Wednesday, 1 October 2014

keylogger Hacking ကိုကာကွယ်ဖို့

keylogger Hacking ကိုကာကွယ်ဖို့

Original writer :~ သံလုံငယ်



Ctrl+Shift+Esc ( or) Ctrl+Atl+ Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့်ဗျာ ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန် သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ taskmanager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီးကျန်တာတွေကို disable  သို့မဟုတ် end process ပေးလိုက်တာပါပဲ…ဘာလို့ဆို ရိုးရိုး ယူဆာတွေ အနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို ရီကော့ လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်းဘေးရှင်း အားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။
အားလုံးပဲ Hacker ရန်မှကင်းဝေးကြပါစေ...

                  လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

Hacking စိတ်ဝင်စားသူတွေအတွက်

Hacking စိတ်ဝင်စားသူတွေအတွက် လက်ဆောင် တစ်ခုပေးချင်တယ်။ သိပြီးသားလူတွေလည်း ပါပါ လိမ့်မယ်။ အားစိုက်ထုတ်စရာ မလိုပဲ သူများရဲ့ security တွေလိုချင်သူတွေအတွက် တော်တော်ကို မိုက်ပါတယ်။ USB thief တဲ့






















USB(flash drive) ကို ကွန်ပျူတာမှာ ထိုးလိုက်ရုံနဲ့ သူ့ရဲ့ လက်ရှိသုံးနေတဲ့ windows user password, Internet History တွေ Video ကြည့်ထားတဲ့ မှတ်တမ်းတွေ၊ အများကြီးဗျာ ကွန်ပျူတာ အသုံးပြုမှု မှတ်တမ်းတွေအားလုံး USB drive ထဲ ပါလာပါလိမ့်မယ်။ စိတ်ဝင်စားစရာ ကောင်းမှာပါနော်။ အသေးစိတ်ပြောပြပါ့မယ်


အောက်က ဖိုင်လေးကို ဒေါင်းလိုက်ပါ။ Windows XP , Vista နှစ်ခုစလုံးမှာ အလုပ်လုပ်ပါတယ်။



Mirror 1 Fileden : Download USB thief 5.4

Mirror 1 Zshare : Download USB thief 5.4

rar ဖိုင်နဲ့ပါ ။ ဇစ်ဖြည်လိုက်ရင် USB thief ဆိုတဲ့ ဖိုဒါထဲမှာ Folder သုံးခုနဲ့ file နှစ်ခု ရှိပါတယ်။ အဲဒီ ၅ ခုလုံးကို မိမိရဲ့ Flash drive ထဲ ကူးထည့်လိုက်ပါ။ ဘာဖိုဒါထဲမှ ထပ်မထည့်ပါနဲ့။ (ဥပမာ - မိမိကွန်ပျူတာ မှာ flash drive တပ်လိုက်ရင် Drive J:\ အဖြစ်ပြတယ် ဆိုပါစို့။ Drive J:\ ကို ဖွင့်လိုက်တာနဲ့ ဖိုင် ၅ ခုလုံး မြင်ရပါမယ်။ ကလေးပါ နားလည်အောင် ပြောလိုက်တာပါ) ပြီးရင် ဖိုင် ၅ ခုလုံးကို Hidden ပေးထားနိုင်ပါတယ်။ (မပေးထားလည်းရပါတယ်)

ကူးပြီးရင် USB drive ကို ဖြုတ် ။ ကွန်ပျူတာ တစ်လုံးမှာ သွားထိုးကြည့်ပါ။ (မိမိကွန်ပျူတာမှာပဲ ဖြစ်ဖြစ်ပေါ့) အောက်ပါအတိုင်း ပေါ်လာပါတယ်။ ( Autorun မပိတ်ထားဘူး ဆိုရင်ပေါ့)























ကျနော် အခုပြထားတဲ့ ပုံစံအတိုင်း Ok ပေးလိုက်ရုံနဲ့ မိမိရဲ့ Windows user password က စလို့ ကွန်ပျူတာသုံးနေတဲ့ History တော်တော်များများ ပါသွားပါပြီ။ ဘာတွေပါသွားလဲ သိချင်ရင် Dump ဆိုတဲ့ ဖိုဒါကို ဖွင့်ကြည့်လိုက်ပါ။ ဒီလို USB ထိုးခဲ့သမျှ ကွန်ပျူတာတွေရဲ့ Computer name နဲ့ ဖိုဒါ မြင်ရပါမယ်။ (ကွန်ပျူတာတစ်လုံးကို ဖိုဒါတစ်ခု နဲ့ မြင်ရပါလိမ့်မယ်။ကျနော် ကွန်ပျူတာ သုံးလုံးမှာ ထိုးခဲ့တာပါ)






















တစ်ခုကို ဖွင့်ကြည့်လိုက်ပါ။ အောက်ပါအတိုင်း မြင်ရပါတယ်။ ( ၁၉ ခု ပြပေးနိုင်ပါတယ် )
































Networkpasswords ဆိုတာကို နှိပ်လိုက်ရင် windows user passwords ကို မြင်ရပါတယ်။ ကျန်တာတွေကတော့ ကိုယ့်ဘာသာ ဆက်လေ့လာလိုက်နော်။ ဖိုင် ၅ ခုလုံးကို Hidden ပေးထား လိုက်ရင်။ ဒါတွေ ရှိနေတာ ဘယ်သူမှ မသိတော့ပါဘူး။ တော်တော်များများက Hidden files တွေကို Show မပေးထားကြဘူးလေ။ အဲလောက်ဆို ကလိ ချင်တဲ့ လူတွေ သိလောက်ပါပြီနော်။ ဘယ်သူမှ စိတ်အနှောင့် အယှက်ဖြစ်အောင် ကျနော့်ပို့စ်က ဒုက္ခ မဖြစ်စေဘူးလို့ ယုံကြည်ပါတယ်ဗျာ။ Hacking ၀ါသနာပါတဲ့ Beginner တွေ အတွက်ပါ။
ပျော်ရွှင်ပါစေဗျာ ......



ပြီးပါပြီ...

/မောင်ဇော်မင်းအောင်


                      လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

Blog မလုပ်ခင် အရင်စဉ်းစားပါ

Blog မလုပ်ခင် အရင်စဉ်းစားပါ
Blog ရေးတာ အိမ်ဆောက်တာနဲ့ တူပါတယ်။ အိမ်သာတော့ ဧည့်လာတယ်ဆိုတော့လည်း ကိုယ့်အိမ် လေးကို လူတွေအလာများအောင် နည်းအမျိုးမျိုးနဲ့ လှအောင်ပအောင် စုံလင်အောင် ရေးကြ၊ ဖိတ်ကြ တာပါပဲ။ ကိုယ့် blog လေးကို လူအလာများရင် ရလာတဲ့ ပီတိကိုတော့ blogger တိုင်း သိကြမှာပါ။ blogger မဟုတ်တဲ့သူတွေ ကျတော့လည်း ဟိုအိမ်သွားလည်၊ ဒီအိမ်သွားလည်နဲ့ ခြေတွေလည်း အတော်ညောင်း ကြတာပေါ့လေ။ အများအားဖြင့် Blog တွေဖတ်တာများလာရင် ကိုယ်ကိုယ်တိုင်လည်း ကိုယ်ပိုင် Blog လေးတစ်ခုလောက်တော့ ရေးချင်စိတ်ပေါ်လာကြတာပါပဲ။ ဒါပေမဲ့ Blog ရေးတာဟာ ဘယ်လောက် တာဝန်ကြီးတယ်ဆိုတာ သိရင် နည်းနည်းလေးများ လက်တွန့်သွားကြမလားပဲ။
နံပါတ်တစ်- ရေးမည့်အကြောင်းအရာကို သေချာရွေးချယ်ပါ Blog ရေးမယ်လို့ ပထမဆုံးစဉ်းစားလိုက်တာနဲ့ ဘယ်အကြောင်းအရာကို ရေးမှာလဲဆိုတာကို စဉ်းစားပါ။ ဟိုဟာလျှောက်ရေး၊ ဒီဟာလျှောက်ရေးနေလို့တော့ မဖြစ်ပါဘူး။ ကိုယ်ဟာ ဘယ်အပိုင်းမှာ ကျွမ်းကျင် သလဲ၊ ကိုယ်ကျွမ်းကျင်တဲ့အပိုင်းကိုသာ ရေးပါ။ ဘယ်ဟာကိုမှ ပိုင်ပိုင်နိုင်နိုင်မသိပဲနဲ့ Blog ရေးမယ်ဆိုရင် အလကားနေရင်း လူအထင်သေးခံရနိုင်ပါတယ်။ အင်တာနက်သုံးနေတဲ့သူတွေ၊ ဘလော့ခ်တွေကို လိုက် ဖတ်နေတဲ့သူတွေထဲမှာ ပညာရှင်တွေ ပါတယ်ဆိုတာ သတိထားပါ။ ကိုယ်က သီချင်းတွေကို ခံစားတတ် ရင်၊ သုံးသပ်ဝေဖန်တတ်ရင် အဲဒီအကြောင်းတွေကို ရေးပေါ့။ ဒါတောင်မှ တကယ်တမ်းပြောရရင် မတိကျ သေးပါဘူး။ သီချင်းအကြောင်း ရေးတာတောင်မှ အနောက်တိုင်းသီချင်းတွေလား၊ မြန်မာသီချင်း အ ကြောင်း လား၊ မြန်မာသီချင်းတောင်မှ Rock အကြောင်းရေးမှာလား၊ Hip Hop အကြောင်းရေးမှာလား စသည်ဖြင့် တိတိကျကျ ရွေးချယ်မှ ဖြစ်မှာပါ။
နံပါတ်သုံး- Home Page ကို လှအောင် လုပ်နိုင်ရဲ့လား ကိုယ့် Blog ကို ဖွင့်ဖွင့်ချင်း တက်လာတဲ့ Home Page ဟာ Main Point ပါ။ ဒီ Page ဟာ အရမ်းကြီး မဟုတ်တောင်မှ ဆွဲဆောင်နိုင်စွမ်းရှိရပါ့မယ်။ အရောင်တွဲစပ်မှုတွေ မှန်ရမယ်၊ Navigation လုပ်တာ လွယ်ရမယ်၊ Font တွေရဲ့ Color, Size တွေကို သတိထားရမယ်။ အဖြူရောင် စာမျက်နှာပေါ်မှာ အနက် ရောင်စာလုံးနဲ့ ရေးရင် လူ့မျက်လုံးဟာ ကြာကြာဖတ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖြူရောင်ဟာ အရောင်ပျော့မို့လို့ပါ။ နောက်ခံအရောင်ကို အရောင်ပြင်းတွေ မသုံးမိပါစေနဲ့။ နောက်တစ်ခု သတိထား သင့်တာက ကိုယ့် Blog ကို ဖွင့်ရင် ကြာမယ့်အချိန်ပါ။ Blog တစ်ခုကိုဖွင့်လို့ အကြာကြီးစောင့်နေရရင် ဘယ်သူမှ စိတ်ရှည်မှာ မဟုတ်ပါဘူး။ နာမည်ကြီး Blog ဆိုရင်တော့ ရေးထားတာတွေ ဖတ်ချင်လွန်းလို့ စောင့်ချင်စောင့်ကြပါလိမ့်မယ်။ ကိုယ်က အခုမှ အသစ်လုပ်ထားတာ၊ ကိုယ့် Blog ရဲ့ Value ကိုလည်း ဖွင့်တဲ့သူက သိဦးမှာ မဟုတ်ဘူး။ အဲဒီမှာ ဖွင့်ရတာ မြန်ဖို့ အရေးကြီးပါတယ်။ Blog ကို ဖွင့်ရတာမြန်ဖို့ လုပ်နည်းထဲက တစ်ခုကတော့ Object တွေ နည်းနည်းထည့်တာပါပဲ။ ကိုယ့် Blog မှာ မလိုအပ်တဲ့ Widget တွေ၊ ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို တတ်နိုင်သလောက် လျှော့ပြီး ထည့်တာပါပဲ။ ကိုယ်က ဖတ်တဲ့ သူကို ဘာပေးချင်တာလဲ၊ အဲဒါကိုပဲ အဓိကထားပေးပါ။ တခြားမလိုတာတွေ မထည့်ပါနဲ့။ သူများ ဘလော့ခ်လုပ်ထားတိုင်းလည်း လိုက်မလုပ်ပါနဲ့။
နံပါတ်လေး- Language တွေ တတ်ထားရမယ် Blog ရဲ့ Home Page ကို စိတ်ကြိုက်ချယ်လှယ်နိုင်ဖို့ ကိုယ့်မှာ Web Language အကြောင်းတွေ ကို တော့ အနည်းငယ်သိထားရပါမယ်။ HTML ဆိုတာဘာလဲ၊ အဲဒီ code ထဲမှာ Head အပိုင်းက ဘယ် နေရာ မှာရှိသလဲ၊ ဘာတွေထည့်လို့ရသလဲ၊ Javascript တွေကိုရော HTML ရဲ့ ဘယ်နားမှာ ထည့်ရသ လဲ စသည်ဖြင့် သိထားရပါ့မယ်။ Blog ရဲ့ Page Formatting အပိုင်း (Font, Color, Page Width…) ကို လှလှပပ ကစားနိုင်ဖို့ CSS ကိုလည်း သိထားရပါမယ်။
နံပါတ်ငါး- ပုံမှန် Update လုပ်ရပါမယ် အဲဒါဟာလည်း အရေးကြီးတဲ့အချက်ပါပဲ။ Blog တစ်ခု တစ်ခါဖွင့်လည်းဒါ၊ နောက်တစ်ပတ် လောက်ဖွင့် လည်း ဒါပဲဆိုရင် သေချာပါတယ်၊ နောက်လာတော့မှာ မဟုတ်ပါဘူး။ ငါ ဒီနေ့ဘာတင်မှာလဲဆိုတာ Offline မှာကတည်းက သေချာစဉ်းစားပါ။ ကြိုရေးထားပါ။ ပုံမှန်ရေးနိုင်ဖို့က အရေးကြီးဆုံးပါ။ တစ်ခုခု လုပ်ရမှာမို့ မအားသေးလို့ မရေးနိုင်သေးဘူးဆိုရင်လည်း ဘာကြောင့်မရေးနိုင်သေးတာ၊ ဘယ်အချိန်မှာ ပြန်လာလည်ပါဆိုပြီး information အတိအကျပေးပါ။
နံပါတ်ခြောက်- ကိုယ်ပိုင်ဖန်တီးမှုတွေဖြစ်ပါစေ Blog ပေါ်မှာ ရေးတဲ့ Post တွေဟာ ကိုယ့်ရဲ့ Own Creation တွေ ဖြစ်ရင် ပိုကောင်းပါတယ်။ ကိုယ့် Blog ရဲ့ role မြင့်စေနိုင်ပါတယ်။ အဲဒီလိုမဟုတ်ပဲ ဟို Blog ဟာကူး၊ ဒီ Blog ဟာကူးဆိုရင် အလိုလို နေရင်း RoleMyanmar Blog ဆိုတာ အများအစားကြီး မရှိသေးပါဘူး။ တစ်ရက်ကျရင် မိမှာပဲလေ။ တချို့ကျတော့လည်း တကယ့်ကို သဘောရိုးနဲ့ link တွေ ထည့်ပေးထားတယ်၊ အများသိစေချင်လို့ ပြန် ဖြန့် ဝေတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ ဖတ်တဲ့သူတွေဟာ အဲဒီ Original Site ကိုပဲ ရွေ့သွားတတ်ကြတယ်ဆိုတာ သတိထားပါ။ (ဒါပေမယ့် ကျွန်တော်ကိုတိုင်းလဲ နည်းပညာပိုင်းနဲ့ ပါတ်သတ်ရင် မသိတဲ့အတွက်ကြောင့် ကျွန်တော်ဆီ လာလည်တဲ့မိတ်ဆွေတွေ နဲ့ ကျွန်တော်အတွက်ပါ ရှာဖွေဖို့ အချိန်ကုန်နည်းပြီး အကျိုး ရှိမယ့် Post တွေ ကို လေ့လာနိုင်အောင် ကျွန်တော်သိမ်း ထားပါ တယ်။ မူလရေးတဲ့ပုဂ္ဂိုလတွေဆီသွားလိုက လဲ အလွယ်တကူ သွားနိုင်အောင် လင့်တခါတည်း ပေးထား ပါတယ်။) 
နံပါတ်ခုနစ်- စာဖတ်သူနဲ့ အမြဲထိတွေ့ပေးရမယ် ကိုယ့် Blog ထဲကို ရေးသွားတဲ့ Comment တွေ၊ Cbox ထဲပြောသွားတဲ့စကားတွေ၊ ပို့လာတဲ့ mail တွေကို ပုံမှန် ပြန်ဖြေတာဟာလည်း ကိုယ့် Blog နဲ့ Blog reader တွေကို Stick ဖြစ်စေတဲ့နည်း တစ်ခု ပါ။ အဲဒါတွေကို ပုံမှန် reply ပြန်နိုင်ဖို့ ကိုယ်ဟာ internet ကို ပုံမှန်သုံးနေတဲ့သူဖြစ်ဖို့လို ကျသွားပါလိ့မ် မယ်။ တချို့ကျတော့လည်း မသိနိုင်ပါဘူးဆိုပြီး ကူးတာမျိုးတွေရှိပါတယ်။ကိုယ့်မှာ အဲဒီအတွက် အချိန်ရှိ ရဲ့လား ဆိုတာ သေချာသုံးသပ်ပါ။

နံပါတ်ရှစ်- ဝေဖန်တာခံနိုင်ရဲ့လား
ကိုယ်ကရေးပြီဆိုမှတော့ ကိုယ်ရေးတဲ့အကြောင်းအရာကို လက်ခံတဲ့သူတွေရှိသလို လက်မခံတဲ့သူတွေ၊ ရန်တွေ့လာတဲ့သူတွေ ရှိမှာပါ။ အဲဒါတွေကို ကြိုတွေးထားပါ။ ဖြစ်လာရင်ကော ကိုယ့်ဘက်က ဘယ်လို တုံ့ပြန်မလဲ။ တချို့ရှိသေးတယ်။ အလကားနေရင်း Cbox မှာ ၀င်ဆဲသွားတာမျိုး။ ကိုယ့်ကိုဆဲတာဆိုတာ့ ဒေါသထွက်မိမယ်၊ စိတ်တိုမိမယ်၊ အဲဒီဒဏ်တွေကို ခံနိုင်ရဲ့လား။

နံပါတ်ကိုး- လူအ၀င်နည်းရင် စိတ်အားငယ်ရတယ်
Blog လေးဖန်တီးပြီးပြီ၊ ပုံမှန်လည်း Update လုပ်ရဲ့သားနဲ့ လူအ၀င်နည်းပြီဆိုရင် စိတ်ဓာတ်ကျစရာ တော်တော်ကောင်းပါတယ်။ သူများဘလော့ခ်တွေရဲ့ တစ်နေ့တစ်နေ့ ၀င်ကြည့်သူအရေအတွက်ကို ကိုယ့်ဘလောခ့်က မမီဘူးဆိုရင် အလိုလိုနေရင်းကို စိတ်အားငယ်ရပါတယ်။ ကျွန်တော်ဆိုရင် မအိပ်နိုင် တဲ့ထိကို ဖြစ်ခဲ့ရပါတယ်။ ကဲ..အဲဒီလိုမျိုးတွေအတွက် တောင့်ခံနိုင်ရဲ့လားဆိုတာ စဉ်းစားပါဦး။

နံပါတ်တစ်ဆယ်- ရေရှည်လုပ်ငန်း ဖြစ်နေတယ်
တစ်လနှစ်လလေး ရေးပြီး နောက်မရေးတော့ဘူးကွာဆိုပြီး နေချင်နေလို့ရတာပါပဲ။ မအောင်မြင်လို့ နောက်ဆုတ်တဲ့သူလို့ ကိုယ့်ကိုယ်ကို အဖြစ်ခံမလား။ အောင်မြင်နေရဲ့သားနဲ့ မရေးတော့ ဘူးဆိုပြန်တော့ လည်း ကိုယ့်အောင်မြင်မှုကို မထိန်းသိမ်းနိုင်တဲ့သူ ဖြစ်သွားပြန်ရော။ အဲဒါကြောင့် ရေရှည်အလုပ်လို့ ပြောတာပါ။ အကြာကြီး လုပ်နိုင်ပါ့မလား။

နံပါတ်ဆယ့်တစ်- အသစ်တွေဖြစ်ရမှာနော်
ဘယ်သူမဆို အကြောင်းအရာအသစ်တွေဖတ်ချင်ကြတာ
ပါပဲ။ ဂျာနယ်အဟောင်းနဲ့ ဂျာနယ်အသစ်ကို ယှဉ်ထားလိုက်ရင် ဂျာနယ်အသစ်ကိုပဲ အရင်ကောက်ကိုင်တတ်ကြတာပါ။ ကိုယ့် Blog မှာ တင်လိုက်တဲ့ အကြောင်းအရာတွေဆိုလည်း အသစ်တွေ ဖြစ်နေရပါ့မယ်။ ဒါမှ လူတွေ ပိုပြီး စိတ်ဝင်စားမှာပါ။ သတင်း တွေ ပေးတဲ့ Blog မျိုးဆိုရင် ပိုတာဝန်ကြီးပါတယ်။ နာရီပိုင်းနဲ့အမျှ အသစ်တင်နေရမှာပါ။ ကိုယ့်မှာ အဲဒီလို အသစ်တွေရှာဖို့၊ ရေးဖို့ အခြေအနေပေးရဲ့လား။

နံပါတ်ဆယ့်နှစ်- သတိလည်းထားရမယ်
ကိုယ်ရေးတဲ့ အကြောင်းအရာဟာ တိကျခိုင်လုံမှုရှိရပါ့မယ်။ ရမ်းဖြီးလို့ မရဘူးဆိုတာ သိထားပါ။ မဟုတ် ရင် ၀ိုင်းခွပ်မယ့်သူတွေ တစ်ပုံကြီးပဲ။

နံပါတ်ဆယ့်သုံး- အများအကျိုးဆောင်တဲ့အလုပ်ပါ
Blog ရေးတယ်ဆိုကတည်းက အကြောင်းအရာတစ်ခုခုကို လူအများသိစေချင်လို့ ရေးတာပါ။ အဲဒီမှာ ကိုယ်က လူထုကို ဘာပေးမှာလဲ၊ အကောင်းတွေပေးမှာလား၊ အကျိုးအပဲ့တွေ ပေးမှာလား။ အရွယ် ရောက် လို့ ကိုယ့်သမိုင်းကို ပြန်ကြည့်ရင် လိပ်ပြာမလုံရတဲ့ အကြောင်းအရာမျိုးတွေ မရေးရင် အကောင်း ဆုံးပါပဲ။ အများအကျိုးရှိအောင်လုပ်ပေးတဲ့
သူကို တန်ဖိုးရှိတဲ့လူလို့ ရှေးလူကြီးတွေ ပြောခဲ့ကြပါတယ်။


သူငယ်ချင်း နေမင်း မှ forward လုပ်ပေးသော စာကိုပြန်လည် တင်ပြပေးပါတယ် ခင်ဗျာ...


သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ များအားလုံးကို ရိုသေစွာဂါဝရ ပြုလျှက်
 / မောင်ဇော်မင်းအောင်



အဆုံးတိုင်ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်...


                            လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

ကြိုဆိုပါ၏ဆိုင်းဘုတ်လုပ်နည်း(အီလက်ထရောနစ်သမားများအတွက်)သာ

Running Message Display

Light emitting diodes are advan- tageous due to their smaller size, low current consumption and catchy colours they emit. Here is a running message display circuit wherein the letters formed by LED arrangement light up progressively. Once all the letters of the message have been lit up, the circuit gets reset. The circuit is built around Johnson decade counter CD4017BC (IC2). One of the IC CD4017BE?s features is its provision of ten fully decoded outputs, making the IC ideal for use in a whole range of sequencing operations. In the circuit only one of the outputs remains high and the other outputs switch to high state successively on the arrival of each clock pulse. 
 
                                လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

ဂျီမေးလ်တစ်ခုသိရုံနဲ့ ဘယ်နိုင်ငံကလည်းဆိုတာသိနိုင်တယ်

 ဂျီမေးလ်တစ်ခုသိရုံနဲ့ ဘယ်နိုင်ငံကလည်းဆိုတာသိနိုင်တယ်

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံ ကလဲ  ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။  ပထမဆုံးတစ်ခု  က Spypig ပါ။
၁ ။ Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။ http://www.spypig.com/ ကိုသွားလိုက်ပါ။
၂ ။ နောက် Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
၃ ။
Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။ Step2 မှာ Subject ထည့်ပါ။ Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။ Step4 မှာ 3 ကိုရွေးပါ။
၎။ ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။
၅။ အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
၆။ ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။

ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။ အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့ http://www.ip2location.com/free.asp ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင် ဘယ်နိုင်ငံကလည်းဆိုတော ပေါ်လာပါလိမ့်မယ်။
အင်တာနက်မှာ ဆိတ်ကွယ်ရာမရှိပါဘူး။

/မောင်ဇော်မင်းအောင်
 
                   လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

Thursday, 21 August 2014

ငါးမန်းကြောင့်လည်း အင်တာနက်လိုင်း ကျတတ်သည်

ငါးမန်းကြောင့်လည်း အင်တာနက်လိုင်း ကျတတ်သည်

ဗြိတိန်နိုင်ငံရဲ့ ပင်လယ်ရေပိုင်နက်မှာ တွေ့ရှိခဲ့တဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ်။ ငါးမန်းဖြူမျိုး မှ တစ်ကောင်ဟာ ပင်လယ်ရေအောက် အင်တာနက် ဖိုက်ဘာ ကေဘယ်ကို ကိုက်ဖြတ်နေခြင်း ဖြစ်ပြီး ငါးမန်းဟာလည်း အင်တာနက် လိုင်း ပျက်ရတဲ့ တရားခံများထဲမှာ တစ်မျိုး အဖြစ် ပါဝင်လာခြင်း ဖြစ်ပါတယ်။
Google ရဲ့ ရေအောက် အင်တာနက် ဆက်သွယ်ရေး ကြိုးကို ကိုက်ဖြတ်ခြင်း ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်တုန်းကလည်း ယင်းကဲ့သို့ အလားတူ ဖြစ်ရပ်ကြုံတွေ့ခဲ့ဖူးပြီး အင်တာနက်လိုင်း ပြတ်ခဲ့ကြ ပါတယ်။ အဲ့တုန်းက ငါးမန်းကို ကိုက်ဖြတ်ခြင်း ဖြစ်ကြောင်း ပြောဆိုပေမယ့် ဒါကို လက်မခံတဲ့ သူများလည်း ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ယခုတော့ ရေအောက် ကင်မရာများ ထားရှိပြီ ဖြစ်တာကြောင့် ငါးမန်းက ကိုက်ဖြတ်တယ် ဆိုတာကို ဗီဒီယို မှတ်တမ်းနဲ့ လွယ်တကူ သိရှိနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ရေအောက် ဖိုက်ဘာ အင်တာနက် ဆက်ကြောင်းများနဲ့ ကမ္ဘာတစ်ဝန်း အင်တာနက် ရရှိဖို့ ပြုလုပ်ကြခြင်း ဖြစ်ပြီး ဒီအတွက် ကုန်ကျစရိတ်လည်း မနည်း ပါဘူး။ အသားလို အနံ့လည်းမရတဲ့ ကြိုးကို ကိုက်ဖြတ်ပြီး လူတွကို ဒုက္ခပေးရလောက်အောင် ငါးမန်းတို့ ဥာဏ်ပြေးနေပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ ပါတယ်။
.

Ref: metro

အောင်ခမ်း (ရိုးရာလေး)


                           လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

ဗောက် ပင် အစွမ်း အံ့မခမ်း

ဗောက် ပင် အစွမ်း အံ့မခမ်း



လမ်းဘေးမှာအလေ့ကျ ပေါက်နေတဲ့ဗောက်ပင်လေးတွေကို လူတိုင်းလိုလိုသိကြမြင်ကြပေမဲ့ အမှတ်တမဲ့ပဲ နေမိကြမှာပါဗောက်သီးမှည့်လေးတွေ ကတော့ အလွန်ချိုပါတယ်။
ကလေးတွေကြိုက်ကြတယ်ထူးခြားတာက ဗောက်ပင်တပင်လုံးကိုပဉ္စငါးပါး(အမြစ်မှအညွန့်)အားလုံးကိုရေစင်ကြယ်အောင်ဆေးကြောပြီးအိုးသန့်သန့်မှာထည့် ရေမက်ခွက်၃ ခွက် ထည့်ပါ။
ရေ တစ်ခွက်စာကျန်သည့်တိုင်အောင် မီးအေးအေးနှင့်ကျိုချက်ပြီးတစ်နေ့ကို၃ ကြိမ်ခန့် သောက်ပေးပါကဆီးချို သွေးချို ရောဂါကို ဒိဌ သက်သာပျောက် ကင်းစေပါတယ်။
အရသာကခါးပေမဲ့ အကုန်ကျ အလွန်နည်းပါးတာကြောင့် ဝေဒနာခံစားရေရသော မိတ်ဆွေများအတွက်ဖြန့်ဝေ ပေးလိုက်ပါတယ် ဆီးချို သွေးချို ဝေဒနာ သက်သာပျောက်ကင်းကြပါစေ။
Myomyo Min

                           လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ