Sunday, 1 June 2014

လတ်တလော ဖြစ်နေတဲ့ ဖွင့်တာနဲ့ helperblogger.com ကိုရောက်သွားတဲ့ ဘလော့ကာ ပြဿနာ ဖြေရှင်းနည်း

လတ်တလော ဖြစ်နေတဲ့ ဖွင့်တာနဲ့ helperblogger.com ကိုရောက်သွားတဲ့ ဘလော့ကာ ပြဿနာ ဖြေရှင်းနည်း

အားလုံး မင်္ဂလာပါနော်   သည်နေ့ လတ်တလော ဖြစ်လာတဲ့ ဘလော့ကာတွေ ၀င်တာနဲ့ အပေါ်ကပုံလို ဆိုဒ်လင့် ချိန်းသွားတဲ့ပြဿနာလေးတစ်ခုကို ဖြေရှင်းလိုက်ပါတယ်... ဒါလေးကတော့ ပြောရရင် အပြစ်တင်လည်းခံရမှာပါ  ကျနော် တင်ခဲ့တဲ့  dropdown menu အလွယ်ကူဆုံးထည့်မယ် ဆိုတဲ့ ပို့စ်လေးကနေ ပြသနာ စခဲ့တာဘဲဖြစ်ပါတယ်.....
      ပြုပြင်နည်း     
===========
မိမိတို့ဘလော့မှာ ကျနော့်ဆီက dropdown menu ထည့်ထားတဲ့ ကုဒ်တွေကို edit ကနေပြန်ဝင်လိုက်ပါ ပြီးတာနဲ့
အဲထဲကကျနော် ပေးထားတဲ့ ကုဒ်မှာ လိပ်စာလေးတစ်ခု မချိန်းမိလိုက်တဲ့အတွက် ဖြစ်ရတာပါ
<script src='http://code.helperblogger.com/dd-level-menu.js'
type='text/javascript'></script>
အပေါ်ဆုံးက ကုဒ်တွေ ထဲက အဲအနီရောင်ပြထားတဲ့  ကုဒ်ဖြစ်တဲ့   http://code.helperblogger.com  နေရာမှာ မိမိတို့ဘလော့လိပ်စာ ထည့်ပေးလိုက်ပါနော်..ဒါဆို ပုံမှန်ပြန်ကောင်းလာမှာဖြစ်ပါတယ်...
ကျနော့်ရဲ့ ပေါ့ဆမှုကြောင့် ခုလို ဖြစ်ရတာ နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ...
အခက်ခဲရှိလို့ မလုပ်တတ်ပါက 
aungaungmks@gmail.com မှာအပ်ပြီးအကူညီတောင်းနိုင်သလို 
https://www.facebook.com/aungs3  မှာလည်းလာရောက် ပြောနိုင်ပါတယ်နော်
 
လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

Blogger Dropdown Menu ကိုအရိုးရှင်းဆုံးနဲ့ အလှပဆုံးလေး ဖန်တီးမယ် ( လန်းမှလန်း )


Blogger Dropdown Menu ကိုအရိုးရှင်းဆုံးနဲ့ အလှပဆုံးလေး ဖန်တီးမယ် ( လန်းမှလန်း )

မင်္ဂလာပါ  သည်နေ့တင်တဲ့ နည်းလမ်းလေးကတော့... ဘလော့ကာတိုင်း စိတ်ဝင်တစား ရှိတတ်ကြတဲ့
Menu ဆိုတဲ့ ခေါင်းစဉ် တစ်ခုပါဘဲ... ခုခေတ်စားနေတာက menu တွေကို dropdown လေးတွေနဲ့
ဖန်တီးကြတာပါဘဲ... သည်နေရာမှာ  အော်တိုပါတဲ့ တက်ပလက်တွေ သုံးတဲ့ခါ ပြဿနာ မရှိပေမယ့်
မူရင်းတက်ပလက်ကို သုံးကြတဲ့သေူတွအတွက်တော့ အရမ်း အခက်တွေ့စေပါတယ်...
နည်းလမ်းတွေများစွာ ရှိပါတယ်  ဒါပေမယ့် ကျနော့် အေတွ့အကြုံအရ မူရင်းတက်ပလက်တွေမှာ
ထည့်ယူ၇တဲ့ dropdown menu တွေ အတော်များများအဆင်မပြေတာ တွေ့ရတယ်... တင်လိုက်ရင်
dropdown တွေက တက်ပလက် အထဲဝင်နေတာ တွေ ဖြစ်တတ်ပါတယ်...သည်နည်းလမ်းလေးကတော့
ဘလော့ကာ စလုပ်တဲ့ သူတွေအတွက် ပိုအသုံးဝင်ပါတယ်... လွယ်ကူလို့ပါ...ကဲ အောက်မှာ ထည့်နည်းနဲ့
တင်ပေးလိုက်ပါတယ်နော်... လိုအပ်တဲ့ ကုဒ်တွေကို ယူပြီးသုံးလိုက်ပါ...
သည်ထဲမှာ dropdown menu အရေအတွက် ( ရ ) ခုထိ လုပ်ပေးထားပါတယ်...မလိုအပ်ရင် ဖြုတ်နိုင်သလို လိုအပ်ရင် ထပ်တိုးနိုင်ပါတယ်... အဆင်မပြေတာရှိ ချက်ဘောက်မှာ စာချန်ခဲ့ပါ..
စမယ်နော်.....


   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ



          

ကုဒ်ထဲက အမည်တွေကို စိတ်ကြိုက် ပြုပြင် နိုင်ပါတယ်နော်  ထည့်တဲ့အခါမှာ မျက်စိလည်ပါ့မယ်...
ပင်မ ခေါင်းစဉ် အမည်နဲ့ သူ့ရဲ့ ခေါင်းစဉ် အပွါးတွေက တနေရာတည်းရှိမနေပါဘူးနော်... အဲတာလေးသတိပြု စေလိုပါတယ်....

လင့်ချိတ်ဖို့ကတော့   labels တွေထည့်ပေးရပါမယ်  ထည့်နည်းမသိပါက  သည်မှာ   လေ့လာပါ
ထည့်ပြီး  လေဘယ်တွေနဲ့  မိမိတပ်ထားသော ခေါင်းစဉ် လင့်ချိတ် နည်းမသိပါက  သည်မှာ  လေ့လာပါ


                          လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

Blog မှာနေ့ စဉ်လာရောက်လည်ပတ်တဲ့ လူဦးရေသိနိုင်ဖို့ Visitor Counter ထည့်နည်း

Blog မှာနေ့ စဉ်လာရောက်လည်ပတ်တဲ့ လူဦးရေသိနိုင်ဖို့ Visitor Counter ထည့်နည်း



http://www.99counters.com/  ကို နှိပ်လိုက်ပါ

Sing Up နှိပ်ပြီး Email နဲ့  Password ထည့်လိုက်ပါ

ရလာတဲ့ Code တွေကို  Add a Gadget ကနေ Html-Java မှာထည့်ပါ

ဒါဆို ကောင်တာ ထည့်တာ အဆင်ပြေပါပြီ အလွယ်ဆုံး အမြန်ဆုံးပါ


                            လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

လတ်တလော ရေးတင်လိုက်တဲ့ပိုစ်တွေကို Plain Slide လုပ်နည်း ( လန်း၏ )

လတ်တလော ရေးတင်လိုက်တဲ့ပိုစ်တွေကို Plain Slide လုပ်နည်း ( လန်း၏ )


ဒီဟာလေးကတော့ ဘလော့ဂါတို့ အတွက် အဆင်ပြေစေတဲ့ နည်းလမ်းလေးတစ်ခုပါ

လတ်တလော  ရေးတင်ထားတဲ့  ပိုစ်တွေကို  စာဖတ်လာသူတွေ  အလွယ်တကူ ရှာဖို့ 

ဖတ်နိုင်စေဖို့  ပြုလုပ်ပေးတဲ့နည်းပါ Slide Showပုံစံလေးနဲ့  ရှင်းလင်းမြင်သာစေတယ်

လုပ်ရတာလည်း 3ဆင့်ထဲမလို့  အရမ်းလွယ်ပါတယ်..လိုအပ်သူများ သုံးကြည့်ပါ......။


 ဒီလင့်မှာ သွားလုပ်ပါ  - http://www.surfing-waves.com/ Recent Post Slide

ကျနော့်ဆိုဒ် မလေးရှားသတင်းအောက်မှာ တင်တဲ့ပုံစံလိုချင်ရင် ကုဒ်ယူထည့်လိုက်


<!-- start sw-rss-feed code -->
<script type="text/javascript">
<!--
rssfeed_url = new Array();
rssfeed_url[0]="http://www.zwmnna.com"; 
rssfeed_frame_width="250";
rssfeed_frame_height="450";
rssfeed_scroll="on";
rssfeed_scroll_step="6";
rssfeed_scroll_bar="off";
rssfeed_target="_blank";
rssfeed_font_size="12";
rssfeed_font_face="";
rssfeed_border="on";
rssfeed_css_url="";
rssfeed_title="on";
rssfeed_title_name="";
rssfeed_title_bgcolor="#3366ff";
rssfeed_title_color="#fff";
rssfeed_title_bgimage="http://";
rssfeed_footer="off";
rssfeed_footer_name="rss feed";
rssfeed_footer_bgcolor="#fff";
rssfeed_footer_color="#333";
rssfeed_footer_bgimage="http://";
rssfeed_item_title_length="50";
rssfeed_item_title_color="#55a0ff";
rssfeed_item_bgcolor="#fff";
rssfeed_item_bgimage="http://";
rssfeed_item_border_bottom="on";
rssfeed_item_source_icon="off";
rssfeed_item_date="off";
rssfeed_item_description="on";
rssfeed_item_description_length="120";
rssfeed_item_description_color="#666";
rssfeed_item_description_link_color="#333";
rssfeed_item_description_tag="off";
rssfeed_no_items="0";
rssfeed_cache = "aa502251a6f1660ab0f1217d49c73284";
//-->
</script>
<script type="text/javascript" src="http://feed.surfing-waves.com/js/rss-feed.js"></script>
<!-- The link below helps keep this service FREE, and helps other people find the SW widget. Please be cool and keep it! Thanks. -->
<div style="text-align:right; width:180px;"><a href="http://www.surfing-waves.com" target="_blank" alt="www.surfing-waves.com"><img src="http://img.surfing-waves.com/images/swlogo.png" border="0" alt="surfing waves" /></a><a href="http://www.surfing-waves.com/feed.htm" target="_blank" style="color:#ccc;font-size:10px">feedwidget</a></div>
<!-- end sw-rss-feed code -->


                                လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

မိမိတို့ ရဲ့ ကိုယ်ပိုင်ဝက်ဆိုဒ်လေးတွေမှာ MYMC မြန်မာရေဒီယိုထည့်ချင်ရင်

မိမိတို့ ရဲ့ ကိုယ်ပိုင်ဝက်ဆိုဒ်လေးတွေမှာ MYMC မြန်မာရေဒီယိုထည့်ချင်ရင်


ဒီနည်းကတော့ ဘလော့ရေးတဲ့သူတွေ အတွက်ပါ မေးတဲ့သူတွေကိုတော့ ချက်

တင်ထဲကနေ ပို့ ပေးပီးပါပြီ နောက်လိုအပ်သူများ ရယူနိုင်ဖို့  ဘလော့ထဲမှာတင်

ထားလိုက်ပါတယ် ဘလော့ရေးနေရင်း အဖြူရောင်သံစဉ်က လွှင့်တဲ့ သီချင်းများ

ကို အလွယ်တကူ နားဆင်နိုင်မှာဖြစ်ပါတယ် လိုင်းက လွှင့်တာဆိုတော့ လာချင်

တာလာတာ တစ်ခါတလေ ပရိတ်သတ် တောင်းဆိုတာတွေလည်း လာနေတာ

ဘယ်သူက ဘယ်သူ့ အတွက် ဒီသီချင်းလေးကို တောင်းဆိုထားတာပါ ဘာညာ

ပြောနေတာပဲ ကြိုက်တာရွှေးဖွင့်နေရတာထက်စာရင် ၀က်ဆိုဒ်မှာ ထည့်ထား

တော့ စာဖတ်သူများ လာရင်လည်း နားထောင်ရတာပေါ့ နားမထောင်ချင်လည်း

ပိတ်ထားလို့ ရပါတယ် အခြေခံဝါသနာရှင်လေးများ  အဆင်ပြေနိုင်ကြပါစေ.....။

အောက်က ကုဒ်တွေ ယူထည့်လိုက်ပါ ။


<a href="http://radio.mymclub.net"><img src="http://www.mymclub.net/main/images/misc/mymcradio_logo.png" border="0" alt="MYMC Radio" title="Go to MYMC Radio page" width="240" height="50" style="border: 0pt none; align:center;" /></a><iframe style="border:none;"src="http://www.mymclub.net/main/specialprogram/temp/radio_stats_2.php" width="px;"></iframe><object style="width: 300px; height: 45px;" classid="clsid:6bf52a52-394a-11d3-b153-00c04f79faa6" width="300" height="45" codebase="http://activex.microsoft.com/activex/controls/mplayer/en/nsmp2inf.cab#Version=5,1,52,701"><param name="url" value="http://radio.mymclub.net" /><param name="src" value="http://radio.mymclub.net" /><embed style="width: 300px; height: 40px;" type="application/x-mplayer2" width="300" height="45" src="http://radio.mymclub.net" url="http://radio.mymclub.net"></embed></object>

                            လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စု

ဘလော့မှာ ချက်ဘောက်(C box ) ထားခဲ့တယ်ဆိုရင်ဂရုစိုက်ရမှာလေးက

ဘလော့မှာ ချက်ဘောက်(C box ) ထားခဲ့တယ်ဆိုရင်ဂရုစိုက်ရမှာလေးက



ဒီနည်းလေးကတော့    ဘာရယ်မဟုတ်ပါဘူး    ဘလော့ရေးပီး   ချက်ဘောက်
(cbox) ထားတဲ့    အခြေခံပညာသင်   ၀ါသနာတူလေးတွေကို      မျှဝေတာပါ
မိမိရဲ့ဘလော့မှာ ချက်ဘောက်ထားခဲ့ရင် အဲ့ချက်ဘောက်ကိုဝင်တဲ့   အကောင့်
လေးကို မပျောက်ပျက်အောင် မှတ်ထားစေချင်တာပါပဲ ဘာလို့ လည်းဆိုတော့
တချို့ သောလူများက အများမဖတ်သာတဲ့  စကားလုံးရိုင်းရိုင်းတွေနဲ့  ရေးလာခဲ့
သည်ရှိသော်  မက့်ဆေ့တွေကို ပြန်ဖျက်ဖို့ နဲ့ မရေးလိုသူများကို  နောက်တစ်ခါ
မရေးအောင် ဘန်းဖို့ ပါ  ရေးတဲ့သူရဲ့  IP ကိုဘန်းထားရင် နောက်တစ်ခါ ရေးဖို့ 
မလွယ်တော့ဘူးပေါ့ ရအောင်ရေးမယ်  ဆိုလည်း ရေးလို့ ရပါတယ်  ဒါပေမယ့်
သောမခတ်ထားတောင်  တခါးလေး  စေ့ထားဖို့   လိုလို့ ပါ  အရှင်းဆုံးကတော့
မလိုအပ်တဲ့  မက်ဆေ့တွေကို  ပြန်ဖျက်ချင်ရင်သုံး ဖို့ လိုပါတယ်  အခြေခံပညာ
သင်ဝါသနာတူလေးတွေ သတိမမူပဲ မေ့နေမှာစိုးလို့ သတိပေးရချင်းပါ ကျနော့
ဘလော့မှာလည်း လာရေးတယ် အများထိခိုက်တဲ့  စကားတစ်ခုပေါ့ ဟိုးတစ်ခါ
ကပါ (လူတွေကသာ စီးပွားရေးတက္ကသိုလ်ကပြီးတာ စိတ်တွေကအ၀ီစိရောက်
နေတယ်တဲ့)အဲ့တော့ကျနော် အပါအ၀င် ဘလော့မှာ လာရေးတဲ့သူရဲ့  ကွန်မန့် 
ကိုပါထိခိုက်နေလေရဲ့ ရေးတဲ့သူကတစ်ယောက်ထဲပဲ နာမည်သာပြောင်းတာIP
ကတူနေတယ် အဲ့တော့ဗျာ သတိလေး ထားတော့ကောင်းတာပေါ့ဗျာ.ကွန်မန့် 
ဆိုတာက ပိတ်ထားလို့ ရတယ်  တက်လာလည်း ဖျက်လို့   လွယ်တယ်လေဗျာ
ချက်ဘောက်ကတော့ အကောင့်မေ့သွားရင်  တေဘီဆရာဘဲ    ချက်ဘောက်
အသစ်ပြန်လုပ်  အဟောင်း ၀ဲလိုက် နာမည်ကြီးတဲ့သူတွေကို   ပြောချင်တာပါ
လူတွေဆိုတာ ပြောရတော့ခက်သားဗျ ပြောရခက်လို့     မပြောတော့ပါဘူးဗျာ
သတိလေးထားတော့  ကောင်းတာပေါ့  တချို့ ဆိုဒ်တွေမှာ   မကြားဝံမနာသာ
တွေရေးထားတာ  တွေ့ ရလို့    ဒီပို့ စ်လေးကို  အခြေခံပညာသင်  ၀ါသနာတူ
သူငယ်ချင်းတွေ အတွက်ရော သိပီးသားလူတွေ သတိမေ့နေမှာ စိုးတဲ့အတွက့်
ကြောင့်  သတိပေးရချင်းသာဖြစ်ပါကြောင်း......။
                         

                              လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ

Cbox (ချက်ဘောက်)ရှိသူ သတိထား( သေသေချာချာဖတ်ပါ ဘလော့ဂါများ)

Cbox (ချက်ဘောက်)ရှိသူ သတိထား( သေသေချာချာဖတ်ပါ ဘလော့ဂါများ)



ဒီနည်းလေးကို သေသေချာချာ ဖတ်ခိုင်းတာကတော့ သေသေချာချာသိစေချင်လို့ ပါ

ဆိုတော့ကာ ကျနော်အထက်မှာ တင်ပြခဲ့သလိုဘဲ ချက်ဘောက်လေးရှိရင် လူတွေရေး

တဲ့ မက်ဆေ့လေးတွေ ထားခဲ့တဲ့ပုံလေးတွေ မမိမိတို့ ရဲ့ စီပုံးထဲမှာ ကျန်နေတာမြင်လား

ဆိုတော့ကာ ကျနော်ပြောချင်တာက ချက်ဘောက်မှာ စာရေးသားတဲ့သူ ဘယ်နိုင်ငံက

လဲ ဘယ်သူလဲဆိုတာထက် ဘယ်ကလဲ သေသေချာချာ မသိချင်ကြဘူးလား  သိချင်ပါ

တယ် သိချင်ပါတယ်(ကိုယ့်ဟာကို ထောက်ခံတာ) ဆိုတော့ကာ ဘယ်လိုလုပ်ကြမလဲ

လွယ်ပါတယ် ရေးတဲ့သူရဲ့ IP ကိုရှာ IP location Countery ကို ချက်ချင်းသိနိုင်ပါတယ်

ဘယ်မှာရှာမလဲဆိုတော့ ချက်ဘောက်အကောင့်ထဲကိုဝင်ရမှာ ။ချက်ဘောက်ထားရင်

ချက်ဘောက်အကောင့် ၀င်တဲ့နည်းသိမှာပါဖလမ်းဖလမ်းထအောင်အရုပ်တွေထည့်တဲ့

သူတွေဆိုပိုသိမှာပါ သိမှာလည်းရမှာနော မလိုလားအပ်တဲ့မက်ဆေ့လေးတွေပြန်ဖျက်

ဖို့ ။ အဲ့မှာ ချက်ဘောက်အကောင့်ထဲကိုဝင် ဒီလင့်ကနေ၀င် http://cbox.ws/admin

ကျနော်ပေးတဲ့ လင့်ကနေ၀င်လိုက်ရင် ခင်ဗျားတို့ ချက်ဘောက်မှာ ရေးထားတဲ့သူတွေ

ရဲ့ Message လေးတွေကိုမြင်ရမှာ အဲ့မှာ ရေးတဲ့သူရဲ့ IP ပါတယ် အဲ့တာကိုယူပြီးတော့

ရှာလိုက်ရင် ဒီလူ ဘူလဲ ဘယ်ကလဲ ဘယ်နိုင်ငံကလဲ မလေးကလား စလုံးကလား လို့ 

(မလေးကုလား၊ စလုံး ကုလားလို ဖတ်နဲ့ နော်) ချက်ချင်းသိပါတယ် ။အနီးဆုံးသူနေတဲ့

မြိုကိုပါ သိပါတယ်။ မြေပုံနဲ့ ကွက်တိပေါ်လာပေးတယ် ကျနော်ဆို ချက်ဘောက်ထဲရေး

တဲ့သူတွေ သိချင်တာပေါ့နော်။ ဘယ်ကပါလိမ့် ။ဘလော့ဂါတွေထဲမှာလည်း ရှိပါတယ်

မမလမင်းငယ်(ရှာကြည့်တော့ USA) (မမအင်ဂျယ်လှိုင်း Aust) ဦးလေးကြီးညီညီ က

မလေးရှား။အမြဲတမ်းလိုလို ကိုယ်မသိတဲ့သူဆို စစ်စစ်ကြည့်တာလေ။ အဲ့ကြောင့်မျှဝေ

လိုက်တယ် ။သိချင်တဲ့သူ စစ်ကြည့်။ မောင်တလုံး ဘယ်ကလဲ(ဟဲဟဲ) ။ ဒီလိုနည်းတွေ

ကကြာနေပါပြီ ။ဘာရယ်မဟုတ် တင်စရာမရှိလို့ ရေးလိုက်တာ သိနေပီ  ဆိုရင်လည်း

ဆောတီးနော..စပ်စုတာဝါသနာပါသူတွေအတွက်ကတော့ ဘဲထီး Good ဘဲမ Good

ပဲဗျာ ကဲသိချင်ရင် စစ်ကြ မရေးစေချင်ရင်လည်း Ban ကြ တားတားတော့ မဘမ်းကြ

ပါနဲ့ နော် ဘမ်းလိုက်ရင် ချက်ဘောက်မှာ လာရေးလို့ မရတော့ဘူး ။ ဆိုတော့ကာ..

ကျနော် ခုနက ပြောသလိုပဲ ဒီကိုသွားလိုက်ပါ  www.ipaddresslocation.org
                                လူကြီးမင်း(ကော့သောင်း)နည်းပညာမှတ်စုများ