Tuesday, 21 July 2015

Root ဖောက်ထားတဲ့ဖုန်းများမရှိမဖြစ် Root Checker pro 3.83 Apk

Root ဖောက်ထားတဲ့ဖုန်းများမရှိမဖြစ် Root Checker pro 3.83 Apk



မင်္ဂလာပါဖုန်းကို Root ဖောက်ထားသူများအတွက် မရှိမဖြစ်ဆောင်ထားရမယ့် Application လေးတစ်ခုတင်ပေး လိုက်ပါတယ်။ အများအားဖြင့်တော့ မိမိတို့ရဲ့ ဖုန်းဟာ Root Access ဖြစ်မဖြစ်ကို စစ်ဆေးပေးနိုင်တယ် လို့ပဲတော်တော်များများသိထားပါတယ်။ ဒီထက်ပြီးပြီးအသုံးတည့်တာကတော့ အချို့သော Root ဖောက် ထားမှသုံးလို့ရမယ့် Application တွေဆိုရင်တော့ Run တော့ မယ်ဆိုရင် အခု Root Checker နဲ့စစ်ပြီးမှ Run ကြတာဖြစ်ပါတယ်ဗျာ။ Root Checker မရှိရင် Root Access ဖြစ်ထားမှ အသုံးပြုနိုင်တဲ့ Application တွေကိုတောင် အသုံးပြုလို့မရတာမျိုးတွေဖြစ်တက်ပါတယ်။ Patched ဖြစ်ထားပြီသား Apk ဖြစ်တဲ့အတွက် Feature အပြည့်အစုံကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Android OS 2.3.3 နှင့်အထက်ဖုန်း များမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်
အောက်တွင်ဒေါင်းလုဒ်ရယူပါ
လူကြီးမင်း(ကော့သောင်း)နည်းပညာ

ကျွန်တော့်တူမ ယောင်္ကျား ကိုဇော်ဝင်းထိုက်အတွက် လိုအပ်မယ်ထင်တဲ့ Root Apk လေးပါ

 ကျွန်တော့်တူမ ယောင်္ကျား ကိုဇော်ဝင်းထိုက်အတွက် လိုအပ်မယ်ထင်တဲ့ Root Apk  လေးပါ 

 
ကျ​နော်​ကလည်းရှာ​တွေ့ထားတဲ့ နည်းပညာကိုပြန်​မျှချင်
တာဝါသနာဖြစ်​​နေ​တော့ ဒီတစ်​ခါ Android Version 4.3 ကို Root လုပ်​နိုင်​တဲ့ towelroot​လေးတင်​​ပေးလိုက်
ပါတယ်​ . .  ဖုန်းဆိုတာလဲ Root ရှိ့ထားမှ ကိုယ့်​ဖုန်းကို
ကိုယ်​ပိုင်​တာပါ . . တချို့လူ​တွေက Root ​ဖောက်​တယ်
ဆိုတာ မြန်​မာ​ဖောင့်​အတွက်​လို့ထင်ကြပါတယ်​ . . ဒါက
လည်းမှန်​သင့်​သ​လောက်​​တော့မှန်​ပါတယ်​ . .     မြန်​မာ​ဖောင့်​က Root Accept ​တောင်းလို့ပါ . . Root မရှိရင်
ဖုန်းကို ကိုယ့်​စိတ်​ကြိုက်​ကလိလို့ရမှာမ​ဟုတ်​ဘူးးးး
ကဲ
ဗျာ Apk ​လေးကို​ဒေါင်း
ကလိကြည့်​​ပေါ့ . . . 

                              ★ towelroot v1.0 Apk ကို​အောက်​မှာယူပါ ★
     
                                  >>>> DOWNLOAD HERE <<<<
                                 လူကြီးမင်း(ကော့သောင်း)နည်းပညာ

Saturday, 29 November 2014

You Tube မှသီချင်းများ (သို့) DVD ခွေမှသီချင်းများ Hand Phone ထဲသို့ ထည့်နည်း

You Tube မှသီချင်းများ (သို့) DVD ခွေမှသီချင်းများ Hand Phone ထဲသို့ ထည့်နည်း


 
(Computer နှင့် Phone ဂျွိုင်းရန် Bluetooth (or) Card Reader ရှိဖို့လိုပါတယ်..)
 
ကျနော်ဒီပိုစ့်လေးကို တင်ပေးချင်နေတာ တော်တော်ကြာပြီဗျ.. အခုတလော Connection ကလည်းသိပ်မကောင်း၊ ဒီ Format Factory ဆော့ဝဲကိုလည်း လိုင်းပေါ်မှာ ပြန်ရှာမရ ဖြစ်နေတာနဲ့ ကြာသွားပါတယ်..။ အခုတလော ထုတ်ပြန်လိုက်တဲ့ အွန်လိုင်းပေါ်လစီ သစ်ကြောင့်ထင်ပါတယ်..
 

အရင်တုန်းက ကျနော်တို့ဆီမှာ သီချင်းတွေဖုန်းထဲထည့်ချင်ရင် သီချင်းသုံးပုဒ်ကို မလေးငွေ တစ်ဆယ်ပေးရတယ်..။ နောက်တော့ ငါးပုဒ်တစ်ဆယ်..။ ကျနော်သူငယ်ချင်းတွေလည်း ခဏခဏ သွားသွားထည့်တယ်..။ အဲချိန်ကဒီနည်းလေးကို မသိသေးဘူး..။ အခုသိတဲ့အချိန်ကျတော့ ပိုက်ဆံတွေ နှမျောဖို့ကောင်းတယ်..။ သူတို့ထည့်တာ သီချင်းအပုဒ်ရေ ရာနဲ့ချီပြီးရှိတယ်..။ ကျနော်ကတော့ သူတို့ဆီက အလကားပြန်ကူးတာပါ..။ အခုတော့ ဒီနည်းလေးကို ကျနော်သင်ပေးလိုက်လို့ သူတို့လည်းတတ်နေပါပြီ..။ ကျနော့်ဆိုဒ်လေးမှာလည်း ဒီနည်းလေးကို တင်ပေးချင်နေတာ .. အခုမှပဲ တင်ဖြစ်တော့တယ်..
 
 
Converter ဆော့ဝဲလ်တွေ အများကြီးရှိပေမယ့်.. ကျနော်သုံးနေကျ ဒီဆော့ဝဲလ်လေးကိုပဲ သဘောကျတယ်ဗျ..။ ဒါကြောင့် ဒါလေးကိုပဲ ၊ ဒါလေးနဲ့ပဲ ပြန်ရှယ်ပေးလိုက်ပါတယ်..။ ဒီဆော့ဝဲလ် မရှိသေးတဲ့သူများကတော့ ဒီနေရာမှာ ယူထားလိုက်ပါဗျာ...။
 
 


 
လုပ်နည်းလေးကလည်းလွယ်ပါတယ်..။ အရင်ဆုံး You Tube ကမိမိတို့ လိုချင်တဲ့ သီချင်းတွေ ဒေါင်းလော့ချလိုက်ပါ..။ DVD ဆိုရင်လည်း ခွေမှ copy ကူးလိုက်ပါ..။ ပြီးရင် ဖိုဒါတစ်ခုထဲမှာ ထည့်ပြီး ၄င်းဖိုဒါအား ဖွင့်ထားပါ..။ ပြီးရင် Format Factory ကိုဖွင့်လိုက်ပါ..။ ၄င်းဝင်းဒိုးနှစ်ခုကို ယှဉ်ပြီးဖွင့်ထားရမှာ ဖြစ်ပါတယ်..။ အောက်ပုံကိုကြည့်ပါ...။ ပြီးရင်တော့ သီချင်းရှိတဲ့ ဖိုဒါထဲကနေ မိမိတို့ ပြုလုပ်ချင်တဲ့ သီချင်းတပုဒ် သို့မဟုတ် သီချင်းအားလုံး မောက်စ်မျှားဖြင့် ဖိ၍...  ဖွင့်ထားသော Format Factory ဝင်းဒိုးပေါ်သို့ ဆွဲသွားလိုက်ပါ...။ 
 
Format Factory ဝင်းဒိုးပေါ်သို့ ရောက်လျှင် မောက်စ်ကိုလွှတ်လိုက်ပါ..။ ၄င်း Format Factory ဝင်းဒိုးပေါ်တွင် ဘောက်စ်တခုပေါ်လာ လိမ့်မည်...။ အောက်ကပုံများကို ကြည့်ပြီး ဆက်လုပ်လိုက်ပါ..ဗျာ.....
(သေချာနားလည်အောင် ရှင်းပြပေးထားလို့ ပုံတွေများနေပေမယ့် တတ်သွားရင် လွယ်လွယ်လေးဖြစ်သွား မှာပါ.. နောက်တခုက သီချင်းနာမည်တွေကို မြန်မာလိုရေးထားရင် ဒီဆော့ဝဲလ်နဲ့ ဖေါ်မတ်ပြောင်းလို့ မရပါဘူး.. ဒါကြောင့် သီချင်းနာမည်တွေကို အင်္ဂလိပ်လိုရေးပါ..။)
 




ဒီအောက်ကပုံလေးကတော့ လိုရမယ်ရကြည့်ဖို့ ရှာတတ်အောင်လို့ ပြပေးလိုက်တာပါ..။ Video ဖေါ်မတ်နဲ့ Audio ဖေါ်မတ် ကိုရှာနိုင်အောင်လို့ပါ..။












 
အားလုံးပဲ အဆင်ပြေကြပါစေဗျာ..
 
 
 
                           လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

MTK သုံးဖုန်းတွေကို လွယ်လွယ်ကူကူနဲ့  Firmware Backup ပြန်ဆွဲထုတ်နည်း

MTK သုံးဖုန်းတွေကို လွယ်လွယ်ကူကူနဲ့  Firmware Backup ပြန်ဆွဲထုတ်နည်း


ကဲ......ဒီတစ်ခါ MTK cpu သုံးတဲ့ iMobile , Chain Android Clone စသည့်ဖုန်းတွေကို လွယ်လွယ်ကူကူနဲ့  Firmware backup ဆွဲထုတ်ပြီပြန်သိမ်းထားရအောင် ဥပမာ rom ရှာရခက်မဲ့ဖုန်းတစ်လုံးကို ကလိတော့မယ်ဆို မကလိခင်အရင် သူဖုန်းrom ဆွဲသိမ်းထားလို့ ရပါတယ် အကယ်၍သူဖုန်းက
logo ကနေမတက်တော့ဘူဆိုrom ရှာရတဲ့ တိုင်ပတ်တဲ့ ဒုက္ခမတွေ့ တော့ဘူပေါ့ ဖုန်းကလိတက်တဲ့သူငယ်ချင်းတွေ ဆောင်ထားသင့်တဲ့ software ပါ လိုအပ်တဲ့သူတွေ အောက်မှာဒေါင်းယူလိုက်နော်...
(OR)  
Here  ,  Here  , Here


ကဲဖုန်းတစ်လုံးကို backup rom မဆွဲထုတ်ခင် အရင်ဆုံးအရေကြီးတာက အဲဖုန်းရဲ့ usb driver ကိုသွင်းထားရပါမယ် ပြီရင် ဖုန်းကို root ဖောက်ထားရပါမယ် 
ကဲအာလုံအဆင်သင့်ဖြစ်ရင် စောစောကဒေါင်းထားတဲ့ Backup tools ကိုဖွင့်လိုက်ပါ

ပြီရင်စက်ရုပ်ပုံနဲ့ MTKdroid tools နေရာမှာဖွင့်လိုက်ပါ



 ပြီရင် မိမိဖုန်းကို ကွန်ပျူတာနဲချိတ်ဆက်ပေးလိုက်ပါ
ကွန်ပျူတာက ဖုန်းကိုသိသွာပြီဆိုရင် အောက်နာက အပြာရောင်ပြထားတဲ့နေရာမှာ မိမိဖုန်းမော်ဒယ်ပေါ်လာပါမယ် ချိတ်ဆက်မူအောင်မြင်ပြီဆိုရင်  root backup recovery နေရာမှာနှိပ်ပါ

ဒီပုံအတိုင်တက်လာပြီဆိုရင် Backup နေရာမှာနှိပ်ပါ ပြီရင်ခဏစောင့်နေပါ

အောက်မှာ အစိမ်ရောင်အတန်တက်နေပါမယ် ခဏစောင့်နေပါ copying is complete 
စာတန်တက်လာပါက backup ဆွဲလို့ အောင်မြင်နေပါပြီ

ဒါဆို ဆွဲထုတ်ထားတာသေခြာလာမသေခြာလာ ဆိုတာ To prepare blocks for flashtools နေရာမှာနှိပ်ပါ

ဒီပုံအတိုင် Md5 ဖိုင်းနဲထွက်နေပါမယ်

ဒါဆို ဖိုင်းပြန်ခွဲထုတ်ဖို့ အတွက် open နေရာမှာနှိပ်ပေးလိုက်ပြီ ခဏစောင့်နေပါ
ဒီလိုမျို packing backup  yes, no စာတန်တက်လာရင် no မှာနှိပ်ပေးလိုက်ပါ 

ပြီးရင် စောစောက ဖိုင်းဝဲ Md5 ဖိုင်းထွက်ခဲ့တဲ့နေရာမှာ သွားပြန်ကြည့်ပါ zip ဖိုင်းနဲ့ ဒီလို့ ဖိုင်းအသစ်ရောက်နေပါမယ် ဒါဆို backup လုပ်လို့ အောင်မြင်ပါပြီ...


 နဂိုဖုန်းသို့ မဟုတ် တစ်ခြားအမျိုးစာတူတူဖုန်းထဲကို ပြန်flash ခြင်ရင် SP Flash tools သုံးပြီးပြန်Flashနိုင်ပါသည် ဒါဆို rom ရှာဒေါင်းရတဲ့ ဒုက္ခ ကနေ ကးင်ဝေပါပြီ...
  ဝင်းကမ္ဘာကျော်  
 
လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ 

ဖုန်းနံပါတ်ဖျောက်၍ ဖုန်းခေါ်နည်း (for andriod phone)

ဖုန်းနံပါတ်ဖျောက်၍ ဖုန်းခေါ်နည်း (for andriod phone)


ဖုန်းနဲ့ ပါတ် ဖျောက်၍ ဖုန်းခေါ်နည်းလေးပါ...။အသုံးလိုတဲ့သူသုံး နိုင်အောင်လို့ တင်ပေးလိုက်ပါတယ်..။ personal call, secret call အစရှိတဲ့ ခေါ်ဆိုမှုတွေမှာ ကို့ဖုန်းနဲပါတ်ကို မသိစေချင်ပဲ ဖြောင့်ထားလို့ရပါ တယ်..။

ဘယ်လိုလုပ်မလဲ ဆိုရင်တော့ ကဲစလိုက်ရအောင်.....


ပထမဦးဆုံး အောက်မှာပေး ထားတဲ့ ဆောဝဲနှစ်ခု ကိုဒေါင်းလိုက်ရအောင်...။

HiddenCall-hide your Caller ID.apk

Secret Call.apk


ဒေါင်းယူပြီးရင် ဆောဝဲနှစ်ခုကို ဖုန်းတွင် inslall ပါ.....။ပြီးရင် ဖုန်းကို reboot (restart) လုပ်ပါ....။ဖုန်းပြန်ပွင့်လာရင် screen မှာရှိတဲ့ Hide Caller ID ကိုဖွင့်လိုက်ပြီး enabled နဲ့ show icon ကို အမှတ်ခြစ်ပေးပါ....။and contact number ကိုနှိပ်ပြီး add လုပ်မဲ့ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် ဖုန်းထဲက နံပါတ်အားလုံး ထည့်ပေးလိုက်ပါ ....။add မလုပ်ထားတဲ့ ဖုန်းနံပါတ်ကိုခေါ်ရင် hide လုပ်မှာလား show လုပ်မှာလားမေးလာပါမယ်..။ ကိုအသုံးပြုတဲ့အတိုင်း seleat လုပ်ပါ...။screenshots လေးပြထားပါတယ်...။
 


  
                         လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

ကျမ်းမာရေးအတွက်ပြန်လည်မျှဝေပေးတာပါ

 ကျမ်းမာရေးအတွက်ပြန်လည်မျှဝေပေးတာပါ

ကင်ဆာအသစ်တစ်ခု တွေ့ရှိ
အမေရိကကာ Dr. Brian Berry ဆိုသူဟာ လူသားတွေမှာ ဖြစ်နိုင်တဲ့ ကင်ဆာအသစ်တွေ့ရှိထားတယ်လို့ဆိုပါတယ်။ အဲဒီ ရောဂါဟာ ငွေရောင် နိုင်ထရိုအောက်ဆီဂျင်ကနေ ဖြစ်နိုင်ကြောင်း ပြောပြထားပါတယ်။
သတိပေးထားတာက: ဖုန်းငွေဖြည့်ကဒ်တွေက ခဲသားတွေကို လက်သဲနဲ့မခြစ်ပါနဲ့၊ အဲဒီမှာ အသားအရေကင်ဆာကို ဖြစ်စေနိုင်တဲ့ ဓါတ်တွေ ပါနေလို့ပါ။ တစ်ခုခုနဲ့ ခြစ်ပေါ့။
ဒါတွေကို သင်ချစ်ခင်တဲ့သူတွေဆီကိုလည်း ဖြန့်ပေးဖို့ သူမှာထားပါသေးတယ်။
အရေးကြီးတဲ့ ကျန်းမာရေး အကြံပြုချက်:

၁။ ဖုန်းလာရင် ဘယ်ဘက်နားကပဲ ဖြေစကားပြောပါ
၂။ ဆေးသောက်တဲ့အခါ ရေခဲရေတွေနဲ့မသောက်ပါနဲ့
၃။ ညနေ 5 နာရီနောက်ပိုင်း သိပ်များများ မစားပါနဲ့
၎။ ရေကို မနက်ပိုင်းမှာ များများသောက်ပြီး၊ ညဘက်တွေမှာ လျှော့သောက်ပါ
၅။ ညဘက် 10 နာရီနဲ့ မနက် 4 နာ၇ီကြားမှာ ကောင်းကောင်းအိပ်ပါ
၆။ အစားအစာနဲ့ ဆေးသောက်ပီးနောက် ချက်ချင်း မလဲလျောင်းပါနဲ့
၇။ ဖုန်းဘတ္တရီက နောက်ဆုံး အတုံးလေးကျန်တဲ့ အခါ ဖုန်းအ၀င်လက်မခံပါနဲ့၊ အဲဒီအချိန်မှာ ဖုန်းရဲ့ ရောင်ခြည်ဖြာထွက်နှုန်းက 1000 ကြိမ်လောက် အားပြင်တဲ့အတွက်ပါ---တဲ့။

  နောက်သူပြောထားပါသေးတယ်---- ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး သင်ဂရုစိုက်မလိုတဲ့သူတွေဆီလည်း share ပေးဖို့ပေါ့။
ကြင်နာမှုက ဘာမှ ကုန်ကျမှု မရှိကြောင်းကိုလည်း သူပြောထားပါသေးတယ်။
လွယ်လွယ်နဲ့ကင်ဆာဖြစ်စေနိုင်တဲ့ အခြေနေကို ရှောင်နိုင်ကြပါစေ!
ဘာသာပြန်မချောတာကြောင့် နားလည်ပါ-----
  မေတ္တာဖြင့်


                         လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

Wednesday, 12 November 2014

Window xp တင်နည်းစာအုပ် နဲ့  Window 7 တင်နည်းစာအုပ် နှစ်အုပ်လုံးယူနိုင်ပြီ

Window xp တင်နည်းစာအုပ် နဲ့  Window 7 တင်နည်းစာအုပ် နှစ်အုပ်လုံးယူနိုင်ပြီ





Download - Window XP and Window 7 install Myanmar Ebook


                      လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ