Facebook Fan Page သို့ မဟုတ် Facebook Like Page ပြုလုပ်နည်း
အခုတလော Facebook မှာ Page လုပ်သူတွေ တအားများလာတာတွေ့ တယ်
မလုပ်တတ်သေးသူတွေ ရှိနေလို့  ပြုလုပ်နည်းအသေးစိတ် ရေးတင်လိုက်တာ
တစ်ဆင့်ချင်းလုပ်ကြည့် 10 မိနစ်မကြာဘူး ။ နာမည်ကျော် မင်းသား မင်းသမီး
ကုန်ပစ္စည်းကြော်ငြာ သတင်း နည်းပညာ နယ်ပယ်အစုံကနေ Fan Page တွေ
ပြုလုပ်လာကြပီး အကျိုးကျေးဇူးလည်း များပါတယ် ။Page တစ်ခုမှာ Like တဲ့သူ
အများကြီးရဖို့  လိုအပ်ပါတယ် ။ ဒါမှစာတင်တာ ပုံတင်တာ လူအများကြီးဆီကို
ချက်ချင်းရောက်တယ် ။ ဂျာနယ်ထဲ ကြော်ငြာထည့်တာ လူသိဖို့ သိပ်မမြန်ဘူး
နာမည်ရပီး Like သူများတဲ့ Fan Page မှာ ကြော်ငြာရင် ခဏလေးနဲ့  လူသိများ
နာမည်ကြီးတာပေါ့ ။ အဲ့ကြောင့် ကုမ္ပဏီတွေ မင်းသားမင်းသမီးတွေ Fan တွေ
လုပ်ပီး သုံးနေကြတာ အကျိုးကျေးဇူးကလည်းများပါတယ် ။ ကဗျာ စာပေသမား
သတင်းသမား အဆင်ပြေသလို ပြုလုပ်လို့ ရတယ် ။လုပ်ရတာလည်းလွယ်ကူပြီး
Facebook အကောင့်တစ်ခုရှိတာနဲ့  Fan Page တွေ အများကြီး လုပ်လို့ ရတယ်
ပြုလုပ်ချင်သူများ အောက်ကလင့်မှာ တစ်ဆင့်ချင်း လိုက်လိုက်ပါ 5 မိနစ်ပါပဲ
ဒီလင့်မှာ Faebook Fan Page တစ်ခု သွားလုပ်ပါ - www.facebook.com/page
ရောက်ပီဆို အမျိုး 6မျိုး မြင်ပါလိမ့်မယ် ကြိုက်တဲ့ အကွက်ရွေးပြီးလုပ်လို့ ရတယ်
Brand and Product ကို ရွေးနှိပ်လိုက်ရင် စာတွေဖြည့်ရပါလိမ့်မယ် ဆက်ဖြည့်ပါ
Choose a category မှာ တစ်ခုခု ရွေးလိုက်ပါ Brand of Product မှာတော့ကိုယ့်
လုပ်မယ့် Fan page အကြောင်းအရာပေါ့ နမူနာ Daily News ဆိုပီး ပေးလိုက်တယ်
ပီးရင် I agree ဆိုတဲ့အကွက် အမှန်ချစ်ပြီး Get Started နှိပ်လိုက်ပါ ။ဒါဆို ရပါပြီ
နောက်တစ်ဆင့်မှာတော့ Facebokk သာမာန်လုပ်တည်းအတိုင်းပါပဲ လုပ်ကြည့်
About = Fan page အကြောင်း အနည်းငယ်ရေးပါ ( နမူနာ နေ့ စဉ်သတင်းများ)
Profile = ဒါတော့ ပုံထည့်ပေးဖို့  အဆင်ပြေတဲ့ပုံ သင့်တော်ရာပုံထည့်လိုက်ပါ
Add to favourites မှာ Skip နှိပ်လည်းရတယ် Add to favourites နှိပ်လည်းရတယ်
Reach more people မှာတော့ Skip နှိပ်လိုက်ပါ ။ Free Page လုပ်တာမလို့ ပါ
ဒါဆို Fan page တစ်ခုရလာပီ ။ ကိုယ်နှစ်သက်ရာ ကဗျာ နည်းပညာ စာပေများကို
ရေးသားပြီး Like သူများတဲ့ Page တစ်ခုဖြစ်အောင် ကြိုးစားနိုင်ပါပြီ. Good luck :)
လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ
No comments:
Post a Comment