Wednesday 29 January 2014

USB Drive ထဲက Data တွေကို အမြန်ဆုံး Speed နဲ့ Copy ကူးရအောင်ဗျာ

USB Drive ထဲက Data တွေကို အမြန်ဆုံး Speed နဲ့ Copy ကူးရအောင်ဗျာ

www.winkabarkyaw.co.cc

 ဒီနေ့ USB Pendrive ကနေ Software တစ်ခု လို လို့ စက်ထဲကို Copy ကူးထည့်တာ တော်တော်နဲ့ မပြီးနိုင်ဘူးဗျာ... ဒါနဲ့ မြန်အောင် ဘယ်လို လုပ်ရမလဲ စဉ်းစားရင်း နည်းလမ်းရှာဖွေကြည့်တဲ့အခါ ဒီနည်းလမ်းလေးနဲ့ Copy ကူးကြည့်တော့ စိတ်ကျေနပ်လောက်အောင် မြန်လာတာတွေ့ရပါတယ်..:)

ကဲ...သူငယ်ချင်းတို့လဲ ကျနော့လို Copy ကူးတာ အချိန်ကုန်မခံချင်ရင် ဒီလမ်းကြောင်းအတိုင်းသွားပြီး ပြင်ပေးလိုက်ပါ...:)


  start >> search box ထဲကို Device Manager လို့ရေးပြီး Enter ခေါက်လိုက်ပါ...။

ပေါ်လာတဲ့ Box မှာ Disk Drives ကို နှိပ်လိုက်ရင် မိမိ ရဲ့ USB Drive လေးကိုတွေ့ရမှာပါ Double Click ပြီးဖွင့်လိုက်ပါ...

နောက်ထပ် ပေါ်လာတဲ့ Box လေးမှာ Policies Tab ကနေ တဆင့် Better Performance ကိုရွေးပြီး OK ကို နှိပ်လိုက်ပါ..။


အခုဆိုရင် USB ကနေ ကွန်ပြူတာ (သို့) ကွန်ပြူတာ ကနေ USB ကို Copy ကူးကြည့်လိုက်ပါ အရင်ကထက် သိသိ သာသာ မြန်ဆန်လာတာကို တွေ့ရပါလိမ့်မယ်....:)

ကျနော့လို မသိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်နော်....:)

 အားလုံး အဆင်ပြေကြပါစေ....:)

ဝင်းကမ္ဘာကျော်








                                 လူကြီးမင်း(ကော့သောင်း)မှတ်စုများ

No comments:

Post a Comment