Monday, 23 June 2014

HTML ပုံများ - Tag နဲ့ Src Attribute

HTML ပုံများ - Tag နဲ့ Src Attribute



HTML ပုံများ - <img> Tag နဲ့  Src Attribute

HTML မှာ ပုံတွေကို  <img> tag နဲ့ သတ်မှတ်ကြပါတယ်။
<img> tag သီးသန့်ဆိုရင် ဗလာ ကြီးဖြစ်ပြီး Attribute တွေ သက်သက်ပဲပါမှာပါ။ Tag အပိတ်လည်းမရှိပါဘူး။
စာမျက်နှာပေါ်မှာ ပုံပေါ်ဖို့အတွက် src attribute ကိုသုံးဖို့လိုပါတယ်။ Src ဆိုတာက "source" ရဲ့အတိုကောက်စာလုံးဖြစ်ပြီး  src attribute ရဲ့တန်ဖိုးက သင်ပေါ်ချင်တဲ့ ပုံရဲ့ URL လည်းဖြစ်ပါတယ်။
ပုံအတွက် Syntax


<img src="url" alt="some_text"/> 
URL ကပုံဘယ်မှာရှိလဲ ပြပါတယ်။ "trip.jpg" လိုနာမည်ရှိတဲ့ ပုံတစ်ပုံမှာ www.aungsanmks.com ရဲ့ images folder (Directory) ထဲမှာရှိတယ်ဆိုရင် URL က http://i.minus.com/ibidJBu0i95gl8.PNG
Browser (ဘရောက်ဆာ) က Image Tag ပြတဲ့ပုံကို ခေါ်သုံးပါတယ်။ တကယ်လို့ စာပိုဒ်နှစ်ခုကြား
ပုံထားခဲ့ရင် Browser (ဘရောက်ဆာ) က ပထမစာပိုဒ်ကို အရှေ့က ပေါ်စေပါမယ်။ သူ့အောက်မှာမှ သင်ညွှန်းထားတဲ့ပုံ သူပြီးမှ နောက်ဆုံးစာပိုဒ်ကို ပေါ်စေမှာပါ။  

HTML ပုံများ - Alt Attribute

လိုအပ်တဲ့ alt attribute ဟာ ပုံအတွက် အခြားနည်းလမ်းနဲ့ပေါ်မယ့်စာဖြစ်ပါတယ်။ ပုံပေါ်ဖို့ အဆင်မပြေတဲ့ အခါမျိုးမှာဖြစ်ပါတယ်။
Alt attribute ရဲ့တန်ဖိုးကတော့ ဝဘ်ဆိုဒ် ရေးသူ ထည့်တဲ့အတိုင်းပါပဲ...။


<img src="trip.jpg" alt="Blogger Aung Aung" /> 
alt attribute က အင်တာနက်လိုင်း နှေးလို့ ပုံတွေမပေါ်နိုင်သေးရင်ပဲဖြစ်ဖြစ်၊ Src Attribute မှာ အမှားတစ်ခုခုရှိလို့ပဲဖြစ်ဖြစ် ကြည့်ရှု့သူဟာ Screen Reader ကိုအသုံးပြုပြီးကြည့်လို့ပဲဖြစ်ဖြစ် ပုံတွေကို Browser (ဘရောက်ဆာ) က ချက်ချင်းဖေါ်ပြဖို့မတတ်နိုင်တဲ့ အချိန်မှာလည်း alt ပေးထားတဲ့ (သတ်မှတ်ထားတဲ့) စာကို အရင်ပေါ်နေစေမှာဖြစ်ပါတယ်။

HTML ပုံများ - ပုံအမြင့်နဲ့ အလျားကို သတ်မှတ်ခြင်း

အမြင့်နဲ့ အလျား attribute တွေမှာ ပုံ၏ အမြင့်နဲ့ အလျားအတွက်ဖြစ်ပါတယ်။
Attribute တန်ဖိုးတွေကိုတော့ အမြဲ Pixel နဲ့ သတ်မှတ်ပါတယ်။


<img src="trip.jpg" alt="Blogger Aung Aung" width="334" height="227" />
Noteမှတ်ချက် — ပုံအတွက် အမြင့်နဲ့ အလျား Attribute တွေကို သေချာ စီစဉ်သင့်ပါတယ်။ သတ်မှတ်ထားတဲ့တန်ဖိုး အတိုင်း ပုံရဲ့ အရွယ်အစားကို စာမျက်နှာ loading ဖြစ်နေစဉ်မှာ နေရာချမှာဖြစ်ပါတယ်။ဒါပေမယ့် ဒီ attribute တွေမပါခဲ့ဘူးဆိုရင် browser (ဘရောက်ဆာ) က ပုံအရွယ်အစားကို သိမှာ မဟုတ် ပါဘူး။ ပုံပေါ်လာဖို့ဆွဲတင်နေချိန်မှာ စာမျက်နှာအနေအထားကပြောင်းတဲ့ effect ဖြစ်လာစေပါလိမ့်မယ်။

မှတ်စုများ

Noteမှတ်ချက် — တကယ်လို့ HTML ဖိုင်မှာ ပုံ ၁ဝ ပုံပါခဲ့ပါက အဲဒီ့စာမျက်နှာအတွက် ဖိုင် ၁၁ ခုကို ဖွင့်ရတာနဲ့တူပါတယ်။ ပုံတွေပေါ်လာဖို့ဆွဲတင်ရတာလည်း အချိန်ပေးရပါတယ်။ ဒါကြောင့်ပုံတွေကို ထည့်သုံးမယ်ဆို အရွယ်အစားကအစ ဂရုစိုက်ဖို့ အကြံပြုချင်ပါတယ်။
Noteမှတ်ချက် — ဝဘ်စာမျက်နှာ တက်နေတဲ့အချိန်မှာ Browser (ဘရောက်ဆာ) ကနေ Web Server ကပုံတွေကို ယူပြီး စာမျက်နှာထဲကို ထည့်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် ထည့်ထားတဲ့ပုံဟာ ကိုယ်ပေးထားတဲ့ လမ်းကြောင်းအမှန်မှာ တကယ်ရှိရဲ့လားဆိုတာကို သေချာအတည်ပြုဖို့လိုပါတယ်။ လွဲခဲ့ရင်တော့ ပုံမပေါ်ပဲ အဲဒီ့နေရာမှာ ကွက်လပ်တစ်ခုပေါ်နေမှာဖြစ်ပါတယ်။ ဒါဟာ Browser (ဘရောက်ဆာ) ကရှာပေးဖို့ မတတ်နိုင်တော့တဲ့ အဖြေဖြစ်ပါတယ်။

HTML ပုံ Tag များ

Tag အကြောင်းအရာ
<img /> ပုံထည့်ရန်
<map> image-map ထည့်ရန်
<area /> image-map တစ်ခုထဲက နှိပ်လို့ရတဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်ပါတယ်။


လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

HTML ဇယားများ

HTML ဇယားများ



မြန်မာစာ ၅၅ မှတ်
အင်္ဂလိပ်စာ ၇၀ မှတ်
သချာင်္ ၆၀ မှတ်

HTML ဇယားများ

ဇယားတွေကို <table> tag နဲ့သတ်မှတ်ပါတယ်။
ဇယားတွေကို အလျားလိုက် row တွေ (<tr> tag ) နဲ့ အဲဒီ့ အလျားလိုက် Row တွေကို ဒေါင်လိုက်ဖြတ်ထားတဲ့မျဉ်းတွေ  (<td> tag) တွေနဲ့ အကွက် Cell တွေဖြစ်အောင်ဖန်တီးထားကြပါတယ်။ td က "ဇယား မှာပါတဲ့ data" တွေအတွက်ဖြစ်ပါတယ်။ အဲဒီ့ Data Content တွေဟာ စာသားတွေ၊ လင့်ခ်တွေ၊ ပုံတွေ၊ List တွေ၊ Form တွေ နဲ့ ဇယားတွေလဲ ပါနိုင်ပါတယ်။

ဇယား ဥပမာများ

<table bor der=“1”>
<tr>
<td>row 1, cell 1</td>
<td>row 1၊, cell 2</td>
</tr>
<tr>
<td>row 2, cell 1</td>
<td>row 2, cell 2</td>
</tr>
</table>

အပေါ်က HTML code တွေဟာ browser (ဘရောက်ဆာ) မှာအခုလိုပေါ်ပါလိမ့်မယ်။
row 1, cell 1 row 1, cell 2
row 2, cell 1 row 2, cell 2

HTML ဇယားများ နဲ့ Border Attribute

Border attribute မရွေးချယ်ခဲ့ရင် ဇယားတွေမှာ border ပါမှာ မဟုတ်ဘူး။ တစ်ခါတစ်လေမှာ Border မပါတာ လိုအပ်ပေမယ့် များသောအားဖြင့်တော့ border ကိုသုံးကြပါတယ်။
ဇယားတစ်ခုမှာ Border ပါဖို့အတွက် border attribute ကိုရွေးချယ်ရပါမယ်။

<table border=“1”>
<tr>
<td>Row 1, cell 1</td>
<td>Row 1, cell 2</td>
</tr>
</table>

HTML ဇယား ခေါင်းစဉ်များ

ဇယားရဲ့ ခေါင်းစဉ်ကို <th> tag နဲ့သတ်မှတ်ပါတယ်။
browser (ဘရောက်ဆာ) တော်တော်များများက <th> element ကိုပြရင်  bold ပုံစံနဲ့ Center Align ထားတတ်ပါတယ်။


<table border=“1”>
<tr>
<th>ခေါင်းစဉ် ၁ </th>
<th>ခေါင်းစဉ် ၂</th>
</tr>
<tr>
<td>row 1, cell 1</td>
<td>row 1, cell 2</td>
</tr>
<tr>
<td>row 2, cell 1</td>
<td>row 2, cell 2</td>
</tr>
</table> 
အပေါ်က HTML code တွေဟာ browser (ဘရောက်ဆာ) မှာအခုလိုပေါ်ပါလိမ့်မယ်။
ခေါင်းစဉ် ၁ ခေါင်းစဉ် ၂
row 1, cell 1 row 1, cell 2
row 2, cell 1 row 2, cell 2

HTML ဇယား Tag များ

Tag အကြောင်းအရာ
<table> ဇယားအတွက် ဖြစ်ပါတယ်။
<th> ဇယား ခေါင်းစဉ် ဖြစ်ပါတယ်။
<tr> ဇယား row အတွက် ဖြစ်ပါတယ်။
<td> ဇယား cell အဖြစ် သတ်မှတ်ပါတယ်။
<caption> ဇယား ရဲ့ ခေါင်းစဉ် caption ကို သတ်မှတ်ပါတယ်။
<colgroup> ဇယားရဲ့ Column တွေကို format ပြုလုပ်ခြင်း အတွက်အုပ်စုထားဖို့ သုံးပါတယ်။
<col /> ဇယားမှာပါတဲ့ Column တွေအတွက် attribute တန်ဖိုးအတွက်သုံးပါတယ်။
<ad> ဇယားမှာပါတဲ့ Group ရဲ့ Content တွေအတွက် ခေါင်းစဉ် အဖြစ်သုံးပါတယ်။
<tbody> ဇယားမှာပါတဲ့ Group ရဲ့ Body Content ဖြစ်ပါတယ်။
<tfoot> ဇယားမှာပါတဲ့ Group ရဲ့ Footer Content ဖြစ်ပါတယ်။

  လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

HTML စာပိုဒ်များ

HTML စာပိုဒ်များ



စာပိုဒ်တွေကို <p> tag တွေနဲ့ ရေးသားကြပါတယ်။

ဥပမာ


<p>ဒါကစာပိုဒ်တစ်ခုဖြစ်ပါတယ်။</p>
<p>ဒါကအခြားစာပိုဒ်တစ်ခုဖြစ်ပါတယ်။</p>
Noteမှတ်ချက် — Browser (ဘရောက်ဆာ) တွေက empty sentence line တစ်ခုကို စာပိုဒ်တစ်ခုမတိုင်ခင်နဲ့ စာပိုဒ်ဆုံးသွားတဲ့ နေရာမှာ အလိုလျောက်ထည့်ပေးပါတယ်။

End Tag ကိုမမေ့ပါနဲ့

Browser (ဘရောက်ဆာ) တွေ အများစုက end tag မေ့ခဲ့ရင်တောင် အမှားမပြပဲ ပုံမှန်အလုပ်လုပ်ပေးပါတယ်။

ဥပမာ


<p>ဒါကစာပိုဒ်တစ်ခုဖြစ်ပါတယ်။
<p>ဒါကအခြားစာပိုဒ်တစ်ခုဖြစ်ပါတယ်။
အပေါ်က ဥပမာကို browser (ဘရောက်ဆာ) အများစုက ပြဿနာမရှိပဲ ပုံမှန်ပြသပေးပါတယ်။ ဒါပေမယ့် ဒီလိုမျိုးမလုပ်သင့်ပါဘူး။ End Tag မေ့တာက မလိုအပ်တဲ့ အမှားတွေကို ဖိတ်ခေါ်သလိုဖြစ်စေပါတယ်။ Noteမှတ်ချက် — နောက်ပိုင်းပေါ်ပေါက်လာမယ့် HTML တွေက end tag မပါတာကို လက်ခံမှာ မဟုတ် ပါဘူး။

HTML စာကြောင်း Break များ

<br /> tag ကို စာပိုဒ်အသစ်မစပဲ စာကြောင်းနောက်တစ်ကြောင်းဆင်းချင်ရင် သုံးပါ။

ဥပမာ


<p>ဒါဟာ<br />Line Break<br />ပါတဲ့ စာပိုဒ်တစ်ခုဖြစ်ပါတယ်။</p>
<br />ဟာ empty HTML element ဖြစ်ပြီး end tag မပါပါဘူး။

<br> လား <br /> လား

XHTML နဲ့ XML မှာ end tag (closing tag) မပါတဲ့ Element တွေကိုလက်မခံပါ။
<br>Tag ဟာ browser (ဘရောက်ဆာ) အားလုံးမှာ အဆင်ပြေနေပေမယ့် <br /> ရေးခြင်းကသာ XHTML နဲ့ XML အပလီကေးရှင်းတွေ အတွက်အဆင်ပြေစေမှာဖြစ်ပါတယ်။

HTML ရလာဒ် - သိမှတ်စရာများ

HTML မှာရေးထားတဲ့ Code တွေသင်လိုချင်တဲ့အတိုင်း အတိအကျပေါ်ဖို့မလွယ်ပါဘူး။ screen အကြီး၊ အသေးတွေက ကွဲပြားတဲ့ ရလာဒ်တွေဖြစ်စေနိုင်ပါတယ်။
HTML code တွေအကြား Space တွေခြားပြီး Browser (ဘရောက်ဆာ) View မှာ Space တွေခြားနေချင်လို့မရပါဘူး။
Browser (ဘရောက်ဆာ) တွေက Browser (ဘရောက်ဆာ) View အတွက်အပို space တွေ၊ Code တွေကြားမှာကျော်သွားခဲ့တဲ့ Line တွေအားလုံးကို ဖယ်ရှားလိုက်မှာဖြစ်ပါတယ်။ Line အားလုံးကို ၁ လိုင်းတည်း ဖြစ်သွားစေမှာဖြစ်ပြီး Space တွေအားလုံးကို Space ၁ ခုတည်း လုပ်လိုက်မှာဖြစ်ပါတယ်။
(ဒီဥပမာက တစ်ချို့တဲ့ HTML Code တွေရေးရာမှာဖြစ်တတ်တဲ့ ပြဿနာအချို့ကို ရှင်းထားပါတယ်)။

ယခုစာမျက်နှာမှ ဥပမာများ

HTML စာပိုဒ်များ
HTML စာပိုဒ်တွေ Browser (ဘရောက်ဆာ) View မှာဘယ်လိုပေါ်တယ်ဆိုတာ ရှင်းပြထားပါတယ်။
Line break များ (အောက်သို့တစ်ကြောင်းဆင်းခြင်း)
HTML document တွေမှာ သုံးတဲ့ Line Break အကြောင်းဖြစ်ပါတယ်။
စာကြောင်းပြဿနာများ(Poem ပြဿနာ)
HTML Code တွေအသုံးပြုဖန်တီးရာမှာဖြစ်တတ်တဲ့ အမှားတွေဖြစ်ပါတယ်။

HTML Tag အညွှန်း

ယခု ဝဘ်ဆိုဒ် မှာပါတဲ့ tag အညွှန်း တွေမှာ HTML element တွေ နဲ့ ၎င်းတို့ရဲ့ Attribute တွေ နဲ့ပတ်သက်ပြီး အသေးစိပ်ရှင်းလင်းထားပါတယ်။

Tag အကြောင်းအရာ
<p> စာပိုဒ်အတွက်ဖြစ်ပါတယ်။
<br /> အောက်တစ်ကြောင်းဆင်းရန် single line break အတွက်ဖြစ်ပါတယ်။

  လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

HTML စာသားများ ရေးသားခြင်း

HTML စာသားများ ရေးသားခြင်း


HTML Formatting

ဒါက စာသားအထူပုံစံ bold ဖြစ်ပါတယ်။
ဒါက စာလုံးအကြီးပုံစံ big ဖြစ်ပါတယ်။
ဒီစာသားက အစောင်းပုံစံ italic ဖြစ်ပါတယ်။ This is Computer Output Text.
ဒါက subscript ပုံစံ နဲ့ superscript ပုံစံ ဖြစ်ပါတယ်။

HTML Tag များ (Formatting Tags)

HTML <b> နဲ့ <i> Tag တွေကို စာသားအထူ bold နဲ့ စာသားအစောင်း italic ပုံစံလိုချင်ရင် သုံးပါတယ်။
ဒီ HTML tag တွေကို formatting tag တွေလို့ခေါ်ပါတယ်။
Noteမှတ်ချက် — တစ်ခါတစ်လေမှာ <strong> ကို <b> အစားနဲ့ <em> ကို <i>အစားသုံးတတ်ပါတယ်။ ဒီလို မကွဲမပြားပဲ သုံးနေကြပေမယ့် ဒီ tag တွေကြားမှာ ခြားနားချက်တွေလည်း ရှိနေပါတယ်။
<strong> ဒါမှမဟုတ် <em> ကိုကျတော့ ဝဘ်ဆိုဒ်ရေးသားသူက ဖတ်သူကို ဒီနေရာက အရေးကြီးပါတယ်ဆိုတာပြချင်လို့ သုံးတာဖြစ်ပါတယ်။
ဒီနေ့ Browser (ဘရောက်ဆာ) တော်တော်များများက <strong>ကို <b> နဲ့အတူတူ၊ <em >ကို <i> နဲ့အတူတူ လိုပဲမြင်နေကြပါသေးတယ်။ ဒါပေမယ့် တစ်နေ့မှာ Browser တွေက stong လုပ်ထားတဲ့ Tag တွေကိုပဲ သီးသန့် Highlight ပေးခဲ့ရင်တော့ strong လုပ်မထားရင် hightlight ရတော့မှာမဟုတ်ပါဘူး။
<b> နဲ့<i> တွေက bold နဲ့ italic သီးသန့်အတွက်သုံးတာဖြစ်ပါတယ်။

HTML စာသား Formatting Tag များ

Tag အကြောင်းအရာ
<b> စာသားကို အထူ Bold လုပ်ရန်
<big> စာသားကို အကြီး Big လုပ်ရန်
<em> စာသားကို အထူးပြုတဲ့ပုံစံလုပ်ရန်
<i> စာသားကို အစောင်းလုပ်ရန်
<small> စာသားကို အသေးလုပ်ရန်
<strong> စာသားကို အရေးပါတဲ့ပုံစံ Strong လုပ်ရန်
<sub> စာသားကို အောက်မှာကပ်လျက်ပါတဲ့တန်ဖိုးကိန်းပုံစံ subscript လုပ်ရန်
<sup> စာသားကို ထပ်ကိန်းပုံစံ subscript လုပ်ရန်
<ins> စာသားကို  ထည့် ပုံစံ လုပ်ရန်
<del> စာသားကိုဖျက်ထားတဲ့ပုံစံ လုပ်ရန်

HTML "Computer Output" Tag များ

Tag အကြောင်းအရာ
<code> ကွန်ပြူတာ code ပုံစံတွေလုပ်ရန်
<kbd> keyboard စာသားပုံစံတွေလုပ်ရန်
<samp> နမူနာ ကွန်ပြူတာ code ပုံစံလုပ်ရန်
<tt> လက်နှိပ်စက် စာသားပုံစံလုပ်ရန်
<var> Variable ပုံစံလုပ်ရန်
<pre> preformatted စာသားပုံစံလုပ်ရန်

HTML Citation များ၊ Quotation များနဲ့ Definition Tag များ

Tag အကြောင်းအရာ
<abbr> အတိုကောက်စာလုံးအဖြစ်သုံးရန်
<acronym> စကားလုံး၏ အရှေ့စာလုံးအဖြစ်သုံးရန်
<address> Document  ပိုင်ရှင် ဒါမှ မဟုတ်  ရေးသားသူ ကိုဆက်သွယ်ရန်လိပ်စာ အဖြစ်သုံးရန်
<bdo> စာသား direction အဖြစ်သုံးရန်
<blockquote> ရှင်းလင်းချက်စာပိုဒ်အရှည်အဖြစ်သုံးရန်
<q> ရှင်းလင်းချက်စာပိုဒ်အတိုအဖြစ်သုံးရန်
<cite> အထူးမှတ်ချက်တစ်ခုအဖြစ်သုံးရန်
<dfn> အဓိပ္ပယ်ရှင်းလင်းချက်တစ်ခုအဖြစ်သုံးရန်

  လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

HTML Block များ

HTML Block များ


HTML <div> နဲ့ <span>

HTML element တွေကို <div> နဲ့ <span> တွေနဲ့ အုပ်စုဖွဲ့ထားနိုင်ပါတယ်။

HTML Block Element များ

HTML element အများစုကို block level element တွေ ဒါမှမဟုတ် inline element တွေအဖြစ်သတ်မှတ်ကြပါတယ်။
Block level element တွေကိုမှာ ပုံမှန်အားဖြင့် browser (ဘရောက်ဆာ) မှာပြတဲ့အခါ Line အသစ်တစ်ခုနဲ့ အစပြု (အဆုံးသတ်) ပါတယ်။
ဥပမာများ <h1>, <p>, <ul>, <table>

HTML Inline Element များ

Inline element တွေကတော့ Line အသစ် မဆင်းပဲ ပြသပါတယ်။
ဥပမာများ <b>, <td>, <a>, <img>

 HTML <div> Element

HTML <div> element မှာ အုပ်စုဖွဲ့ခြင်းအတွက် ဒါမှမဟုတ် HTML Element အတွက် Container ပါတဲ့ block level element ဖြစ်ပါတယ်။
<div> element မှာထူးထွေတဲ့ အဓိပ္ပယ်မရှိပါ။ block level element တစ်ခုဖြစ်ပြီး  browser (ဘရောက်ဆာ) မှာပေါ်တဲ့အခါ ၎င်းမတိုင်ခင်ခဲ့ ပြီးနောက်မှာ line break တစ်ခုထားပေးမှာဖြစ်ပါတယ်။
CSS နဲ့တွဲသုံးတဲ့အခါ <div> element ကို Content အများအပြားပါဝင်တဲ့ large Block တွေကို style attribute တွေ setting ချဖို့အတွက်သုံးနိုင်ပါတယ်။
အခြားအသုံးများတဲ့ <div> element ပုံစံမှာ document အတွက် layout ချဖို့ဖြစ်ပါတယ်။ ၎င်းကနည်းလမ်းအဟောင်းဖြစ်တဲ့ ဇယားတွေနဲ့ Layout ချခြင်းကို အစားထိုးလိုက်ပါတယ်။ ဇယားတွေအသုံးပြုခြင်းမှာ <table> element ရဲ့ နည်းလမ်းအမှန် မဟုတ် ပါဘူး။ <table> element ရဲ့ ရည်ရွယ်ချက်က tabular data တွေအတွက်ဖြစ်ပါတယ်။

HTML <span> Element

HTML မှာ <span> element မှာ inline element ဖြစ်ပြီး စာသား အတွက် Container အဖြစ်အသုံးပြုနိုင်ပါတယ်။
<span> element မှာထူးထွေတဲ့ အဓိပ္ပယ်မရှိ။
CSS နဲ့တွဲသုံးတဲ့အခါ <span> element ကို style attribute တွေကို စာသားရဲ့ အစိပ်အပိုင်းအဖြစ် Setup လုပ်ဖို့ သုံးနိုင်ပါတယ်။

လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ 

 


HTML Grouping Tag များ

Tag အကြောင်းအရာ
<div> Div ဖြစ်ပါတယ်။
<span> Span ဖြစ်ပါတယ်။

HTML Style များ - CSS

HTML Style များ - CSS


HTML Style များ - CSS

HTML element တွေကို စတိုင်အမျိုးမျိုးလုပ်ဖို့ CSS (Cascading Style Sheet များ) ကိုသုံးပါတယ်။

စာလုံးပုံစံနဲ့ အရောင်တွေကို ကြည့်ပါ။

This text is in Verdana and red
This text is in Times and blue
This text is 30 pixels high

HTML မှာ CSS သုံးပြီး Style များပြုလုပ်ခြင်း

HTML Element တွေကို ပိုပြီး အဆင်ပြေပြေနဲ့ Style လုပ်နိုင်ဖို့အတွက် CSS ကို HTML 4 နဲ့အတူ စတင်မိတ်ဆက်ခဲ့ပါတယ်။
အောက်မှာပြထားတဲ့ နည်းလမ်းတွေအရ CSS ကို HTML Document ထဲကို ထည့်နိုင်ပါတယ်။
  • Inline - HTML element တွေထဲမှာပဲ styleattribute ကိုအသုံးပြုခြင်း။
  • Internal - <head> section ထဲမှာ <style>element ကိုသုံးပြီးရေးခြင်း။
  • External - ပြင်ပ CSSဖိုင် တစ်ခုရေးပြီးချိတ်ဆက်ခြင်း။
ပြင်ပဖိုင်တစ်ခုစီသီးခြားရေးပြီး HTML ထဲကို ထည့်သုံးဖို့ အကြံပြုချင်ပါတယ်။
ဒီ HTML သင်ခန်းစာ မှာတော့ style attribute ကိုသုံးပြီး CSS ကိုမိတ်ဆက်ပေးလိုက်ပါတယ်။ ဥပမာတွေက ရိုးရှင်းပါတယ်။ Code တွေကလည်း ကိုယ်တိုင်လေ့ကျင့်ဖို့လွယ်ပါတယ်။

Inline Style များ

Inline style ကို ဝဘ်စာမျက်နှာ တစ်ခုရဲ့ လိုချင်တဲ့ အပိုင်းတစ်ခုတည်းအတွက်ပဲသီးခြား style လုပ်ချင်ရင်သုံးသင့်ပါတယ်။
Inline style ကိုသုံးဖို့အတွက် ကို Style လုပ်ချင်တဲ့ Tag မှာ style attribute ကိုသုံးရမှာဖြစ်ပါတယ်။
Style attribute မှာ CSS တန်ဖိုးတစ်ခုခုပါဝင်နိုင်ပါတယ်။ အောက်က ဥပမာမှာ စာသားအရောင်နဲ့ စာပိုဒ်ရဲ့ ဘယ်ဖက် Margin ကိုပြောင်းဖို့အတွက် CSS ကိုဘယ်လိုသုံးထားတယ်ဆိုတာ ကြည့်နိုင်ပါတယ်။

<p style=“color:blue;margin-left:20px;">ဒါကစာပိုဒ်တစ်ခုဖြစ်ပါတယ်</p>

HTML Style ဥပမာ - နောက်ခံအရောင်

နောက်ခံအရောင်တန်ဖိုးက Element တစ်ခုရဲ့ နောက်ခံအရောင်ကို သတ်မှတ်ပါတယ်။

ဥပမာ

<!DOCTYPE html>
<html>
<body style="background-color:yellow;">
<h2 style="background-color:red;">ဒါကခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။</h2>
<p style="background-color:green;">ဒါက စာပိုဒ်တစ်ခုဖြစ်ပါတယ်</p>
</body>
</html>
ဒီနောက်ခံအရောင်တန်ဖိုးက အရင်တုန်းကသုံးခဲ့တဲ့ပုံစံ အတိုင်းပြမှာဖြစ်ပါတယ်။

HTML Style ဥပမာ - Font အမျိုးအစား၊ အရောင်နဲ့ အရွယ်အစား

Font အမျိုးအစား၊ အရောင်နဲ့ အရွယ်အစားတန်ဖိုးတွေက Element တစ်ခုမှာပါတဲ့ စာသားရဲ့ font အမျိုးအစား၊ အရောင်နဲ့ အရွယ်အစား တွေကိုသတ်မှတ်ပါတယ်။

ဥပမာ

<!DOCTYPE html>
<html>
<body>
<h1 style="font-family:verdana;">ခေါင်းစဉ်တစ်ခု</h1>
<p style="font-family:arial;color:red;font-size:20px;">စာပိုဒ်တစ်ခု။</p>
</body>
</html>
ဒီ font အမျိုးအစား၊ အရောင်နဲ့ အရွယ်အစားတန်ဖိုးက သိပ်မသုံးကြတော့တဲ <font> tag အဟောင်း (အရင်တုန်းကသုံးခဲ့တဲ့ပုံစံ) အတိုင်းပြမှာဖြစ်ပါတယ်။

HTML Style ဥပမာ- စာသား Alignment

text-align ရဲ့တန်ဖိုးဟာ Element တစ်ခုရဲ့ စာသားအတွက် ရေပြင်ညီ alignment ကိုအထူးပြုပါတယ်။

ဥပမာ

<!DOCTYPE html>
<html>
<body>
<h1 style="text-align:center;">အလည်ပို့ထားတဲ့ ခေါင်းစဉ်</h1>
<p>စာပိုဒ်တစ်ခုဖြစ်ပါတယ်။</p>
</body>
</html>
text-align တန်ဖိုးက သိပ်မသုံးကြတော့တဲ့ Tag အဟောင်း <center> tag ပုံစံ ဖြစ်ပါတယ်။

Internal Style Sheet ဆိုသည်မှာ?

Internal style sheet ကိုလိုချင်တဲ့ ဝဘ်စာမျက်နှာ တစ်ခုတည်းကိုပဲ သီးခြား style လုပ်ချင်ရင်သုံးသင့်ပါတယ်။ သူ့ကို <head> Section ထဲမှာ <style> Tag ကိုသုံးပြီးရေးရမှာဖြစ်ပါတယ်။

<head>
<style type="text/css">
body {background-color:yellow;}
p {color:blue;}
</style>
</head>

External Style Sheet ဆိုသည်မှာ ?

external style sheet မှာ ဝဘ်စာမျက်နှာ  အများအပြားအတွက် တူညီတဲ့ Style လုပ်နိုင်ဖို့သုံးရတာဖြစ်ပါတယ်။ external style sheet တစ်ခုနဲ့ ဝဘ်ဆိုဒ် တစ်ခုလုံးရဲ့ Style ကိုစာမျက်နှာတစ်ခုတည်းကို ပြင်ရုံနဲ့ ပြောင်းနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဝဘ်စာမျက်နှာ တိုင်းကိုတော့ <link> Tag သုံးပြီး ချိတ်ထားရမှာဖြစ်ပါတယ်။ <link> Tag ကို <head> section ထဲမှာထားရမှာဖြစ်ပါတယ်။
<head>
<link rel="stylesheet" type="text/css" href="mystyle.css" />
</head>

HTML Style Tag များ

Tag အကြောင်းအရာ
<style> Document တစ်ခုအတွက် Style လုပ်ဖို့သုံးပါတယ်။
<link /> Document တစ်ခုနဲ့ ပြင်ပ CSS ဖိုင်တစ်ခုချိတ်ဖို့ သုံးပါတယ်။

Deprecated Tag နဲ့ Attribute များ

HTML 4 မှာ tag အများအပြားနဲ့ attribute တွေများစွာကို Style လုပ်ဖို့သုံးကြပါတယ်။ အဲဒါတွေကို New HTML က လက်မခံပါ ဘူး။
ဒါကြောင့် <font>, <center> နဲ့ <strike> Element တွေနဲ့ အရောင် နဲ့ bgcolor Attribute တွေကိုမသုံးပါနဲ့။
 
လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

HTML ရေးသားသော Tool များ

HTML ရေးသားသော Tool များ



Note pad သို့မဟုတ် Text Editor ကိုသုံးပြီး ရေးသားခြင်း
HTML ကို professional HTML editor တွေသုံးပြီး ဖန်တီးနိုင်ပါတယ်။
  • Adobe Dreamweaver
  • မိုက်ခရိုဆော့ဖ် Expression Web
  • CoffeeCup HTML Editor
Windows ကွန်ပြူတာတွေမှာပါတဲ့ Word, Excel တွေသုံးပြီးလည်း ရေးလို့ရပါတယ်။
ဒါပေမယ့် HTML အခြေခံကိုကိုလေ့လာဖို့အတွက် PC မှာပါတဲ့ Note Pad ဒါမှမဟုတ် Mac မှာပါတဲ့ Text Editor ကိုသုံးပြီးလေ့လာ ရေးသားကြဖို့တိုက်တွန်းချင်ပါတယ်။ ရိုးစင်းတဲ့ editor — Note Pad ကိုသုံးပြီးလေ့လာခြင်းက နည်းလမ်းကောင်းတစ်ခုလို့ယုံကြည်ပါတယ်။
ကိုယ်တိုင် ဝဘ်စာမျက်နှာ တစ်ခုကို Note Pad အသုံးပြုပြီး စတင်ဖန်တီးဖို့အတွက် အောက်ကအချက် (၄) ချက်ကို အခုပဲစတင်လိုက်ပါ။

အဆင့် ၁ — Note pad နဲ့စမယ်။

Note pad ကိုဖွင့်ဖို့အတွက် —
Start Menu ကိုနှိပ်ပါ။
    All Programme ကိုနှိပ်ပါ။
        Accessorie ကိုသွားပါ။
           Note Pad ဆိုတာကိုတွေ့ပါလိမ့်မယ်။ နှိပ်ပြီး ဖွင့်လိုက်ပါ။
search box ကနေလည်း notepad ဆိုပြီးခေါ်နိုင်ပါတယ်

အဆင့် ၂ — Note pad အသုံးပြုပြီး HTML ရေးသားခြင်း

Note Pad 

 အောက်က HTML code တွေကို Note pad ထဲမှာရိုက်ထည့်ပါ။ မှန်အောင်ကြိုးစားပြီးရိုက်ပါ။ မှားခါမှ ချွေးပြန်အောင် အမှားရှာရတာထက်စာရင် တစ်ခါတည်း သေချာရိုက်တာက ပိုကောင်းပါတယ်။
ဒီလိုမျိုးရိုက်ရမှာဖြစ်ပါတယ်။
Note Pad

အဆင့် ၃ — သင်ရေးထားတဲ့ HTML ကိုသိမ်းပါ။

Note pad ရဲ့ ဖိုင် menu က Save as...ကိုရွေးပါ။
HTML ဖိုင် တစ်ခုကို သိမ်းတဲ့နေရာမှာ .htm ဒါမှ မဟုတ်   .html ဖိုင် extension တွေသုံးပြီး သိမ်းနိုင်ပါတယ်။ အဲဒီ့နှစ်ခုက ဘာမှမကွာပါဘူး။ သင့်အကြိုက်အပေါ်မှာပဲမှုတည်ပါတယ်။
သင်မှတ်မိလွယ်တဲ့ နာမည်တစ်ခုပေးပါ။ ဖိုင် Name နောက်မှာတော့ .html ဒါမှ မဟုတ် .hml ပါရပါမယ်။

အဆင့် ၄ — သုံးနေကျ Browser (ဘရောက်ဆာ) မှာ ဖွင့်ကြည့်ပါ။

သင်သုံးနေကျ Web browser (ဘရောက်ဆာ) တစ်ခုကိုဖွင့်လိုက်ပါ။ ပြီးရင် သူ့မှာပါတဲ့ ဖိုင် Menu ကတဆင့် Open menu ကိုဖွင့်ပြီး သင်ရေးထားတဲ့ HTML ဖိုင် ကို Double Click နှိပ်ပြီးဖွင့်ပါ။
အောက်မှာပြထားတဲ့အတိုင်းပေါ်ပါလိမ့်မယ်။
Result
ဒီစမ်းသပ်လေ့ကျင့်မှုက HTML မှာ လေ့ကျင့်သင့်တဲ့ သင်ခန်းစာပေါင်းများစွာရဲ့ အစဖြစ်ပါတယ်။ အပေါ်မှာ ရှင်းပြထားတဲ့အတိုင်း လိုက်လုပ်ရင် အဆင်ပြေမယ်ထင်ပါတယ်။



  http://www.soemoeaung.com
လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ