Friday, 4 September 2015

Root ဆိုတာဘာလဲ

 Root ဆိုတာဘာလဲ

Root ဆိုတာဘာလဲသိချင်ကြတဲ့ Android မိုဘိုင်းဖုန်းအသုံးပြုသူတွေတွက်
Root ဆိုတာဘာလဲ ရှင်းပြပေးလိုက်ပါတယ်။
Android စမတ်ဖုန်းတွေမှာ Root လုပ်တယ်ဆိုတာ ကောင်းတာရှိသလို အကောင်းတာတွေလည်းရှိပါတယ်။ Root လုပ်သင့်တယ်ဆိုမှသာ ဖုန်းအား Rootလုပ်ပါ။
ဖုန်းကို Root ထားတယ်ဆိုရင် Warrenty (အာမခံ) ချက်တွေဆုံးရှုံမှာဖြစ်ပါတယ်။
Samsung ဖုန်းတွေ ၀ယ်မည်ဆိုလျှင် Samsung ကုမ္မဏီ တရာဝင် 1 နှစ်အာမခံချက်ပေးပါတယ် ဖုန်းတစ်ခုခုဖြစ်ရင် သူတို့ က လက်ခမဲ့သော်လည်းကောင်း ပစည်းနှင့် လက်ခမဲ့သော်လည်းကောင်း ဖုန်းတလုံးအသစ်လဲပေးသည်သော်ကောင်း ပြုလုပ်ပေးပါတယ်။
ယခုလို ဖုန်းမှာ Root ထားရင်တော့ (User Effect) Error ရှိနေဆိုပြီး အထက်ပါအကြိုးခံစားခွင့်ကို ရကောင်းမှ ရပါလိမ့်မယ်။
Root ထားရင်လည်း ဖုန်းဟာ Root မရှိစဉ်ထက် အနည်းငယ်လေးလံသွားမှာဖြစ်ပါတယ်။
ဖုန်းမှာ Root မလုက်ထားရင်လည်း မြန်မာဖောက်တွေထည့်သွင်းတဲ့ အခါ မြန်မာစာ မမှန်ကန်တာတို့ မြန်မာဖောက်မရတာတို့ ဖြစ်စေပါတယ်။ ထို့ အတူ စာရေးသူတို့ အသုံးပြုချင်တဲ့ App တွေဖြစ်တဲ့ Myanmar Font Change တို့ Wifi Password, Hacker Apk နှင့် ScreenShot Apk စတဲ့ Root ရှိမှ သုံးလို့ ရစေမည့် App တွေကို အသုံးပြုခွင့် ရလိမ့်မည်မဟုတ်ပါ။
ဒါကြောင့် Root လုပ်တော့မယ်ဆိုရင်တော့ စဉ်စားဖို့ တော့ လိုပါမယ်။
ဒါဆိုရင် Root ဆိုတာဘာလဲသိလောက်ပီပေါ့။

                       လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

Google Email အကောင့်န့်  Password မေ့နေရင် Password အသစ်ပြန်လည်ရယူနည်း

 Google Email အကောင့်န့်  Password မေ့နေရင် Password အသစ်ပြန်လည်ရယူနည်း

မိမိတို့ အသုံးပြုနေတဲ့ Google Account ဟုဆိုရသည့် Email ရဲ့ Password ဟာ အကြောင်းအမျိုးမျိုးကြောင့် မေ့သွားပီဆိုလျှင် မိမိပြုလုပ်ထားသည့် အခြားသော အကောင့်န့် များကိုပါ ဆုံးရှုံးနိုင်မှာအမှန်ဘဲဖြစ်ပါတယ်။
ယခု နည်းလမ်းဟာ မိမိ Gmail Account ၏ Password မေ့သွားခဲ့ရင် Pass အသစ်ပြန်လည်ရယူနည်းဖြစ်ပါတယ်။

အဆင့် (၁)
အရင်ဦးဆုံ http://bit.ly/1RTZdOB သို့ သွားပြီး Forgot You Password?  တွင် Password မေ့နေသည့် မိမိ၏ Gmail အားလေးထောင့်ကွက်တွင်ထည့်ပြီး Submit အားနှိပ်ပါ။

အဆင့် (၂) 
နောက်တစ်ဆင့်တွင် Enter the last password you remember ဆိုပြီး  Password ကိုမေးပါမယ် မိမိမှ Password မသိသောကြောင့် အောက်တွင်ရှိသော I dont Know အားနှိပ်ပေးရမည်ဖြစ်သည်။

အဆင့် (၃)
ဒီအဆင့်တွင် မိမိ Email လုပ်ခဲ့စဉ်က ထည့်ခဲ့သော သူငယ်ချင်း၏ Email (သို့ ) Phone Namber ကိုလျို့ ဝှက်ပြီးပေါ်လာမှာဖြစ်ပြီး Continue အားနှိပ်လိုက်ပါက အဲ့ဒီ Email (သို့) Phone Namber အားPassword အသစ်ချိန်းရန် စာအိပ်ကို Google မှပေးပို့ လာမှာဖြစ်ပါတယ်။
Phone Namber ဆိုလျှင် Code ပေးပို့  လာမှာဖြစ်ပြီး အဲ့ဒီ Code အားထည့်ပြီး Password အသစ်ပြောင်းလဲခွင့်ရမှာဖြစ်ပါတယ်။
Email ဆိုလျှင် အဲ့ဒီ Email သို့ Google မှ စာအိပ်ပို့ လာမှာဖြစ်ပြီး ယင်စာအိပ်တွင် Password အသစ်ချိန်းရန် link အားနှိပ်ပြီး Password အသစ်အားပြန်လည်ရယူနိုင်မှာဖြစ်ပါတယ်။
အားနည်းချက်အနေနဲ မိမိ Email လုပ်ခဲ့စဉ်က ထည့်ခဲ့တဲ့ Recovery Email Or Phone Namber ကို မသိတော့ မရှိတော့ရင်တော့ New Password ချိန်ရန်ရနိုင်တော့မှာမဟုတ်ပါဘူး။

ဒါကြောင့် Email အသစ်လုပ်သည့် အခါတိုင်း မိမိထည့်ခဲ့တဲ့ သူငယ်ချင်းရဲ့ Email နှင့် Phone Namber ကို မှတ်ထားဖို့ အရေးကြီးတာအမှန်ဘဲဖြစ်ပါတယ်။

                       လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

Android မိုဘိုင်းဖုန်းတွေကို ကွန်ပျူတာတွင် Vroot ဖြင့် Root ဖောက်နည်း

Android မိုဘိုင်းဖုန်းတွေကို ကွန်ပျူတာတွင် Vroot ဖြင့် Root ဖောက်နည်း

မိုဘိုင်းဖုန်း Android တွေကို Root ဖောက်ရန် ကွန်ပျူတာ ဆော့ဝဲတစ်ခုဖြစ်တဲ့ Vroot ဖြင့် Root ဖောက်ပုံအဆင့်ဆင့် ကို ပုံနဲတကွဖော်ပြရှင်းလင်းပေးထားပါတယ်။
မိမိ မိုဘိုင်းဖုန်းကို အမှန်တကယ် Root ပြုလုပ်ရန်လိုအပ်နေတယ်ဆိုရင်တော့ ကွန်ပျူတာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လေ့လာထားပါက ပညာတစ်ခုတိုးပွားလာစေမှာအမှန်ဘဲဖြစ်ပါသည်။
Root လုပ်ရန်အဆင့်ဆင့်ကို အောက်တွင်ပုံဖြင့်ရှင်ပြထားတာလေ့လာလိုက်ရအောင်..။

အဆင့် (၁) မိမိ Root ဖောက်မည့် ဖုန်း၏ Setting>Developers Option အားနှိပ်ပြီး USB Debugging အမှန်ခြစ်ဖြစ်အောင် တစ်ချက်နှိပ်ပေးရမည်ဖြစ်သည်။

 Android 4.2.2 ဖုန်းတွေနဲ အခြားသောဖုန်းတွေမှာ  Developers Option ကိုမတွေ့ ပါက Setting ထဲမှ About Phone နေရာ၏ Built Number အားလက်ဖြင့် ၅ ချက် မှ  ၈ ချက်ထိ ခေါက်ပေးလိုက်ရင် Developers Option အားတွေ့ မြင်နိုင်မှာဖြစ်ပါတယ်။

 အဆင့် (၂) Vroot Application ကို Download ရယူပြီး မိမိကွန်ပျူတာတွင် Install လုပ်ပါ။

အဆင့် (၃)မိမိကွန်ပျူတာ တွင် Vroot Application အား Install လုပ်ပြီး ဖွင့်လိုက်ပါ။

အဆင့် (၄) မိမိဖုန်းအား ကွန်ပျူတာသိအောင် USB ကြိုးဖြင့် ဖုန်းကို ကွန်ပျူတာဖြင့် ချိတ်ဆက်ပြီး Connect Device အားနှိပ်ပေးလိုက်ပါ။


အဆင့် (၅) အဆင့် ၅ တွင် ကွန်ပျူတာမှ ဖုန်းကိုသိသွားပြီးဆိုတဲ့အကြောင်း မိမိဖုန်း Model နံပါတ်နဲဖော်ပြပေးပါလိမ့်မည်။

အဆင့် (၆) ဖုန်းအား Root ဖောက်ရန်ပြထားသည့် Root ဆိုတဲ့ ခလုတ်အား နှိပ်းပေးပါ။

အဆင့် (၇) ဖုန်းအား ကွန်ပျူတာတွင် Root ဖောက်တာအောင်မြင်သွားကြောင်း Complete အမှန်ဖြင့်ပြသပြီးမိမိဖုန်းဟာ ပါဝါ  Reboot ကျပြီးပြန်ပွင့်လာမည်ဖြစ်သည်။



အဆင့် (၈) မိမိဖုန်းဟာ ပါဝါပြန်ပွင့်လာရင်တော့ ဖုန်းအတွင်းမှာ SuperUS App လေးပေါ်လာမှာဖြစ်ပါတယ်။ SuperUS လေးပေါ်လာရင်တော့ မိမိတို့ ရဲ့ Android မိုဘိုင်းဖုန်းဟာ Root ဖောက်လို့ အောင်မြင်သွားပြီးဘဲ ဖြစ်ပါတယ်။
                          လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

မိုဘိုင်းဖုန်းနဲ ကွန်ပျူတာကို ကြိုးမဲ့ချိတ်ဆက်အသုံးပြုနိုင်

မိုဘိုင်းဖုန်းနဲ ကွန်ပျူတာကို ကြိုးမဲ့ချိတ်ဆက်အသုံးပြုနိုင်


မိုဘိုင်းဖုန်းတွေနဲ ကွန်ပျူတာကို USB ကြိုးတွေအသုံးပြုစရာမလိုဘဲ လေထဲကနေ ချိတ်ဆက်အသုံးပြုနည်းဖြစ်ပါတယ်။
ယခုနည်းဟာ Android ဖုန်းမှ လုပ်ဆောင်နေသမျှကို ကွန်ပျူပေါ်မှာ ဖော်ပြပေးနေမှာဖြစ်ပြီး ကွန်ပျူတာထဲကနေ ဖုန်းကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဖုန်းအတွင်းရှိ Messenger , Music ,Contacts,Find Phone, App တွေနှင့် Ringtone , My File , Video နှင့် Photo , Screenshot ,Call Logos , Carmera , စတဲ့ ဖုန်းအတွင်းမှာရှိတဲ့အရာတွေကို ဖုန်းမှလုပ်ဆောင်နေတိုင်း ကွန်ပျူတာတွင်ဖော်ပြနေမှာဖြစ်ပါတယ်။
အသုံးပြုရန် အကောင့်န့် တစ်ခုဖွင့်ပြီး ယင်အကောင့်န့် တစ်ခုထဲကို ကွန်ပျူတာရော ဖုန်းမှာပါထည့်သွင်းပြီး Scan QR Code ရိုတ်ထည့်ကာ ချိတ်ဆက်အသုံးပြုရမှာဖြစ်ပါတယ်။
ယင်အကောင့်န့် ကို https://www.airdroid.com/en/signup/
တွင် မိမိ Email နှင့် password တို့အားထည့်သွင်းပြီး ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ကွန်ပျူတာတွက် AirDroid App ကို http://bit.ly/1I1qdnF  တွင်ဒေါင်းယူပြီး Sing in ၀င်နိုင်ပါတယ်။
Android ဖုန်းတွက် AirDroid App အား http://bit.ly/1I937sW တွင်ဒေါင်းပြီး အကောင့်န့်  Sing in ၀င်နိုင်ပါတယ်။
iOS တွေတွက် AirDroid App ကို http://bit.ly/1LXO4J3 တွင်ဒေါင်းယူပြီး Sing in ၀င်နိုင်ပါတယ်။

အထက်ပါကဲ့သို့ အကောင့်န့် တစ်ခုထဲကို ကွန်ပျူတာ နဲ မိုဘိုင်းဖုန်းတွေထဲ တူတူထည့်သွင်းပြီး Scan QR Code ထည့်ပေးလိုက်တာနဲ ဖုန်းနဲ ကွန်ပျူတာ ချိတ်ဆက်သွားပါမည်။ Scan QR Code ကတော့ အကောင့်န့် ထဲမှာပေးထားပါတယ်။
ချတ်ဆက်ပြီးရင်တော့ မိမိတို့ဖုန်းမှ လုပ်ဆောင်ချက်များနှင့် SMS ပို့ လာသည့် စားများစတာတွေကို ကွန်ပျူတာတွင် ပေါ်လာမှာဖြစ်ပြီး ကွန်ပျူတာထဲကနေ ဖုန်းကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ချိတ်ဆက်ထားစဉ် Wifi (သို့ ) Mobile Internet ရှိထားရမှာလည်းဖြစ်ပါတယ်။
ပုံလေးတွေကြည့်ပြီးတော့ အသုံးပြုတတ်လိမ့်မည်လို့ တင်ပါတယ်။



                               







                                    လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

ဖုန်းခေါ်ဆိုသူရဲ့ သတင်းအချက်အလက်များကို Facebook မှ ရယူ ပြသပေးမယ့် Hello – Caller ID & Blocking

ဖုန်းခေါ်ဆိုသူရဲ့ သတင်းအချက်အလက်များကို Facebook မှ ရယူ ပြသပေးမယ့် Hello – Caller ID & Blocking


သင့်ဖုန်းရဲ့ Contact ထဲမှာ မရှိတဲ့ လူတစ်ယောက်က သင့်ထံ ဖုန်းခေါ်ရင် သူ့ရဲ့ နာမည်နဲ့ အခြားသတင်းအချက်တွေကို သင်မသိနိုင်ပါဘူး။ 

သင့်ဖုန်းရဲ့ Contact ထဲမှာ မရှိရင်တောင် ဖုန်းခေါ်သူရဲ့ နာမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာနဲ့ မွေးနေ့ စတဲ့ သတင်းအချက်အလက်တွေကို ပြသပေးနိုင်တာက Hello ဖြစ်ပါတယ်။ 

Hello ကို Facebook က တီထွင်ထားတာဖြစ်ပြီး App က Facebook မှ သတင်းအချက်အလက်များကို ရယူပြီး ပြသပေးတာ ဖြစ်ပါတယ်။ 

Hello က တစ်နည်းအားဖြင့် Dialer App ဖြစ်ပြီး သင့်ဖုန်းရဲ့ မူလ Dialer နေရာမှာ အစားထိုးနိုင်ပါတယ်။ 

Hello မှာ ဖုန်းသရဲတွေကို အလိုအလျှောက် Block လုပ်ပေးနိုင်တဲ့ စွမ်းဆောင်ချက် ပါရှိသလို သင် အလိုမရှိတဲ့ ဖုန်းနံပါတ်များကိုလည်း Block နိုင်ပါတယ်။

သင့်ဖုန်းမှာ Facebook ကို ထည့်သွင်းထားသူများအတွက် Hello ကို အင်စတောလုပ်ပြီးရင် သင့်အကောင့် နာမည်ကို ပြသပေးမှာပါcontinueနိပ်ပါ

နောက်အဆင့်မှာ Caller ID ကို ပြသမယ့် စကရင်အတွက် Draggable Card or Full Screen ကို ရွေးချယ်ခိုင်းပါတယ်။ 

ထင်ထင်ရှားရှားမြင်ရအောင် Full Screen ကို ရွေးချယ်နိုင်ပါတယ်။ ပြီးရင် Continue ကို နှိပ်ပါ

ဖုန်းသရဲတွေကို Block ဖို့ နောက်အဆင့်မှာ Commonly blocked numbers မှာ On ပေးပြီး Continue ကို နှိပ်ပါ။

 နောက်အဆင့်တွေမှာ Hello ရဲ့ စွမ်းဆောင်ချက်တွေကို ပြသပေးမှာ ဖြစ်ပြီး Continue ကို နှိပ်ပါ။

ပြီးရင်တော့ Hello ရဲ့ Main Screen ကို ရောက်ရှိပါပြီ။ History ကဏ္ဍထဲမှာ Incoming နဲ့ Outgoing Calls 
များကိုပြသပေးထားပါတယ်

Contact တစ်ခုကို နှိပ်ရင် သူ့ရဲ့ Facebook မှာ Public အနေနဲ့ ထည့်သွင်းထားတဲ့ သတင်းအချက်အလက်များကို တွေ့ရမှာ ဖြစ်ပါတယ်။ 

Mutual Friends အရေအတွက်၊ နေရပ်လိပ်စာ၊ တက္ကသိုလ် စတာတွေ ဖြစ်ပါတယ်။ 

Call for free မှ Call နဲ့ Messenger ခလုတ်ကို နှိပ်ရင် Messenger ကနေ အခမဲ့ ဖုန်းပြောနိုင်၊ စာပို့နိုင်မှာပါ။ ( သင့်ဖုန်းမှာ Messenger ထည့်သွင်းထားဖို့ လိုပါတယ်။ ) 

အောက်မှ ဖုန်းနံပါတ်များကို နှိပ်ပြီး အခကြေးငွေနဲ့ ဖုန်းပြောနိုင်ပါတယ်။ ညာဘက်မှ Message ခလုတ်ကို နှိပ်ပီးအခမဲ့ပေးပို့နိုင်ပါတယ်။

History မှ အဆက်အသွယ်တစ်ဦးကို ဖိထားရင် Edit , Block , Delete လုပ်နိုင်ပြီး လျှင်မြန်စွာ ဖုန်းခေါ်နိုင်ဖို့ home screen မယ်shotcutလုပ်ထားနိုင်ပါတယ်

History ရဲ့ ညာဘက်မှာ Dialer ကို အသုံးပြုနိုင်ပါတယ်။ Dialer ရဲ့ ညာဘက်မှာ သင့်ဖုန်းမှ အဆက်အသွယ်များအပြင် Facebook မှ သူငယ်ချင်းများကို ပြသပေးထားပါတယ်။ 

အပေါ်ဆုံးမှာ Favorite များကို ပြသပေးထားပြီး Edit ကို နှိပ်ပြီး ရွေးချယ်နိုင်ပါတယ်။

Settings ထဲမှ Use Hello to Call ထဲသွားရင် သင့်ဖုန်းရဲ့ မူလ Dialer နေရာမှာ Hello ကို အစားထိုးဖို့ နည်းလမ်းကို ပြသပေးထားပါတယ်။ 

မူလ Dialer App ကို ဖိပြီး Home Screen ကို ရွှေ့ပေးပါ။ Hello ကို ဖိပြီး ယခင် Dialer App နေရာမယ်ထားပေးနိုင်ပါတယ်

Hello ရဲ့ အဓိက စွမ်းဆောင်ချက်တစ်ခုက Facebook မှ သူငယ်ချင်းများနဲ့ စားသောက်ဆိုင်များ၊ ကုန်ပစ္စည်းအရောင်းဆိုင်များလို Facebook Page များကို ရှာဖွေနိုင်တာ ဖြစ်ပါတယ်။ 

ဥပမာအားဖြင့် စားသောက်ဆိုင်တစ်ခုကို ရှာကြည့်ရင် တည်နေရာ၊ ဖုန်းနံပါတ်၊ Like အရေအတွက်တို့လို စားသောက်ဆိုင်က Page မှာ ပံ့ပိုးပေးထားတဲ့ သတင်းအချက်အလက်များကို တွေ့နိုင်ပါတယ်။ 

Add Contact ကို နှိပ်ပြီး အဲဒီစားသောက်ဆိုင်ကို သင့်ဖုန်းရဲ့ Contact ထဲထည့်နိုင်ပါတယ်။ Go to Page ကို နှိပ်ပြီး အဲဒီ Page ကိုသွားနိုင်ပါတယ်။

Hello ဟာ Facebook မှ သတင်းအချက်အလက်များကို ရယူပြီး သင့်ကို ဖုန်းခေါ်သူများရဲ့ သတင်းအချက်အလက်များကို ပြသပေးနိုင်တဲ့အတွက် ထူးခြားဆန်းသစ်ပြီး အသုံးဝင်တဲ့ App တစ်ခု ဖြစ်ပါတယ်။ 

Hello က Missed Calls , Blocked Calls များအတွက် Notifications များကိုလည်း ပြသပေးနိုင်ပြီး အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။

Google Play Store

                     လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

Facebook Password မေ့သွားလျှင် ပြန်လည်ရယူနည်း

Facebook Password မေ့သွားလျှင် ပြန်လည်ရယူနည်း

လူမူကွန်ယက် တစ်ခုအဖြစ် အောင်မြင်နေသည့်
facebook ကို အသုံးပြုနေသူ များတွက် မိမိ တို့ရဲ့ Facebook account ရဲ့ Password မေ့သွားလျှင် မိမိ account ကို ပြန်ရဖို့ ဘယ်လိုပြန်ဝင်ကြမလဲ
ပြန်လည် ရယူနည်းလေးအား ဖော်ပြထားပါတယ်။
ဒါက မိုဘိုင်းအသုံးပြုသူများရော ကွန်ပျူတာ မှာပါ လုပ်ဆောင်နိုင်ပါတယ်။
နည်းလမ်းကတော့
လွယ်ပေမဲ့ မလုပ်တတ်သေးလျှင် ခက်ကောင်းခက်ပါလိမ့်မည်။
အသုံးပြုနည်းအား ဖုန်းဖြင့် စမ်းသပ်ဖော်ပြထားပါတယ်။
 www.facebook.com  ကိုသွားပြီး  log in နေရာ ရောက်ပါက အောက်၌ ရှင်းပြထားသည့် Screenshot များတိုင်း လွယ်ကူစွာ လုပ်ဆောင်နိုင်ပါတယ်။

    အာကာ
လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

Sansung Galaxy Note 2 မြန်မာဖောင့်သွင်းနိုင်သည့် ZawgyiOne 2015

Sansung Galaxy Note 2 မြန်မာဖောင့်သွင်းနိုင်သည့် ZawgyiOne 2015

Samsung Galaxy Note 2 ကို Root ဖောက်ရန် မလိုအပ်ဘဲ မြန်မာဖောင့် မှန်ကန်အောင် ထည့်သွင်းနိုင်သည့် ZawgyiOne 2015 Apk ဖြစ်ပါသည်။
Note 2 ဖုန်းတွေမှာ Root မလုပ်ထားရန် မြန်မာစာ ဟာ မပေါ်ဘဲ လက်ကွက်တွင်လည်း မြန်မာ စာဟာ လေးထောင့်အကွက်တွေ ဖြစ်နေတာ တွေ့ရပါတယ်။
ယခု ZawgyiOne 2015 ဟာ Galaxy Note 2 အား Root မရှိဘဲနဲ့ မြန်မာစာ ပေါ်စေမည့် Apk ဖြစ်ပါတယ်"
ZawgyiOne2015 ကို Install လုပ်ပြီး Note 2 ၏ ဖုန်း Setting အား နှိပ်ပါ။
ပြီးလျှင် Display အားနှိပ်ပါ။
Display ၌ Font Style အားနှိပ်၍ ယခု ZawgyiOne 2015 Apk ကို ရွေးချယ် ပေးလိုက်ရင်တော့ Samsung Galaxy Note 2 ဖုန်းဟာ Root မလုပ်ဘဲ မြန်မာဖောင့် ရရှိသွားမည်ဖြစ်သည်။
မိမိ ကြိုက်နှစ်သက်သည့် မြန်မာကီးဘုတ်ကို ထည့်သွင်း အသုံးပြုနိုင်သည်။

ZawgyiOne2015 အား http://bit.ly/1HqluYF တွင်ဒေါင်းယူနိုင်ပါတယ်။
 
                          လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ