဆိုင်များလို Facebook Page များကို ရှာဖွေနိုင်တာ ဖြစ်ပါတယ်။ 

ဥပမာအားဖြင့် စားသောက်ဆိုင်တစ်ခုကို ရှာကြည့်ရင် တည်နေရာ၊ ဖုန်းနံပါတ်၊ Like အရေအတွက်တို့လို စားသောက်ဆိုင်က Page မှာ ပံ့ပိုးပေးထားတဲ့ သတင်းအချက်အလက်များကို တွေ့နိုင်ပါတယ်။ 

Add Contact ကို နှိပ်ပြီး အဲဒီစားသောက်ဆိုင်ကို သင့်ဖုန်းရဲ့ Contact ထဲထည့်နိုင်ပါတယ်။ Go to Page ကို နှိပ်ပြီး အဲဒီ Page ကိုသွားနိုင်ပါတယ်။

Hello ဟာ Facebook မှ သတင်းအချက်အလက်များကို ရယူပြီး သင့်ကို ဖုန်းခေါ်သူများရဲ့ သတင်းအချက်အလက်များကို ပြသပေးနိုင်တဲ့အတွက် ထူးခြားဆန်းသစ်ပြီး အသုံးဝင်တဲ့ App တစ်ခု ဖြစ်ပါတယ်။ 

Hello က Missed Calls , Blocked Calls များအတွက် Notifications များကိုလည်း ပြသပေးနိုင်ပြီး အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။

Google Play Store

                     လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

No comments:

Post a Comment