You Tube မှသီချင်းများ (သို့) DVD ခွေမှသီချင်းများ Hand Phone ထဲသို့ ထည့်နည်း

(Computer နှင့် Phone ဂျွိုင်းရန် Bluetooth (or) Card Reader ရှိဖို့လိုပါတယ်..)
ကျနော်ဒီပိုစ့်လေးကို
တင်ပေးချင်နေတာ တော်တော်ကြာပြီဗျ.. အခုတလော Connection ကလည်းသိပ်မကောင်း၊
ဒီ Format Factory ဆော့ဝဲကိုလည်း လိုင်းပေါ်မှာ ပြန်ရှာမရ ဖြစ်နေတာနဲ့
ကြာသွားပါတယ်..။ အခုတလော ထုတ်ပြန်လိုက်တဲ့ အွန်လိုင်းပေါ်လစီ
သစ်ကြောင့်ထင်ပါတယ်..
အရင်တုန်းက
ကျနော်တို့ဆီမှာ သီချင်းတွေဖုန်းထဲထည့်ချင်ရင် သီချင်းသုံးပုဒ်ကို မလေးငွေ
တစ်ဆယ်ပေးရတယ်..။ နောက်တော့ ငါးပုဒ်တစ်ဆယ်..။ ကျနော်သူငယ်ချင်းတွေလည်း
ခဏခဏ သွားသွားထည့်တယ်..။ အဲချိန်ကဒီနည်းလေးကို မသိသေးဘူး..။
အခုသိတဲ့အချိန်ကျတော့ ပိုက်ဆံတွေ နှမျောဖို့ကောင်းတယ်..။ သူတို့ထည့်တာ
သီချင်းအပုဒ်ရေ ရာနဲ့ချီပြီးရှိတယ်..။ ကျနော်ကတော့ သူတို့ဆီက
အလကားပြန်ကူးတာပါ..။ အခုတော့ ဒီနည်းလေးကို ကျနော်သင်ပေးလိုက်လို့
သူတို့လည်းတတ်နေပါပြီ..။ ကျနော့်ဆိုဒ်လေးမှာလည်း ဒီနည်းလေးကို
တင်ပေးချင်နေတာ .. အခုမှပဲ တင်ဖြစ်တော့တယ်..
Converter
ဆော့ဝဲလ်တွေ အများကြီးရှိပေမယ့်.. ကျနော်သုံးနေကျ ဒီဆော့ဝဲလ်လေးကိုပဲ
သဘောကျတယ်ဗျ..။ ဒါကြောင့် ဒါလေးကိုပဲ ၊ ဒါလေးနဲ့ပဲ
ပြန်ရှယ်ပေးလိုက်ပါတယ်..။ ဒီဆော့ဝဲလ် မရှိသေးတဲ့သူများကတော့ ဒီနေရာမှာ ယူထားလိုက်ပါဗျာ...။

လုပ်နည်းလေးကလည်းလွယ်ပါတယ်..။
အရင်ဆုံး You Tube ကမိမိတို့ လိုချင်တဲ့ သီချင်းတွေ
ဒေါင်းလော့ချလိုက်ပါ..။ DVD ဆိုရင်လည်း ခွေမှ copy ကူးလိုက်ပါ..။ ပြီးရင်
ဖိုဒါတစ်ခုထဲမှာ ထည့်ပြီး ၄င်းဖိုဒါအား ဖွင့်ထားပါ..။ ပြီးရင် Format
Factory ကိုဖွင့်လိုက်ပါ..။ ၄င်းဝင်းဒိုးနှစ်ခုကို ယှဉ်ပြီးဖွင့်ထားရမှာ
ဖြစ်ပါတယ်..။ အောက်ပုံကိုကြည့်ပါ...။ ပြီးရင်တော့ သီချင်းရှိတဲ့ ဖိုဒါထဲကနေ
မိမိတို့ ပြုလုပ်ချင်တဲ့ သီချင်းတပုဒ် သို့မဟုတ် သီချင်းအားလုံး
မောက်စ်မျှားဖြင့် ဖိ၍... ဖွင့်ထားသော Format Factory ဝင်းဒိုးပေါ်သို့
ဆွဲသွားလိုက်ပါ...။
Format Factory ဝင်းဒိုးပေါ်သို့ ရောက်လျှင်
မောက်စ်ကိုလွှတ်လိုက်ပါ..။ ၄င်း Format Factory ဝင်းဒိုးပေါ်တွင်
ဘောက်စ်တခုပေါ်လာ လိမ့်မည်...။ အောက်ကပုံများကို ကြည့်ပြီး
ဆက်လုပ်လိုက်ပါ..ဗျာ.....
(သေချာနားလည်အောင်
ရှင်းပြပေးထားလို့ ပုံတွေများနေပေမယ့် တတ်သွားရင် လွယ်လွယ်လေးဖြစ်သွား
မှာပါ.. နောက်တခုက သီချင်းနာမည်တွေကို မြန်မာလိုရေးထားရင် ဒီဆော့ဝဲလ်နဲ့
ဖေါ်မတ်ပြောင်းလို့ မရပါဘူး.. ဒါကြောင့် သီချင်းနာမည်တွေကို
အင်္ဂလိပ်လိုရေးပါ..။)
ဒီအောက်ကပုံလေးကတော့ လိုရမယ်ရကြည့်ဖို့ ရှာတတ်အောင်လို့ ပြပေးလိုက်တာပါ..။ Video ဖေါ်မတ်နဲ့ Audio ဖေါ်မတ် ကိုရှာနိုင်အောင်လို့ပါ..။

အားလုံးပဲ အဆင်ပြေကြပါစေဗျာ..
Credit : http://lwinminbo.blogspot.com
လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ